YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:12-13

ရှင်မဿဲ 2:12-13 Judson Bible (JBMLE)

နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။- ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။

ရှင်မဿဲ 2:12-13 Common Language Bible (BCL)

ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။ ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။

ရှင်မဿဲ 2:12-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။ ထို​သူ​တို့​ထွက်သွား​ကြ​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​လျက် အီဂျစ်​ပြည်​သို့​ထွက်ပြေး​၍ နောက်တစ်ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လော့။ အကြောင်းမူကား ဟေရုဒ်​မင်းကြီး​သည် သူငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံရွယ်​နေ​၏”​ဟု မြွက်ဆို​လေ​၏။