YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာကု 13

13
အနာဂတ်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
1ယေရှု​သည် ဗိမာန်တော်​မှ ထွက်ကြွတော်မူ​စဉ် တပည့်တော်​တစ်ဦး​က “ဆရာတော်… ကြည့်တော်မူပါ။ အံ့ဖွယ်​အဆောက်အအုံများ​နှင့် အံ့ဖွယ်​ကျောက်တုံးကြီးများ​ပင် ဖြစ်ပါသည်” ဟု လျှောက်လေ၏။
2ယေရှု​က “ဤ​အဆောက်အအုံများ​ကို ယခု သင်​မြင်ရ၏။ မဟုတ်လော။ ဤ​အဆောက်အအုံများ​သည် အကုန်အစင်​ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်နေ​လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
3ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ဗိမာန်တော်​ဘက်သို့ မျက်နှာမူ​လျက် ထိုင်တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ 4“ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ ထို​အရာများ ဖြစ်ပျက်မည့်​အချိန်​တွင် မည်သည့်​နိမိတ်​လက္ခဏာများ ဖြစ်ပေါ်​လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
5ယေရှု​က “သင်တို့​ကို မည်သူမျှ မလှည့်ဖြား​စေရန် သတိပြုကြလော့။ 6အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​က ‘ငါ​သည် ခရစ်တော်#13:6 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်၏’ ဟု ငါ့​အယောင်ဆောင်​လျက် ရောက်လာကြ​လိမ့်မည်။ လူ​များစွာ​ကိုလည်း လှည့်ဖြားကြ​လိမ့်မည်။ 7သင်တို့​သည် စစ်ပွဲများ​နှင့် စစ်ဖြစ်မည့်​သတင်းများ​အကြောင်း ကြားကြ​လိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​အားလုံး​သည် ဖြစ်ပျက်​ရမည်။ သို့သော် ကမ္ဘာ​ကုန်ဆုံးချိန်​သည် မကျရောက်သေးပါ။ 8လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ အချင်းချင်း​ပုန်ကန်​၍ စစ်​ဖြစ်ကြ​လိမ့်မည်။ ကမ္ဘာ့​နေရာ​အနှံ့အပြား​တွင် အစာခေါင်းပါးခြင်း​နှင့် ငလျင်လှုပ်ခြင်းတို့ ဖြစ်​လိမ့်မည်။ သို့သော် ထို​အရာများ​အားလုံး​သည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သော​ဆင်းရဲဒုက္ခများ#13:8 မူရင်း​ဂရိကျမ်း​တွင် “သားဖွားခြင်း​ဝေဒနာများ” ဟု ဖော်ပြထားသည်။​၏ အစ​မျှသာ​ဖြစ်၏။
9ဤ​အရာများ​စတင် ဖြစ်ပွား​လျှင် သတိရှိကြလော့။ လူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ရိုက်နှက်ကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရ​အာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ ဤ​အရာ​သည် သင်တို့​ကို ငါ့​အကြောင်း​သက်သေခံရသော​အခွင့် ဖြစ်စေ​လိမ့်မည်။ 10သတင်းကောင်း​ကိုလည်း လူမျိုး​အပေါင်းတို့​အား ဦးစွာ​ဟောပြောရကြမည်။ 11လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ အမှုစစ်ကြ​သောအခါ မည်သို့​ပြောဆိုရမည်​ကို ကြိုတင်​၍ မစိုးရိမ်ကြနှင့်။ ထို​အချိန်​၌ သင်တို့​စိတ်ထဲ​တွင် ဘုရားသခင် ဖော်ပြတော်မူမည့်​စကား​ကိုသာ ပြောကြလော့။ သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​ပင် ဖြစ်၏။
12ညီအစ်ကို​ချင်း တစ်ဦး​ကို​တစ်ဦး သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ ဖခင်​သည်လည်း မိမိ​သားသမီး​ကို သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ သားသမီးတို့​သည်လည်း မိဘ​ကို ပုန်ကန်​၍ သေစေကြ​လိမ့်မည်။ 13သင်တို့​သည် ငါ​၏​နောက်လိုက်များ#13:13 မူရင်း​ဂရိကျမ်း​တွင် “ငါ​၏​အမည်​နာမ​ကြောင့်” ဟု ဖော်ပြထားသည်။​ဖြစ်သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။
14ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော​အရာ​သည် မရှိအပ်သော​နေရာ​၌ ရှိနေသည်​ကို သင်တို့​တွေ့မြင်ရမည့်​နေ့ရက် ရောက်လာ​လိမ့်မည်။ (ဤ​အချက်​ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်​တွင် ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။ 15လသာဆောင်​ပေါ်တွင် ရှိသော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်းများ​ကို မယူဘဲ အောက်​သို့ ဆင်း​၍ ထွက်ပြေး​ရမည်။ 16လယ်​၌ ရှိသော​သူ​သည်လည်း သူ​၏ ဝတ်ရုံ​ကို ပြန်လှည့်​မယူဘဲ ထွက်ပြေး​ရမည်။ 17ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့ကလေးငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။ 18သင်တို့ ထွက်ပြေး​ကြရမည့် အချိန်​သည် ဆောင်းကာလ မဖြစ်​စေရန် ဆုတောင်းကြလော့။ 19အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းတော်မူ​သည့် အချိန်​မှစ၍ ယခု​အချိန်​အထိ မဖြစ်စဖူး၊ နောင်​တွင်လည်း မည်သည့်​အခါမျှ ကြုံတွေ့ရမည်​မဟုတ်သည့် အလွန်​ဆိုးရွားသော​ဆင်းရဲဒုက္ခ​သည် ထို​ကာလ​၌ ကျရောက်မည်​ဖြစ်သောကြောင့် ဖြစ်၏။ 20အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။
21ထိုအခါ တစ်စုံတစ်ဦး​က သင်တို့​အား ‘ကြည့်လော့။ ဤ​နေရာ​တွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထို​နေရာ​တွင် ခရစ်တော် ရှိသည်’ ဟု ဆို​သော်လည်း မယုံကြနှင့်။ 22ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။ 23သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​ကို ကြိုတင်​သတိပေး​နှင့်ပြီ။
24ဆင်းရဲဒုက္ခ​ခံရမည့် ထို​နေ့ရက်များ ကုန်ဆုံး​ပြီးနောက်
နေမင်း​သည် မှောင်မိုက်​၍
လ​သည် အလင်းရောင်​ကို မပေးဘဲ​နေ​လိမ့်မည်။
25ကြယ်တို့​သည်လည်း ကောင်းကင်​မှ ကြွေကျ​၍
ကောင်းကင်​တန်ခိုးတို့​သည် တုန်လှုပ်ကြ​လိမ့်မည်။#13:25 ဟေရှာ ၁၃:၁၀၊ ၃၄:၄၊ ယောလ ၂:၁၀။
26ထိုအခါ လူသား#13:26 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။ 27ထို့နောက် လူသား​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင်၊ အရပ်လေးမျက်နှာ​မှ မိမိ​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​ရန် ကောင်းကင်တမန်များ​ကို စေလွှတ်တော်မူ​လိမ့်မည်။
28သဖန်းပင်​မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်​တွင် အကိုင်းအခက်​သစ်များ ထွက်လာ​၍ ရွက်နုများ ထွက်ပြူလာ​သောအခါ နွေကာလ ရောက်လု​နီးပြီ​ဖြစ်ကြောင်း​ကို သင်တို့​သိကြ၏။ 29ထို​နည်းတူ ဖော်ပြခဲ့သော​အခြင်းအရာများ​ကို သင်တို့​မြင်ရ​သောအခါ လူသား​သည် တံခါးဝ​အနီး​သို့ ရောက်နေပြီ​ဖြစ်ကြောင်း​ကို သိမှတ်ကြလော့။ 30သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အရာများ​အားလုံး မဖြစ်ပျက်​မီ​အချိန်​ထိ ယခု​ရှိသော​မျိုးဆက် ကွယ်ပျောက်​လိမ့်မည်​မဟုတ်ပေ။ 31ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။
32သို့သော် ထို​အရာများ​သည် မည်သည့်​နေ့ရက်၊ မည်သည့်​အချိန်နာရီ​၌ ဖြစ်ပျက်​လာမည်​ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​လည်း မသိ။ သားတော်​လည်း မသိ။ ခမည်းတော်​တစ်ပါးတည်း​သာလျှင် သိတော်မူ၏။ 33ထို​နေ့ရက်​သည် မည်သည့်​အချိန်ကာလ​၌ ကျရောက်မည်​ကို သင်တို့​မသိ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။ 34လူသား​ကြွလာခြင်း​အကြောင်း​သည် ခရီး​ထွက်မည့် လူ​တစ်ဦး​က မိမိ​အိမ်​မှ မထွက်ခွာမီ သူ​၏ အစေခံများ​အား လုပ်ဆောင်​ရန် တာဝန်များ​ကို ပေးအပ်​၍ တံခါးစောင့်​အား မိမိ​ပြန်လာချိန်​ကို စောင့်ရမည်​ဟု မှာကြားသည်​နှင့် တူ၏။ 35ထို့ကြောင့် အိမ်ရှင်​သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်​မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့​တွင် မည်သည့်​အချိန်​၌ ကြွလာမည်​ကို သင်တို့​မသိ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။ 36ထိုသို့ မစောင့်​ပါက သူ​သည် ရုတ်တရက်​ရောက်လာ​သောအခါ သင်တို့​အိပ်ပျော်နေသည်​ကို တွေ့​လိမ့်မည်။ 37သတိ​နှင့် စောင့်နေကြလော့​ဟူ၍ သင်တို့​ကို သတိပေးသည့်​အတိုင်း လူအပေါင်းတို့​ကို ငါ​သတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

မာကု 13: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ