ဆာလံ 119:1-40
ဆာလံ 119:1-40 Judson Bible (JBMLE)
ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။ သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။ ခပ်သိမ်းသော စည်းစိမ်ဥစ္စာကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။ ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူးပြုတော်မူပါ။ တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက်ရှိပါ၏။ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။ မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။ အကျွန်ုပ်၏အသက်သည် မြေမှုန့်၌ မှီဝဲလျက်ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဖော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။ မုသားလမ်းကို အကျွန်ုပ်ရှောင်ပါမည်အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော်မူပါ။ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။ သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။ အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။ အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ အကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။ ပေးတော်မူသောဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
ဆာလံ 119:1-40 Common Language Bible (BCL)
ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။ သွန်သင်တော်မူခက်တို့ကိုလိုက်နာ၍ ကိုယ်တော်၏စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့ ခံယူသူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဒုစရိုက်ကိုမပြုမကင့်ဘဲ ထာဝရဘုရား၏တရားလမ်းအတိုင်း လိုက်လှောက်တတ်ကြ၏။ အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်မိမိ၏ပညတ်တော်တို့ကို ကွန်တော်မျိုးတို့အားပေးအပ်တော်မူလက် ယင်းတို့ကိုတစ်သဝေမတိမ်းလိုက်နာကြ ရန် မှာကြားတော်မူပါပြီ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ည"န်ကြားခက်တို့ကိုတစ်သဝေမတိမ်း လိုက်နာရန် ဆန္ဒပြင်းပြပါ၏။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အမိန့်တော် ရှိသမှကိုအလေးဂရုပြုပါလှင် အရှက်တကွဲအကျိုးနည်းရလိမ့်မည်မဟုတ်ပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဖြောင့်မှန် သည့် စီရင်တော်မူခက်မားကိုခံယူမှတ်သားကာ ဖြူစင်သည့်စိတ်နှလုံးဖြင့်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ် တော်မား အတိုင်းလိုက်နာဆောင်ရွက်ပါမည်။ ကွန်တော်မျိုးအားအဘယ်အခါ၌မှ စွန့်ပစ်တော်မမူပါနှင့်။ လူငယ်လူရွယ်သည်အဘယ်သို့အားဖြင့် ဖြောင့်မတ်စွာကင့်ကြံပြုမူနိုင်ပါသနည်း။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ်စွာ ကင့်ကြံပြုမူနိုင်ပါ၏။ ကွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်၏ အစေကိုခံနိုင်ရန်ကြိုးစားပါမည်။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ပညတ်တော်တို့မှသွေဖည်၍မသွားပါစေနှင့်။ ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။ အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ နည်းလမ်းတော်မားကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးအပ်တော် မူသော ပညတ်တော်အပေါင်းကိုအသံကယ်စွာ ရွတ်ဆိုပါမည်။ ကွန်တော်မျိုးသည်စည်းစိမ်ဥစ္စာမားထက် ကိုယ်တော်ရှင်ဆုံးမသွန်သင်တော်မူခက်တို့ကို ပို၍နှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏ဥပဒေသတော်တို့ကို ဆင်ခြင်လက် နည်းလမ်းတော်တို့ကိုအစဉ်အာရုံစိုက်ပါ၏။ ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကို နှစ်သက်ပါ၏။ အမိန့်တော်တို့ကိုမေ့လော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကွန်တော်မျိုးအား ကေးဇူးပြုတော်မူပါ။ သို့မှသာလှင်ကွန်တော်မျိုးသည်အသက်ရှင်လက် ကိုယ်တော်ရှင်၏သွန်သင်ခက်တို့ကို လိုက်နာနိုင်ပါမည်။ ကိုယ်တော်ရှင်၏တရားတော်မှအံ့သြဖွယ်ရာမားကို တေ"မြင်နိုင်ရန်ကွန်တော်မျိုး၏မက်စိတို့ကို ဖွင့်တော်မူပါ။ ကွန်တော်မျိုးသည်ဤကမ္ဘာမြေပေ"တွင် ခေတ္တခဏမှသာနေရပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို ကွန်တော်မျိုးထံမှဝှက်ထားတော်မမူပါ နှင့်။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ စီရင်ဆုံးဖြတ်ခက်တို့ကိုအခါခပ်သိမ်း စိတ်စွဲလမ်းတောင့်တလက်ရှိပါ၏။ ကိုယ်တော်ရှင်သည်မာန်မာနကြီးသူတို့ကို ကြပ်တည်းစွာဆိုဆုံးမတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်မားမှ သွေဖည်သွားကြသူတို့သည်အမင်္ဂလာရှိကြ၏။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို စောင့်ထိန်းသည်ဖြစ်၍ ကွန်တော်မျိုးအားထိုသူတို့၏စော်ကားမှုနှင့် မထီမဲ့မြင်ပြုမှုတို့မှကင်းလွတ်စေတော်မူပါ။ အာဏာပိုင်တို့သည်ကွန်တော်မျိုးအား ဆန့်ကင်ဘက်ပြု၍တိုင်ပင်ကြံစည်လက် နေကြ၏။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကွန်တော်မျိုး မူကား ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လေ့လာပါမည်။ ကိုယ်တော်ရှင်၏ဆုံးမသွန်သင်တော်မူခက် တို့သည် ကွန်တော်မျိုးအားစိတ်ရ"င်လန်းစေပါ၏။ ယင်းတို့သည်ကွန်တော်မျိုးအားလမ်းည"န် ကြပါ၏။ အရေးရှုံးနိမ့်၍ကွန်တော်မျိုးသည် မြေမှုန့်၌လဲလက်ရှိသဖြင့် ကတိတော်ရှိသည်အတိုင်းအသက်ရှင်စေတော် မူပါ။ ကွန်တော်မျိုးသည်မိမိပြုမိသမှသော အပြစ်တို့ကိုဖော်ပြဝန်ခံသည်ဖြစ်၍ ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏ပန်ကြား ခက်ကို နားညောင်းတော်မူပါ၏။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။ ကွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှု ခံစားလက်ရှိပါ၏။ ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကွန်တော်မျိုးအားခွန်အားပေးတော်မူပါ။ ကွန်တော်မျိုးသည်လမ်းလွဲ၍မသွားစေရန် ကူမတော်မူပါ။ ကရုဏာတော်ကိုထောက်၍ကွန်တော်မျိုးအား တရားတော်ကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏စကား တော်ကို နားထောင်ရန်ရွေးခယ်ပါပြီ။ ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်ခက်တို့ကို အာရုံစိုက်ပါပြီ။ အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ သြဝါဒမားကိုလိုက်နာပါပြီ။ ကွန်တော်မျိုးအားအရှက်ကွဲစေတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။ အို ထာဝရဘုရား" ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့၏ အနက်အဋ္ဌိပ္ပါယ်ကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ယင်းတို့ကိုအမြဲတစေ လိုက်လှောက်ပါမည်။ ကိုယ်တော်ရှင်၏တရားတော်ကိုရှင်းလင်း ဖော်ပြတော်မူပါ။ ယင်းကိုကွန်တော်မျိုးသည်လိုက်နာပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ထိန်းပါမည်။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်မားကိုနှစ်သက်သည်ဖြစ်၍ ပညတ်တော်မားကိုစောင့်ထိန်းနိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ စည်းစိမ်ဥစ္စာခမ်းသာကြွယ်ဝလိုစိတ်အစား ကိုယ်တော်ရှင်၏ဆုံးမသွန်သင်ခက်တို့ကို လိုက်နာစိတ်ကွန်တော်မျိုးအားပေးတော်မူပါ။ အကျိုးမရှိသည့်အရာမားကိုအာရုံပြုမှုနှင့် ကင်းဝေးစေတော်မူ၍ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ကတိတော်အတိုင်းကေးဇူးပြုတော်မူပါ။ ကိုယ်တော်ရှင်ကိုကြောက်ရွံ့ရိုသေသောသူတို့အား ထားတော်မူသည့်ကတိတော်ကိုကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအားခံစားစေတော်မူပါ။ ကွန်တော်မျိုးကြောက်လန့်သည့်စော်ကားမှုမားမှ ကယ်တော်မူပါ။ ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ် တော်တို့ကို အလွန်စောင့်ထိန်းလိုပါ၏။ ကိုယ်တော်ရှင်သည်တရားမှတတော်မူသည် ဖြစ်၍ ကွန်တော်မျိုးအားအသက်ရှင်စေတော်မူပါ။
ဆာလံ 119:1-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မတရားမှုကိုမပြု၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။ ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏လမ်းခရီးတို့သည် တည်မြဲခြင်းရှိပါစေသော။ ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို သင်ယူရသောအခါ ဖြောင့်မှန်သောစိတ်နှလုံးဖြင့် ကိုယ်တော်ကိုချီးမွမ်းပါမည်။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းပါမည်။ အကျွန်ုပ်ကို အလျှင်းစွန့်ပစ်တော်မမူပါနှင့်။ လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။ အကျွန်ုပ်သည် စည်းစိမ်ဥစ္စာအလုံးစုံတို့အပေါ်၌ ရွှင်မြူးခြင်းရှိသကဲ့သို့ ကိုယ်တော်၏သက်သေခံချက်လမ်း၌ ရွှင်မြူးခြင်းရှိပါ၏။ ကိုယ်တော်၏ဥပဒေသတို့ကို ဆင်ခြင်အောက်မေ့လျက် ကိုယ်တော်၏လမ်းစဉ်တို့ကို ကြည့်ရှုဆင်ခြင်ပါမည်။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။ ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။ ကိုယ်တော်၏တရားတော်ထဲမှ အံ့ဖွယ်သောအမှုတို့ကိုမြင်နိုင်ရန် အကျွန်ုပ်၏မျက်စိကို ဖွင့်ပေးတော်မူပါ။ အကျွန်ုပ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဧည့်သည်ဖြစ်ပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။ ကိုယ်တော်၏ပညတ်တော်တို့မှလမ်းလွဲသွားကြ၍ မာနထောင်လွှားသောသူတို့နှင့် ကျိန်ဆဲခြင်းခံရသောသူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကို အကျွန်ုပ်ထံမှဖယ်ရှားတော်မူပါ။ အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။ ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ဖက်ဖြစ်ကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မြေမှုန့်၌ကပ်နေပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ အကျွန်ုပ်၏ဘဝလမ်းအကြောင်းတို့ကို အကျွန်ုပ်ဖော်ပြသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ပူဆွေးခြင်းကြောင့် ငိုယိုလျက်ရှိပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အားဖြည့်ပေးတော်မူပါ။ မုသားလမ်းကို အကျွန်ုပ်ထံမှ ဖယ်ရှား၍ ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အားပေးသနားတော်မူပါ။ အကျွန်ုပ်သည် သစ္စာတရားလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို မျက်မှောက်ပြုပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ဖက်တွယ်ထားပါ၏။ အကျွန်ုပ်ကို အရှက်ကွဲစေတော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးတိုင်အောင် လိုက်နာကျင့်သုံးပါမည်။ အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းကို နှစ်သက်သည်ဖြစ်၍ ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။ အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ ကိုယ်တော်ကိုကြောက်ရွံ့ခြင်းရှိစေရန် ကိုယ်တော်၏ကတိတော်ကို ကိုယ်တော်၏အစေအပါး၌ ပြည့်စုံစေတော်မူပါ။ အကျွန်ုပ်ကြောက်သောကဲ့ရဲ့ပြစ်တင်ခြင်းကို လွှဲဖယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကောင်းမြတ်ကြပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။