YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 8

8
တဲတော်တွင်ဆီမီးထွန်းညှိခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​မီးခွက်​များ​ကို ထွန်းညှိ​သောအခါ မီးခွက်​ခုနစ်​လုံး​သည် ဆီမီးခုံ​၏​ရှေ့ဘက်​၌ လင်း​နေ​ရ​မည်​ဟူ၍ အာရုန်​အား ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ 3မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​သည် ဆီမီးခုံ​၏​မီးခွက်​များ​ကို ဆီမီးခုံ​၏​အရှေ့​ဘက်​သို့ လှည့်ထား​လေ​၏​။ 4ဆီမီးခုံ​ကို ဤသို့​ထုလုပ်​ထား​၏​။ မောရှေ​အား ထာဝရဘုရား​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ဆီမီးခုံ​ကို ဆီမီးခုံတိုင်​မှစ၍ ပွင့်ဖတ်​အထိ ရွှေ​ဖြင့်​ထုလုပ်​ထား​၏​။
လေဝိအမျိုးသားတို့ကို စင်ကြယ်စေခြင်း
5တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
6“​အစ္စရေး​အမျိုးသား​တို့​ထဲ​မှ လေဝိ​အမျိုး​တို့​ကို ခေါ်လာ​၍ သူ​တို့​ကို စင်ကြယ်​အောင်​ပြု​လော့​။ 7သူ​တို့​စင်ကြယ်​အောင် ဤသို့​ပြု​ရ​မည်​။ သူ​တို့​အပေါ် စင်ကြယ်​စေ​ခြင်း​ဆိုင်ရာ​ရေ​ကို ဖျန်း​ရ​မည်​။ သူ​တို့​သည် တစ်ကိုယ်လုံး​ရှိ​အမွေး​များ​ကို​ရိတ်​ပြီး အဝတ်​များ​ကို လျှော်​ခြင်း​ဖြင့် မိမိကိုယ်မိမိ စင်ကြယ်​စေ​ရ​မည်​။
8သူ​တို့​သည် နွားထီး​ပျို​တစ်​ကောင်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​ကို ယူဆောင်​လာ​ရ​မည်​။ သင်​သည်​လည်း အပြစ်ဖြေရာယဇ်​အတွက် နွားထီးပျို​နောက်​တစ်​ကောင်​ကို ယူလာ​ရ​မည်​။ 9တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ လေဝိ​အမျိုး​တို့​ကို​ခေါ်ဆောင်​လာ​၍ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ကို​လည်း စုရုံး​စေ​ရ​မည်​။ 10လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​သည် လေဝိ​အမျိုး​တို့​အပေါ် လက်​ကို တင်​ရ​မည်​။ 11အစ္စရေး​အမျိုးသား​တို့​ထဲ​ရှိ လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။ 12လေဝိ​အမျိုး​တို့​သည် မိမိ​တို့​၏​လက်​ကို နွားထီးပျို​တို့​၏​ခေါင်း​ပေါ်၌​တင်​ရ​မည်​။ လေဝိ​အမျိုး​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။
13သင်​သည် လေဝိ​အမျိုး​တို့​ကို အာရုန်​နှင့်​သူ့​သား​တို့​၏​ရှေ့​၌​ရပ်​စေ​၍ သူ​တို့​ကို ထာဝရဘုရား​ထံ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။ 14ဤသို့ဖြင့် သင်​သည် အစ္စရေး​အမျိုးသား​တို့​တွင် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ငါ​ပိုင်ဆိုင်​ရာ​ဖြစ်​ကြ​ရ​လိမ့်မည်​။ 15ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် အမှု​တော်​ထမ်းဆောင်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့​ဝင်​ရ​မည်​။ သင်​သည် သူ​တို့​ကို စင်ကြယ်​စေ​၍ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။ 16အကြောင်းမူကား သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထဲ​မှ​ရွေးကောက်​၍ ငါ့​အား လုံးလုံး​ပေးအပ်​ထား​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​တွင် သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​ရှိသမျှ​တို့​အစား သူ​တို့​ကို ငါ့​အတွက် ငါ​ရွေးယူ​ပြီ​။ 17အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားဦး​ရှိသမျှ​တို့​ကို ငါ​ပိုင်​၏​။ အီဂျစ်​ပြည်​၌ သားဦး​အပေါင်း​တို့​ကို ငါ​ဒဏ်ခတ်​သော​နေ့​တွင် သူ​တို့​ကို ငါ့​အတွက် ငါ​သန့်ရှင်း​စေ​ခဲ့​၏​။ 18အစ္စရေး​အမျိုးသား​တို့​ထဲမှ သားဦး​အားလုံး​အစား လေဝိ​အမျိုး​တို့​ကို ငါ​ရွေးယူ​ပြီ​။ 19အစ္စရေး​အမျိုးသား​တို့​အတွက် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်း​ရန်​နှင့် အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ငါ​သည် အစ္စရေး​လူမျိုး​ထဲမှ လေဝိ​အမျိုး​ကို အာရုန်​နှင့်​သူ့​သား​တို့​အား လုံးလုံး​ပေးအပ်​ထား​ပြီ​။ သို့မှ အစ္စရေး​အမျိုးသား​တို့ သန့်ရှင်းရာဌာန​သို့​ချဉ်းကပ်​သောအခါ ဘေးဒဏ်​မ​ကျရောက်​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။
20ထိုသို့ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် လေဝိ​အမျိုး​တို့​အား ပြု​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။ 21လေဝိ​အမျိုး​တို့​သည် မိမိကိုယ်မိမိ​သန့်စင်​အောင်​ပြု​၍ မိမိ​တို့​၏​အဝတ်​များ​ကို​လျှော်​ပြီး​သောအခါ အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​လေ​၏​။ အာရုန်​သည် သူ​တို့​စင်ကြယ်​စေရန် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​လည်း​ပြု​လေ​၏​။ 22ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​နှင့်​သူ့​သား​တို့​ရှေ့​သို့ လာ​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။
23တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
24“​လေဝိ​အမျိုး​တို့​တွင် အသက်​နှစ်ဆယ့်​ငါး​နှစ်​အရွယ်​နှင့်​အထက်​ရှိ​သော​သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​တော်​ကို ဝင်ရောက်​ထမ်းဆောင်​ရ​မည်​။ 25အသက်​ငါးဆယ်​အရွယ်​ရောက်​လျှင် အမှု​တော်​ထမ်းဆောင်​ခြင်း​မှ အနားယူ​ရ​မည်​။ အမှု​တော်​ထမ်းဆောင်​ရန်​မ​လို​တော့​ပေ​။ 26တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​မိမိ​ညီအစ်ကို​တို့​၏​တာဝန်​ကို ကူညီ​စောင့်ထိန်း​ပေး​နိုင်​သော်လည်း ကိုယ်တိုင်​လုပ်စရာ​မ​လို​ပေ​။ ထိုသို့ လေဝိ​အမျိုး​တို့​အား သူ​တို့​နှင့်ဆိုင်သော​တာဝန်​တို့​ကို သင်​စီရင်​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ