တောလည်ရာကျမ်း 8
8
တဲတော်တွင်ဆီမီးထွန်းညှိခြင်း
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ 3မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် ဆီမီးခုံ၏မီးခွက်များကို ဆီမီးခုံ၏အရှေ့ဘက်သို့ လှည့်ထားလေ၏။ 4ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။
လေဝိအမျိုးသားတို့ကို စင်ကြယ်စေခြင်း
5တစ်ဖန် ထာဝရဘုရားက မောရှေအား
6“အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ခေါ်လာ၍ သူတို့ကို စင်ကြယ်အောင်ပြုလော့။ 7သူတို့စင်ကြယ်အောင် ဤသို့ပြုရမည်။ သူတို့အပေါ် စင်ကြယ်စေခြင်းဆိုင်ရာရေကို ဖျန်းရမည်။ သူတို့သည် တစ်ကိုယ်လုံးရှိအမွေးများကိုရိတ်ပြီး အဝတ်များကို လျှော်ခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ်စေရမည်။
8သူတို့သည် နွားထီးပျိုတစ်ကောင်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်ကို ယူဆောင်လာရမည်။ သင်သည်လည်း အပြစ်ဖြေရာယဇ်အတွက် နွားထီးပျိုနောက်တစ်ကောင်ကို ယူလာရမည်။ 9တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ လေဝိအမျိုးတို့ကိုခေါ်ဆောင်လာ၍ အစ္စရေးအမျိုးသားလူထုအပေါင်းတို့ကိုလည်း စုရုံးစေရမည်။ 10လေဝိအမျိုးတို့ကို ထာဝရဘုရားရှေ့တော်သို့ ခေါ်ဆောင်လာပြီးလျှင် အစ္စရေးအမျိုးသားတို့သည် လေဝိအမျိုးတို့အပေါ် လက်ကို တင်ရမည်။ 11အစ္စရေးအမျိုးသားတို့ထဲရှိ လေဝိအမျိုးတို့သည် ထာဝရဘုရား၏အမှုတော်ထမ်းဆောင်ရန် အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။ 12လေဝိအမျိုးတို့သည် မိမိတို့၏လက်ကို နွားထီးပျိုတို့၏ခေါင်းပေါ်၌တင်ရမည်။ လေဝိအမျိုးတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ထာဝရဘုရားထံ ပူဇော်ရမည်။
13သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ့သားတို့၏ရှေ့၌ရပ်စေ၍ သူတို့ကို ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။ 14ဤသို့ဖြင့် သင်သည် အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ကို သီးခြားခွဲထားရမည်။ လေဝိအမျိုးတို့သည် ငါပိုင်ဆိုင်ရာဖြစ်ကြရလိမ့်မည်။ 15ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။ 16အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။ 17အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် သူတို့ကို ငါ့အတွက် ငါသန့်ရှင်းစေခဲ့၏။ 18အစ္စရေးအမျိုးသားတို့ထဲမှ သားဦးအားလုံးအစား လေဝိအမျိုးတို့ကို ငါရွေးယူပြီ။ 19အစ္စရေးအမျိုးသားတို့အတွက် တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းရန်နှင့် အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ငါသည် အစ္စရေးလူမျိုးထဲမှ လေဝိအမျိုးကို အာရုန်နှင့်သူ့သားတို့အား လုံးလုံးပေးအပ်ထားပြီ။ သို့မှ အစ္စရေးအမျိုးသားတို့ သန့်ရှင်းရာဌာနသို့ချဉ်းကပ်သောအခါ ဘေးဒဏ်မကျရောက်ဘဲနေမည်”ဟု မိန့်တော်မူ၏။
20ထိုသို့ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် လေဝိအမျိုးတို့အား ပြုကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။ 21လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။ 22ထို့နောက်မှ လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်ရန် အာရုန်နှင့်သူ့သားတို့ရှေ့သို့ လာကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
23တစ်ဖန် ထာဝရဘုရားက မောရှေအား
24“လေဝိအမျိုးတို့တွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်နှင့်အထက်ရှိသောသူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်ကို ဝင်ရောက်ထမ်းဆောင်ရမည်။ 25အသက်ငါးဆယ်အရွယ်ရောက်လျှင် အမှုတော်ထမ်းဆောင်ခြင်းမှ အနားယူရမည်။ အမှုတော်ထမ်းဆောင်ရန်မလိုတော့ပေ။ 26တွေ့ဆုံစည်းဝေးရာတဲတော်ရှိမိမိညီအစ်ကိုတို့၏တာဝန်ကို ကူညီစောင့်ထိန်းပေးနိုင်သော်လည်း ကိုယ်တိုင်လုပ်စရာမလိုပေ။ ထိုသို့ လေဝိအမျိုးတို့အား သူတို့နှင့်ဆိုင်သောတာဝန်တို့ကို သင်စီရင်ပေးရမည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)