Matthew 22
22
1ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် ပုံဥပမာတေန ထပ်မံမောက် ဟောပြောသွန်သင်လေဟယ်။ 2ကိုယ်တော်ယေရှုဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ဆားရဲ့မင်္ဂလာပွဲမှာ စားပွဲဆောက်ပွဲပြင်ဆင်ပေးတဲ့ ဘုရင်တစ်ပါးနတူလေဟယ်။ 3ဆူဟ ဆူ့ရဲ့အစေခံတေကော် စေလွှတ်မောက် ဖိတ်ထားဆမားတေကော် မင်္ဂလာပွဲကော် လာရောက်ကြဖော့ ဆွားခေါ်ခိုင်းလယ်ဝ ဟဲင်းလူတေဟ မလာကြဘူး။ 4ဘုရင်ဟ တခြားအစေခံတေကော် ဖိတ်ထားတဲ့လူတေနားဆွားမောက် 'ငါရဲ့ မင်္ဂလာပွဲအတွက် စားပွဲဆောက်ပွဲကော် ပြင်ဆင်ထားပြီး ဖြစ်ဟယ်။ အဲစားပွဲဆောက်ပွဲအတွက် ငါ့ရဲ့နွားထီးန ဝဖြိုးတဲ့ နွားအငယ်တေကော်လဲ ဆတ်ပြီးပြီဖြစ်မောက် အကုန်လုံးလဲ အဆင်သင့်ဖြစ်နေပြီဖြစ်ဟယ်။ မင်္ဂလာပွဲကော် လာရောက်ကြပါ' လောက် ဆွားပြောကြ" ဆိုမောက် ပြောဖော့ ထပ်မံစေလွှတ်လေဟယ်။ 5ဟဲင်းပေမဲ့ ဆူ့တော့ဟ ဂရုမစိုက်ကြဘဲ တစ်ယောက်ဟ ဆူ့ရဲ့လယ်ထဲကော် ဆွားမောက် နောက်တစ်ယောက်ဟလဲ ဆူ့ရဲ့အလုပ်ကော် ဆွားခဲ့ကြလေဟယ်။ 6တခြားလူတေဟလဲ ဘုရင်စေလွှတ်လိုက်တဲ့ အစေခံတေကော် ဖမ်းဆီးမောက် ရိုက်နှက် နှိပ်စက်မောက် ဆတ်ပြစ်ကြလေဟယ်။ 7ဘုရင်ဟ ဟဲင်းအကြောင်းကော် ကြားတဲ့အခါမှာ အကြီးကျယ်ဒေါဆထွက်ဟားမောက် ဆူ့ရဲ့စစ်ဆားတေကော် စေလွှတ်ပြီးခါ ဟဲင်းလူဆတ်ဆမားတေကော် ဆတ်စေမောက် ဆူ့တော့ရဲ့မြို့ကော်လဲ မီးရှို့စေဟယ်။ 8ပြီးခါ ဘုရင်ဟ ဆူ့ရဲ့အစေခံတေကော် 'မင်္ဂလာပွဲဟ အဆင်သင့်ဖြစ်နေလယ်ဝ ဖိတ်ခေါ်ဟားတဲ့လူတေန မထိုက်တန်ဘူး။ 9ဟဲင်းကြောင့် လမ်းဆုံလမ်းခွတေကော် ဆွားမောက် တွေ့ဆမျှလူတေကော် မင်္ဂလာပွဲကော် လာရောက်ကြဖော့ သင်တော့ဖိတ်ခေါ်ကြပါ' လောက် အမိန့်ပေးလေဟယ်။ 10ဟဲင်းခါ အစေခံတေဟလဲ လမ်းတေပေါ်ကော် ထွက်လာကြမောက် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ဆူ့တော့ရှာတွေ့ဆမျှလူတေကော် အတူတူ စုဝေးကြလေဟယ်။ ဟဲင်းခါ မင်္ဂလာပွဲခန်းမဟလဲ ဧည့်ဆေတေန ပ္လေ့ဟားလေတော့ဟယ်။ 11ဟဲင်းပေမဲ့ဘုရင်ဟ ဧည့်ဆေတေကော် လာရောက်ကြည့်ရှုဖော့ ကြွလာတဲ့အခါ ဆူဟ မင်္ဂလာပွဲမှာ ဝတ်ဆင်ဖော့ပေးဟားတဲ့ အဝတ်အစားကော် မဝတ်လာတဲ့ယောက်ျားတစ်ယောက်ကော် တွေ့လေဟယ်။ 12ဟဲင်းခါ ဘုရင်ဟ ဟဲင်းလူကော် 'မိတ်ဆွေ၊ မင်္ဂလာပွဲမှာ ဝတ်ဆင်ဖော့ပေးဟားတဲ့ အဝတ်ကော် မဝတ်ဘဲ စာလောက် အဲနေရာကော်လာရဟား' လောက် မေးလေဟယ်။ ဟဲင်းပေမဲ့ ဟဲင်းလူဟ နှုတ်ဆိတ်မောက် နေလေဟယ်။ 13အဲခါ ဘုရင်ဟ ဆူ့ရဲ့အစေခံတေကော် 'အဲယောက်ျားရဲ့လက်နခေကော် ကြိုးနတုတ်မောက် အပြင်ဖက်အမှောင်ထဲကော် နှင်ထုတ်လိုက်ကြပါ။ ဟဲင်းနေရာမှာ အံကော် ကြိတ်မောက် ငိုကြွေးနေနေစေ' လောက် ပြောလေဟယ်။ 14ဟဲင်းအတိုင်းပဲ အကြီးကျယ်များတဲ့ လူတေဟ ခေါ်ဆောင်ခြင်းခံရလယ်ဝ ရွေးကောက်ခြင်းခံရဆမားမှာ နည်းနည်းလေးပဲ ရှိမှာဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 15ဟဲင်းခါ ဖာရိရှဲတေဟ ထွက်ဟားကြမောက် ကိုယ်တော်ကော် တစ်ခုခုကော် မှားယွင်းစွာ ပြောဆိုလာစေဖော့ ဖယ်လဲအကွက်ဆင်ကြမဲင်ကော် တိုင်ပင်ဆွေးနွေးကြလေဟယ်။ 16ပြီးခါ ဆူ့တော့ဟ ဆူ့တော့ရဲ့တပဲ့တေကော် ဟေရုဒ်ရဲ့နောက်လိုက်တေနအတူ ကိုယ်တော်နားကော် စေလွှတ်မောက် "ကိုယ်တော်၊ ကိုယ်တော်ဟ ရိုးဆားဖြောင့်မတ်တဲ့လူဖြစ်မောက် လူတေကော် ဘုရားရှင်အလိုရှိတဲ့အရာတေကော် အမှန်အတိုင်း ဟောပြောသွန်သင်ဆုံးမတော်မူမောက် မဆူ့မျက်နှာမှ မထောက်ဘဲသလဲ လူတေကြားမှာလဲ မဆူ့ကော်မှ ဘက်မလိုက်ဟာကော် ကျွန်ုပ်တော့ဆိပါဟယ်။ 17ဟဲင်းကြောင့် ကိုယ်တော်ဖယ်လဲထင်မြင်တဲ့အကြောင်း အကျွန်ုပ်တော့ကော် ပြောပြတော်မူပါ။ ဆီဇာဘုရင်ဧကရာဇ်ကော် အခွန်ဆက်သရဟာဟ ပညတ်တရားတော်န ညီလား" လောက် မေးလျှောက်ကြလေဟယ်။ 18ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ ဆူ့တော့ရဲ့ ယုတ်မာတဲ့ အကြံအစည်ကော် ဆိတော်မူညောင်း "ဆူတော်ကောင်းယောင်ဆောင်ဟားတဲ့ သင်တော့၊ စာလောက် ငါ့ကော် စမ်းသပ်ချင်နေကြဟား။ 19အခွန်ဆက်သရတဲ့ ငွေဒင်္ဂါးတစ်ပြားကော် ငါ့ကော်ပြပါ" ဆိုမောက် မိန့်တော်မူခါ ဆူ့တော့ဟ ငွေဒင်္ဂါးတစ်ပြားကော် ကိုယ်တော်နားကော် ယူဆောင်လာလေဟယ်။ 20ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "ငွေဒင်္ဂါးပြားပေါ်မှာ ရှိတဲ့ရုပ်ပုံန နံမေမှာ မဆူ့ဖြစ်ဟား" လောက် မိန့်လေဟယ်။ 21ဆူ့တော့ဟလဲ "ဆီဇာဘုရင် ဧကရာဇ်ဖြစ်ပါဟယ်" လောက် လျှောက်ကြတဲ့အခါ ကိုယ်တော်ဟ "ဟဲင်းလဲဆိုခါ ဆီဇာဘုရင် ဧကရာဇ်နဆိုင်တဲ့အရာကော် ဆီဇာဘုရင်ဧကရာဇ်ကော် ပေးမောက် ဘုရားရှင်နဆိုင်တဲ့အရာကော် ဘုရားရှင်ကော် ပေးကြပါ" လောက် မိန့်တော်မူလေဟယ်။ 22ဆူ့တော့ဟ ဟဲင်းစကားကော် ကြားရတဲ့အခါ အကြီးကျယ်အံ့ဩဟားကြလေဟယ်။ ပြီးခါ ဆူ့တော့ဟ ကိုယ်တော်နားဟနေ ထွက်ဟားကြလေဟယ်။ 23ဟဲင်းနေ့မှာ ဆေပြီးခါ ဆေဆမားကော် အဆက်ပ္လန်ရှင်ဟာမရှိလောက် ပြောကြတဲ့ ဇဒ္ဒုကဲတစ်ချို့ဟ ကိုယ်တော်နားကော် လာကြလေဟယ်။ ဆူ့တော့ဟ ကိုယ်တော့်ကော် 24"ကိုယ်တော်၊ မောရှေဟ 'ယောက်ျားတစ်ယောက်ဟ လူဆငယ်မမွေးပဲ ဆေဟားခါ ဆူ့ရဲ့ညီဟ ဆူ့ရဲ့မိန်းမကော် လက်ထပ်မောက် ဆူ့အတွက် လူဆငယ်ကော် မွေးပေးရမဲင်ဖြစ်ဟယ်' ဆိုမောက် ဟောကြားခဲ့ပါဟယ်။ 25ဟဲင်းလဲဆိုခါ ညီကိုခုနှစ်ယောက်ရှိတဲ့မိဆားစုမှာ ပထမဆုံးတစ်ယောက်ဟ လက်ထပ်မောက် ဆားဆမီးမမွေးပဲ ဆေဟားညောင်း ဆူ့ရဲ့မိန်းမကော် ဆူ့ညီနားမှာ ထားခဲ့လေဟယ်။ 26ပြီးခါ ဒုတိယညီနတတိယညီဟလဲ ဟဲင်းနည်းအတိုင်းဖြစ်ခဲ့ကြညောင်း နောက်ဆုံးမှာ ညီအကိုခုနစ်ယောက်လုံးဟလဲ ဟဲင်းသလဲ ဖြစ်ခဲ့ကြလေဟယ်။ 27အဆုံးမှာ ဟဲင်းမိန်းမဟလဲ ဆေဟားခဲ့လေဟယ်။ 28ဟဲင်းဆိုခါ ဆေရာဟနေ ပ္လန်မောက်ရှင်သန်ထမြောက်တဲ့အခါမှာ ဟဲင်းမိန်းမဟ ညီအကိုခုနစ်ယောက်ထဲဟ မဆူ့ရဲ့မိန်းမဖြစ်ဟား။ စာလောက်ဟားဆိုခါ ဟဲင်းမိန်းမဟ ညီအကိုခုနစ်ယောက်စလုံးန လက်ထပ်ခဲ့ညောင်း ဖြစ်ဟယ်" လောက် မေးလျှောက်ကြလေဟယ်။ 29ဟဲင်းခါ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "သင်တော့ဟ ကျမ်းစာကော်လဲ မဆိပဲသလဲ ဘုရားရှင်ရဲ့တန်ခိုးတော်ကော်လဲ မဆိကြလောက်ညောင်း အယူမှားနေကြဟာဖြစ်ဟယ်။ 30ဆေရာဟနေ ပ္လန်မောက်ရှင်သန်ထမြောက်တဲ့ကာလမှာ လူတေဟ လက်ထပ်ထိမ်းမြားဟာတေကော် လုပ်ကြတော့မှာမဟုတ်ပဲသလဲ လက်ထပ်ထိမ်းမြားဖော့ ပေးစားဟာတေလဲ ရှိကြတော့မှာ မဟုတ်ဘူး။ ဟဲင်းအစားလူတေဟ ရွှေမြို့တော်မှာရှိတဲ့ နတ်ဒေဝါတေသလဲ ဖြစ်ကြရမှာပဲ ဖြစ်ဟယ်။ 31ဆေဟားဆမားတေ ပ္လန်မောက်ရှင်သန်ထမြောက်ဟာန ပတ်သက်မောက် ဘုရားရှင်မိန့်တော်မူဟာတေကော် သင်တော့မဖတ်ဖူးကြဘူးလား။ ဘုရားရှင်ဟ 32'ငါဟ အာဗြံဟံရဲ့ဘုရား၊ ဣဇက်ရဲ့ဘုရား န ယာကုပ်ရဲ့ဘုရားဖြစ်ဟယ်' လောက် မိန့်တော်မူခဲ့ဟယ်။ ဘုရားရှင်ဟ ဆေဟားဆမားတေရဲ့ ဘုရားမဟုတ်ပဲ အဆက်ရှင်နေဆမားတေရဲ့ဘုရားဖြစ်ဟယ်" ဆိုမောက် မိန့်တော်မူလေဟယ်။ 33လူထုပရိတ်ဆတ်တေဟ ဟဲင်းဟောပြောချက်တေကော် ကြားဆိရတဲ့အခါ ကိုယ်တော်ရဲ့ဟောပြောသွန်သင်ဆုံးမမှုကော် အံ့ဩချီးမွမ်းကြလေဟယ်။ 34ဟဲင်းပေမဲ့ ကိုယ်တော်ဟ ဇဒ္ဒုကဲတေကော် နှုတ်ဆိတ်စေခဲ့ကြောင်း ဖာရိရှဲတော့ကြားဆိရတဲ့အခါ ဆူ့တော့ဟ အတူတူစုဝေးကြလေဟယ်။ 35ဆူ့တော့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်ဟ ကိုယ်တော့်ကော် စမ်းသပ်လိုညောင်း 36"ကိုယ်တော်၊ ပညတ်တရားတေထဲမှာ ဖယ်ပညတ်တော်ဟ အကြီးမြတ်ဆုံးဖြစ်ဟား" လောက် မေးလျှောက်ကြလေဟယ်။ 37ကိုယ်တော်ယေရှုဟ ဟဲင်းလူကော် "ကိုယ်၊ စိတ်၊ နှလုံး ဆုံးပါးလုံးန သင့်ရဲ့ဘုရားရှင်ကော် အကြွင်းမဲ့ ယုံကြည်ချစ်ခင်ရမှာပဲ ဖြစ်ဟယ်။ 38အဲဟာဟ ကြီးမြတ်တဲ့ပထမဆုံး ပညတ်တော်ပဲ ဖြစ်ဟယ်။ 39ဒုတိယပညတ်တော်မှာ ကိုယ့်ရဲ့အိမ်နီးချင်းကော် ကိုယ့်ဟာကိုချစ်သလဲ ချစ်ခင်ရမဲင်ဆိုမောက်ဖြစ်ဟယ်။ 40ပညတ်တရားကျမ်းန အရိယာဆူတော်စင်တော့ ဟောပြောသင်ကြားခဲ့တဲ့ အရာတေဟ ဟဲင်းပညတ်တရားနှေပါးပေါ်မှာပဲ မူတည်ထားကြဟာဖြစ်ဟယ်" ဆိုမောက် မိန့်တော်မူလေဟယ်။ 41ပြီးခါ ဖာရိရှဲတော့စုဝေးနေကြချိန်မှာ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် မေးခွန်းတခု မေးလေဟယ်။ 42ကိုယ်တော်ဟ ကယ်တင်ရှင်ခရစ်တော်န ပတ်သက်မောက် သင်တော့ဖယ်လဲ ထင်မြင်ယူဆကြဟား။ ဆူဟ မဆူ့ရဲ့ဆားတော်ဖြစ်ဟား" လောက်မေးခါ ဆူ့တော့ဟ "ဒါဝိဒ်ရဲ့ဆားတော်ဖြစ်ပါဟယ်" လောက် ပ္လန်လည်လျှောက်တင်ကြလေဟယ်။ 43ကိုယ်တော်ဟ ဆူ့တော့ကော် "ဟဲင်းလဲဆိုခါ ဒါဝိဒ်ဟ ဘုရားရှင်ရဲ့ဉာဏ်အလင်းတော်န 44'ဘုရားရှင်ဟ ငါရဲ့အရှင်ကော် သင့်ရဲ့ရန်ဆူတေကော် သင့်ခေဖဝါးအောက်ကော် ရောက်အောင်လုပ်ပြီးချိန်အထိ ငါရဲ့လက်ယာဖက်မှာ ထိုင်တော်မူပါလောက် မိန့်တော်မူလေဟယ်' ဆိုမောက် စာလောက်ဆိုရဟား။ 45ဒါဝိဒ်ဟ ကယ်တင်ရှင်ခရစ်တော်ကော် ငါ့ရဲ့အရှင်လောက်ခေါ်ခါ ခရစ်တော်ဟ ဒါဝိဒ်ရဲ့ဆားဖယ်လဲဖြစ်နိုင်မဟား" လောက် မိန့်တော်မူလေဟယ်။ 46ဟဲင်းခါ မဆူ့မှ ကိုယ်တော်ကော် ပ္လန်လည်ဖ္လေကြားနိုင်ခြင်းမရှိပဲသလဲ ဟဲင်းနေ့ဟနေစမောက် မဆူ့မှလဲ ကိုယ်တော်ကော် နောက်ထပ်မေးခွန်းတေ မမေးရဲကြတော့ပါ။
Obecnie wybrane:
Matthew 22: INT
Podkreślenie
Udostępnij
Kopiuj
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.