YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 31

31
ရှော​လု​နှ​င့်​သား​များ​ကွယ်​လွန်​ခြင်း
(၅​ရာ၊ ၁၀:၁-၁၂)
1ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။ 2ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု​မင်း​နှင့် သူ၏​သား​တို့​ကို​ပြင်း​ထန်​စွာ​လိုက်၍၊ ရှော​လု၏​သား​ယော​န​သန်၊ အ​ဘိ​န​ဒပ်၊ မေ​လ​ခိ​ရွှ​တို့​ကို သတ်​ကြ၏။ 3စစ်​တိုက်​ရာ​တွင် ရှော​လု​သည် အ​လွန်​ခံ​ရ၏။ လေး​သ​မား​တို့​ပစ်​သော မြား​မှန်၍ အ​လွန်​နာ​သော​ကြောင့်၊ 4လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင် သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍ ငါ့​ကို​ထိုး​ပြီး​မှ မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ​လေ၏။ 5ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင် မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ရှော​လု​နှင့်​အ​တူ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ၏။ 6ထို​သို့​ရှော​လု​မှ​စ၍ သူ၏​သား​သုံး​ယောက်၊ သူ၏​လက်​နက်​ဆောင်​လု​လင်၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နေ့​ချင်း​တွင် အ​တူ​သေ​ကြ၏။
7ဣ​သ​ရေ​လ​လူ ပြေး​ကြောင်း၊ ရှော​လု​နှင့် သူ၏​သား​သေ​ကြောင်း​ကို ချိုင့်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော ဣ​သ​ရေ​လ​လူ​တို့​သည် သိ​မြင်​လျှင်၊ မြို့​ရွာ​တို့​ကို စွန့်​ပြေး​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​နေ​ကြ၏။ 8နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ၊ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် လဲ​သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။ 9ရှော​လု၏​ခေါင်း​ကို​ဖြတ်၍ လက်​နက်​တော်​ကို​ချွတ်​ပြီး​မှ သူ​တို့ ရုပ်​တု​ကျောင်း​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။ 10လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။
11ရှော​လု၌ ဖိ​လိ​တ္တိ​လူ​တို့ ပြု​သော​အ​မှု​ကို ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​များ​ကြား​လျှင်၊ 12သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ထ​သွား၍၊ ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို ဗက်​ရှန်​မြို့​ရိုး​မှ​ချ​ပြီး​လျှင်၊ ယာ​ဗက်​မြို့​သို့​ဆောင်​ခဲ့၍ မီး​ရှို့​ကြ၏။ 13အ​ရိုး​တို့​ကို​လည်း​ယူ၍ ယာ​ဗက်​မြို့​မှာ သစ်​ပင်​အောက်၌ သင်္ဂြိုဟ်​ပြီး​မှ ခု​နစ်​ရက်​ပတ်​လုံး အ​စာ​ရှောင်​ကြ​သည်။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ