YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 9:20-21

ဗျာဒိတ် 9:20-21 Judson Bible (JBMLE)

ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။- ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။

ဗျာဒိတ် 9:20-21 Common Language Bible (BCL)

ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။- လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။

ဗျာဒိတ် 9:20-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။ မိမိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြုစား​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အတွက်​လည်း နောင်တ​မ​ရ​ဘဲ​နေ​ကြ​၏။