YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောနဝတ္ထု 3

3
ယောနဟစ်ကြော်ဟောပြောခြင်း
1ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယောန​ထံသို့ ဒုတိယအကြိမ် ရောက်လာ​ပြီး 2“သင်​ထ​၍ နိနေဝေ​မြို့​ကြီး​သို့ သွား​လော့​။ ငါ​မိန့်မှာ​သော​သတင်းစကား​များ​ကို ထို​မြို့​အား ပြောကြား​လော့”​ဟု မိန့်ဆို​၏​။ 3ထိုအခါ ယောန​သည် ထ​၍ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း နိနေဝေ​မြို့​သို့ သွား​လေ​၏​။
နိနေဝေ​မြို့​သည် အလွန်ကြီး​သော​မြို့​ဖြစ်​၍ သုံး​ရက်​ခရီး​အကျယ်အဝန်း​ရှိ​၏​။ 4ယောန​သည် မြို့​ထဲသို့​တစ်​ရက်​ခရီး​သွား​ပြီးလျှင် ရပ်​လျက် “​နောက်ထပ်​ရက်​လေးဆယ်​ကြာ​လျှင် နိနေဝေ​မြို့ကြီး ဖြိုလှဲ​ခံရ​လိမ့်မည်​”​ဟု ဟစ်ကြော်​လေ​၏​။ 5ထိုအခါ နိနေဝေ​မြို့သား​တို့​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် အစာရှောင်​ရာ​နေ့​ကို ကြေညာ​ပြီးလျှင် အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် လျှော်တေအဝတ်​ကို​ဝတ်​ကြ​၏​။
6နိနေဝေ​ဘုရင်​သည် ထို​အကြောင်း​ကို​ကြား​သောအခါ ရာဇပလ္လင်​ပေါ်မှ​ဆင်း​ပြီး မင်းဝတ်တန်ဆာ​ကို​ချွတ်​ကာ လျှော်တေအဝတ်​ကို​ခြုံ​၍ ပြာပုံ​တွင် ထိုင်​လေ​၏​။ 7ထို့နောက် ရှင်ဘုရင်​သည် မင်းအရာရှိ​တို့​နှင့်​တိုင်ပင်​ပြီး နိနေဝေ​မြို့​တစ်မြို့လုံး​သို့ ကြေညာ​သည်​မှာ “လူ​မှစ၍ တိရစ္ဆာန်​များ​ဖြစ်​သော သိုး​နွား​တို့​သည် မည်သည့်​အစာ​ကို​မျှ မ​မြည်း​ရ​။ မ​စား​ရ​။ ရေ​လည်း​မ​သောက်​ရ​။ 8လူ​မှစ၍ တိရစ္ဆာန်​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ ဘုရားသခင်​ထံ စိတ်ပါလက်ပါ​နှင့်​ဆုတောင်း​ကြ​စေ​။ လူတိုင်း မိမိ​ပြု​သော​မကောင်းမှု​များ​၊ ရက်စက်ကြမ်းကြုတ်မှု​များ​ကို ရှောင်ကြဉ်​ကြ​စေ​။ 9သို့ပြုလျှင် ဘုရားသခင်​သည် ငါ​တို့​ကို မ​ဖျက်ဆီး​ဘဲ စိတ်​တော်​ပြောင်းလဲ​၍ အမျက်​တော်​ပြေ​မည်​၊ မ​ပြေ​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း”​ဟူ၍ ဖြစ်​၏​။
10သူ​တို့​ပြုကျင့်​သည့်​မကောင်း​သော​လမ်း​မှ​ပြန်​လှည့်လာ​ကြ​ကြောင်း သူ​တို့​၏​အပြုအမူ​များ​ကို ဘုရားသခင် မြင်​သောအခါ စိတ်​တော်​ပြောင်းလဲ​၍ သူ​တို့​အပေါ်​ဘေးဆိုး​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​သည်​ကို ပြန်​ရုပ်သိမ်း​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောနဝတ္ထု 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ