YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 1:13-18

ဒေသနာ 1:13-18 Judson Bible (JBMLE)

မိုး​ကောင်း​ကင်​အောက်၌ ပြု​သ​မျှ​တို့​ကို ဉာဏ်​ပ​ညာ​အား​ဖြင့်၊ ရှာ​ဖွေ​စစ်​ဆေး​ခြင်း​ငှာ နှ​လုံး​ထား၏။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ထို​ပင်​ပန်း​စေ​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။ ကောက်​သော​အ​ရာ​ကို မ​ဖြောင့်​စေ​နိုင်။ ချို့​တဲ့​သော​အ​ရာ​ကို မ​ရေ​တွက်​ရာ။ ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ ပြော​ဆို​သည်​ကား၊ ငါ​သည် ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ကြီး​မြင့်၍ ပ​ညာ​ရှိ၏။ အ​ကယ်​စင်​စစ် ငါ့​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​များ​ကို အ​ထူး​သ​ဖြင့် လေ့​ကျက်၏။ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍ သိ​အံ့​သော​ငှာ ငါ​သည်​နှ​လုံး​ထား၏။ ထို​အ​မှု​သည်​လည်း၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်​သည်​ကို ရိပ်​မိ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​များ​လျှင်၊ ငြို​ငြင်​စ​ရာ​အ​ကြောင်း​များ၏။ သိ​ပ္ပံ​အ​တတ် တိုး​ပွား​သော​သူ​သည် ဝမ်း​နည်း​ခြင်း တိုး​ပွား​တတ်၏။

ဒေသနာ 1:13-18 Common Language Bible (BCL)

မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။ နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။ ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။ ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။ ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။ အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။

ဒေသနာ 1:13-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ ကောက်​သော​အရာ​ကို မ​ဖြောင့်​စေ​နိုင်​။ လို​နေ​သော​အရာ​ကို​လည်း မ​ရေတွက်​နိုင်​။ “​ကြည့်ရှု​လော့​။ ငါ​သည် ငါ့​ထက်​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​ခဲ့​သော​သူ​အားလုံး​တို့​ထက်​ကြီးမြတ်​၍ ဉာဏ်ပညာ​အရာ​၌​လည်း​တိုးပွား​၏​။ ငါ​၏​စိတ်နှလုံး​သည်​လည်း များစွာ​သော​ဉာဏ်ပညာ​နှင့် အသိပညာ​တို့​ကို​မြင်တွေ့​ပြီ​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။ တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။ အကြောင်းမူကား ဉာဏ်ပညာ​များပြား​သောအခါ ပူဆွေး​ခြင်း​လည်း များပြား​၏​။ အသိပညာ​တိုးပွား​သောအခါ ဒုက္ခဝေဒနာ​လည်း တိုးပွား​၏​။