ဆာလံကျမ်း 93
93
ထာဝရအုပ်စိုးတော်မူသောဘုရားသခင်
1ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။
ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။
ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
2ကိုယ်တော်၏ပလ္လင်တော်သည် ရှေးကာလမှစ၍ တည်လျက်ရှိပါ၏။
ကိုယ်တော်သည် ထာဝရကတည်းကပင် ရှိတော်မူ၏။
3အို ထာဝရဘုရား၊ မြစ်တို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မြစ်တို့သည် မိမိတို့၏အသံကို ဟုန်းဟုန်းမြည်စေကြပါ၏။
မြစ်တို့သည် မိမိတို့၏လှိုင်းခတ်သံများကို ဟုန်းဟုန်းမြည်စေကြပါ၏။
4မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည်
များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။
ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
5ကိုယ်တော်၏သက်သေခံချက်တို့သည် အပြည့်အဝယုံကြည်စိတ်ချရပါ၏။
အို ထာဝရဘုရား၊ သန့်ရှင်းခြင်းသည် ကိုယ်တော်၏ အိမ်တော်ကို အစဉ်အမြဲတင့်တယ်စေပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 93: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative