ဆာလံကျမ်း 28
28
အကျွန်ုပ်၏အစွမ်းသတ္တိ
ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။
အကျွန်ုပ်ကိုမထူးဘဲနေတော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုမကြားဘဲ တိတ်ဆိတ်စွာနေတော်မူလျှင်
အကျွန်ုပ်သည် သေတွင်းထဲသို့ဆင်းသွားသောသူကဲ့သို့ ဖြစ်ရပါလိမ့်မည်။
2အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊
ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊
အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
3မိမိတို့၏အိမ်နီးချင်းများအား ငြိမ်းချမ်းစွာပြောဆိုတတ်သော်လည်း မိမိတို့စိတ်နှလုံး၌ မကောင်းမှုများရှိကြသည့်
ဆိုးယုတ်သောသူများ၊ အပြစ်ဒုစရိုက်ပြုသောသူများနှင့်အတူ အကျွန်ုပ်ကိုဆွဲခေါ်သွားတော်မမူပါနှင့်။
4သူတို့၏လုပ်ဆောင်ချက်နှင့် သူတို့ပြုသောဆိုးညစ်မှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။
သူတို့လက်ဖြင့်ပြုသောအမှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။
သူတို့ခံထိုက်သောအရာကို သူတို့အား ပြန်၍ပေးတော်မူပါ။#ဗျာ 22:12။
5သူတို့သည် ထာဝရဘုရား၏ လုပ်ဆောင်မှုတို့ကိုလည်းကောင်း၊
ကိုယ်တော်၏လက်တော်ဖြင့်ပြုသော အမှုကိုလည်းကောင်း အလေးအနက်ဆင်ခြင်ခြင်းမရှိကြသောကြောင့်
ကိုယ်တော်သည် သူတို့ကိုဖြိုဖျက်၍ မည်သည့်အခါမျှ သူတို့ကို ပြန်လည်တည်ဆောက်တော်မူလိမ့်မည်မဟုတ်။
6ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည်
ငါအသနားခံသောအသံကို နားညောင်းတော်မူပြီ။
7ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။
ငါ၏စိတ်နှလုံးသည် ကိုယ်တော်ကို ယုံကြည်ကိုးစားသဖြင့် ငါသည် ကူညီမစတော်မူခြင်းကိုခံရ၏။
ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်မြူး၏။
ငါသည် ငါ့သီချင်းဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
8ထာဝရဘုရားသည် မိမိလူမျိုးတော်၏ အစွမ်းသတ္တိဖြစ်တော်မူ၏။
ကိုယ်တော်သည် မိမိဘိသိက်ပေးထားသောသူအတွက် ကယ်တင်ခြင်းရဲတိုက်ဖြစ်တော်မူ၏။
9ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။
သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 28: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative