16
ရှင်ပြန်ထမြောက်တော်မူခြင်း
1ဥပုသ်နေ့လွန်သောအခါ မာဂဒလမာရိ၊ ရှာလုံနှင့် ယာကုပ်မိခင်မာရိတို့သည် ယေရှု၏ အလောင်းတော်ကို လိမ်းရန် အမွှေးနံ့သာများကို ဝယ်ယူကြ၏။ 2တနင်္ဂနွေနေ့နံနက်စောစော#16:2 မူရင်းဂရိကျမ်းတွင် “ဥပုသ်နေ့ကုန်လွန်ပြီးနောက် ရက်သတ္တပတ်၏ ပထမနေ့” ဟု ဖော်ပြထားသည်။ နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းဂူသို့ သွားကြ၏။ 3လမ်းတွင် သူတို့က “ဂူဝ၌ ရှိသောကျောက်တုံးကို မည်သူလှိမ့်ဖယ်ပေးမည်နည်း” ဟု အချင်းချင်းပြောဆိုကြ၏။ 4သို့သော် သူတို့ရောက်၍ ကြည့်သောအခါ ထိုအလွန်ကြီးမားသော ကျောက်တုံးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို တွေ့ကြ၏။
5ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။ 6သို့သော် ထိုသူက “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်နာဇရက်မြို့သားယေရှုကို ရှာနေကြသည် မဟုတ်လော။ ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤနေရာသည် အလောင်းတော်ထားသည့် နေရာဖြစ်၏။ 7ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
8ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့တုန်လှုပ်၍ မိန်းမောတွေဝေလျက် သင်္ချိုင်းဂူမှ ပြေးထွက်လာကြ၏။ သူတို့သည် ကြောက်ရွံနေသောကြောင့် မည်သူ့ကိုမျှ စကားမပြောဘဲနေကြ၏။#16:8 တချို့နောက်ကျသောလက်ရေးမူကျမ်းများတွင် “ထို့နောက် သူတို့သည် ဖြစ်ပျက်သမျှအကြောင်းအရာအားလုံးကို အတိုချုပ်၍ ပေတရုနှင့် သူ၏အပေါင်းအပါတို့အား ပြောကြ၏။ ထိုသို့ပြောကြပြီးနောက် ယေရှုသည် သူတို့အားလုံးကို ထာဝရအသက်ပေးသည့် မြင့်မြတ်၍ မပျက်စီးနိုင်သော ကယ်တင်ခြင်းသတင်းကောင်းနှင့်တကွ အရှေ့မှ အနောက်အရပ်တိုင်အောင် စေလွှတ်တော်မူ၏။ အာမင်” ဟူ၍ အပိုဒ်ငယ် ၈ ၏နောက်တွင် ထည့်သွင်းထားသည်။
9တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။ 10ဝမ်းနည်းပူဆွေး၍ ငိုကြွေးနေသောတပည့်တော်တို့ထံသို့ မာဂဒလမာရိသည် သွား၍ ထိုအဖြစ်အပျက်ကို ပြောပြလေ၏။ 11သို့သော် ယေရှု အသက်ရှင်လျက်ရှိတော်မူကြောင်းနှင့် မာရိကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း ကြားသောအခါ သူတို့သည် မယုံကြည်ကြချေ။
12ထို့နောက် တပည့်တော်နှစ်ဦးသည် တောရွာသို့ လမ်းလျှောက်၍ သွားနေကြစဉ် ယေရှုသည် ခြားနားသောအသွင်ဖြင့် သူတို့ကို ကိုယ်ထင်ပြတော်မူ၏။ 13သူတို့သည် ပြန်လာ၍ ထိုသတင်းကို အခြားသောတပည့်တော်တို့အား ပြောပြကြ၏။ သို့သော် မည်သူမျှမယုံကြည်ကြချေ။
14ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ်#16:14 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူစဉ်” ဟု တွေ့ရှိရသည်။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ ကြမ်းပြင်ပေါ်၌ အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
15ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။ 16ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။ 17ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။ 18မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
19ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။ 20ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။#16:20 အစောပိုင်းကျသောလက်ရေးမူကျမ်းများတွင် အပိုဒ်ငယ် ၉ မှ ၂၀ အထိ မပါဝင်ပါ။
ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။