YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 39

39
ဗာ​ဗု​လုန်​ပြည်​မှ​စေ​တ​မန်​များ
(၄​ရာ၊ ၂၀:၁၂-၁၉။ ၆​ရာ၊ ၃၂း၂၇-၃၁)
1ထို​ကာ​လ​အ​ခါ ဗာ​လ​ဒန်​သား၊ ဗာ​ဗု​လုန်​မင်း​ကြီး မေ​ရော​ဒ​ပ္ဗါ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​နာ၍၊ အ​နာ​ပျောက်​သည်​ကို ကြား​သော​ကြောင့်၊ မေ​တ္တာ​စာ​နှင့် လက်​ဆောင်​ပါ​လျက်၊ တ​မန်​တို့​ကို စေ​လွှတ်​လေ၏။ 2ဟေ​ဇ​ကိ​မင်း​သည် သူ​တို့​ရောက်​သော​ကြောင့် ဝမ်း​မြောက်၍၊ ရွှေ​တိုက်​မှ​စ​သော ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ၊ လက်​နက်​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​ပြ​လေ၏။ နန်း​တော်​မှ​စ၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။
3ထို​အ​ခါ ပ​ရော​ဖက် ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​တော်​သို့ သွား၍၊ ထို​သူ​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ အ​ထံ​တော်​သို့ လာ​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဇ​ကိ​မင်း​က၊ ဝေး​သော​အ​ရပ်၊ ဗာ​ဗု​လုန်​ပြည်​မှ ရောက်​လာ​ကြ​သည်​ဟု ပြန်​ပြော၏။ 4နန်း​တော်၌ အ​ဘယ်​အ​ရာ​ကို​မြင်​ကြ​ပြီ​နည်း​ဟု မေး​ပြန်​လျှင်၊ ဟေ​ဇ​ကိ​မင်း​က၊ နန်း​တော်၌ ရှိ​သ​မျှ​ကို မြင်​ရ​ကြ​ပြီ။ ဘ​ဏ္ဍာ​တော်​တွင် ငါ​မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု ပြန်​ပြော၏။ 5ထို​အ​ခါ ဟေ​ရှာ​ယ​က၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​လော့။ 6နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 7သင်​နှင့်​နွယ်၍​ရ​သော သင်၏​သား​မြေး​တို့​ကို​လည်း​ယူ​သွား၍၊ သူ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​နန်း​တော်၌၊ လူပျိုတော် လုပ်​ရ​ကြ​လိမ့်​မည်​ဟု ဟေ​ဇ​ကိ​မင်း​အား ပြော​ဆို​လေ၏။#ဒံ၊ ၁:၁-၇။ ၄​ရာ၊ ၂၄:၁၀-၁၆။ ၆​ရာ၊ ၃၆:၁၀။ 8ဟေ​ဇ​ကိ​မင်း​က​လည်း၊ သင်​ပြန်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကောင်း​ပါ၏ ဟူ၍​လည်း​ကောင်း၊ အ​ကယ်​စင်​စစ် ငါ့​လက်​ထက်၌ ငြိမ်​သက်​ခြင်း​နှင့် သ​စ္စာ​စောင့်​ခြင်း​ရှိ​ရ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ ဟေ​ရှာ​ယ​အား​ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 39: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ