သုတ္တံကျမ်း 20
20
1စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။
သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။
၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
2ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။
သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရ#20:2 တိုက်ရိုက်ပြန်ဆိုလျှင် “အသက်ကိုပြစ်မှား”။တတ်၏။
3ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။
ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
4ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့်
ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
5လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။
သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။
6များစွာသောလူတို့သည် မိမိတို့၏မေတ္တာကရုဏာကို ထုတ်ဖော်ပြောဆိုတတ်ကြ၏။
သို့သော် သစ္စာရှိသောသူကို မည်သူရှာတွေ့နိုင်သနည်း။
7ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။
နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
8တရားစီရင်ရာပလ္လင်ပေါ်တွင်ထိုင်သော ရှင်ဘုရင်သည်
မကောင်းမှုရှိသမျှကို မိမိ၏မျက်စိဖြင့် လွင့်သွားစေတတ်၏။
9“ငါသည် ငါ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေပြီ၊
ငါသည် အပြစ်မှစင်ကြယ်ပြီ”ဟု မည်သူပြောဆိုနိုင်သနည်း။#၁ယော 1:10။
10အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊
ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
11ကလေးသူငယ်ပင်လျှင် သူ၏လုပ်ဆောင်ချက်သည်
သန့်ရှင်းစင်ကြယ်ခြင်းရှိ၊ မရှိ၊ ဖြောင့်မှန်ခြင်းရှိ၊ မရှိ
သူ၏အပြုအမူအားဖြင့် ထင်ရှားစေတတ်၏။
12ကြားတတ်သောနား၊ မြင်တတ်သောမျက်စိ၊
ဤအရာနှစ်ပါးစလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူ၏။
13အအိပ်မမက်နှင့်။ အအိပ်မက်လျှင် ဆင်းရဲသွားလိမ့်မည်။
သင်၏မျက်စိကို ဖွင့်ထားလော့။
သို့ပြုလျှင် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
14ဝယ်သောသူသည် “မကောင်းဘူး၊ မကောင်းဘူး”ဟု ဆိုတတ်၏။
သို့သော် ဝယ်၍ထွက်သွားပြီးမှ ဝါကြွားတတ်၏။
15ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။
သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
16သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။
ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
17လှည့်ဖြား၍ရသောအစားအစာသည် စားသူအတွက်ချိုမြိန်သော်လည်း
နောက်မှ သူ၏နှုတ်သည် ကျောက်စရစ်များနှင့်ပြည့်လိမ့်မည်။
18အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။
လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
19အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတတ်၏။
သို့ဖြစ်၍ နှုတ်ဖွာသောသူနှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
20မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည်
မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
21အစ၌ အလျင်စလိုရယူသောအမွေသည်
အဆုံး၌ ကောင်းချီးမင်္ဂလာ မဖြစ်ပေ။
22“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။#သု 24:29၊ ၁ပေ 3:9။
သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
23အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
24လူ၏ခြေလှမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။
သို့ဖြစ်၍ လူသည် မိမိသွားရာလမ်းကို မည်သို့သိရှိနားလည်နိုင်မည်နည်း။
25တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍
ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
26ပညာရှိသောရှင်ဘုရင်သည် ဆိုးယုတ်သောသူတို့ကို လှေ့၍
သူတို့အပေါ်၌ စပါးခြွေသောဘီးကိုလှိမ့်တတ်၏။
27လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို
ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
28မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။
ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
29လူပျိုတို့၏ဂုဏ်ကျက်သရေသည် သူတို့၏ခွန်အားဖြစ်၏။
အသက်ကြီးသောသူတို့၏ခန့်ညားထည်ဝါမှုကား ဖြူသောဆံပင်ဖြစ်၏။
30ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊
ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: