ကလေးများအတွက် သမ္မာကျမ်းSample

ဘုရားသ္ခင်သည် အရာရာကိုဖန်ဆင်းခဲ့၏! ဘုရားသ္ခင်သည် ပထမလူအာဒံကို ဖန်ဆင်းချိန်တွင် သူသည် သူ့ဇနီး ဧ၀နှင့် ဧဒင်ဥယျာဥ်ထဲတွင် နေထိုင်ခဲ့၏။ သူတို့သည် ဘုရားသ္ခင်ကို နာခံခြင်းဖြင့် ပြည့်စုံ သောပျော်ရွှင်မှုကို ကိုယ်တော့်မျက်မှောက်တွင် ခံစားခဲ့ကြရသည်မှာ ထိုနေ့တိုင် ဖြစ်ခဲ့ . . .
“ဘုရားသ္ခင်သည် သင်တို့ကို အပင်တိုင်း မစားဖို့ မိန့်ခဲ့သလား” မြွေသည်ဧ၀ကိုမေးခဲ့၏။ “ငါတို့ သည် တစ်ပင်ကလွဲလို့ အပင်တိုင်းရဲ့အသီးကိုစားနိုင်တယ်” သူမက ပြန်ဖြေခဲ့သည်။ “ငါတို့အဲဒီအသီးကို စားခဲ့ရင် ငါတို့သေရလိမ့်မယ်။” “သင်တို့သေကြရမှာမဟုတ်” မြွေသည် ပြုံးဖြဲဖြဲဖြင့်ဆို၏။ သင်တို့သည် ဘုရားသ္ခင်ကဲ့သို့ ဖြစ်လာကြလိမ့်မယ်။” ဧ၀သည် ထိုအပင်မှအသီးကို လိုချင်ခဲ့၏။ သူမသည် မြွေ၏ စကားကို နားထောင်ပြီး အသီးကိုစားခဲ့၏။
ဧ၀သည် ဘုရားသ္ခင်ကို နာခံမှုမပြုခဲ့သည့်နောက် အာဒံကိုလည်း ထိုအသီးကို စားစေခဲ့၏။ အာဒံ သည် ထိုသို့ပြောခဲ့သင့်ပေ၏။ “မစားဘူး! ကျွန်တော်၊ ဘုရားရဲ့ စကားတော်ကို မရိုမသေပြုမှာမဟုတ်”
အာဒံနှင့် ဧ၀တို့ အပြစ်ပြုပြီးနောက် သူတို့သည် အ၀တ်မရှိကြောင်းသိခဲ့ကြ၏။ သူတို့သည် သဖန်း ရွက်ကိုစပ်၍ သူတို့၏အရှက်ကိုကာပြီး ဘုရားသ္ခင်၏မျက်မှောက်တော်မှ လွတ်ရန် ချုံထဲတွင် ပုန်းနေခဲ့ ကြ၏။
ညချမ်းအချိန်တွင် ဘုရားသ္ခင်သည် ဥယျာဥ်ထဲသို့ ကြွတော်မူလာခဲ့သည်။ ကိုယ်တော်သည် အာဒံ နှင့်ဧ၀ပြုခဲ့သော အမှုကိုသိတော်မူ၏။ အာဒံသည် ဧ၀ကို အပြစ်တင်၏။ ဧ၀ကလည်း မြွေကိုအပြစ်တင် ၏။ ဘုရားသ္ခင်က မိန့်တော်မူခဲ့သည်မှာ “မြွေသည် ကျိန်ခြင်းကို ခံရမည်။ မိန်းမသည်ကလေးမွေးသော အခါ နာကျင်မှုကို ခံစားရလိမ့်မည်။”
“အာဒံ၊ သင်သည်လည်း အပြစ်ကိုပြုခဲ့သည့်အတွက် မြေကြီးသည်ကျိန်ခြင်းကို ခံခဲ့ရကာ ဆူးပင်၊ ပေါင်းပင်များ ပေါက်လာခဲ့၏။ သင်သည် နေ့စဥ်စားရန်အတွက် ပင်ပန်းကြီးစွာချွေးထွက်အောင် အလုပ် လုပ်ရလိမ့်မည်။”
ဘုရားသ္ခင်သည် အာဒံနှင့်ဧ၀ကို အံ့ဖွယ်ကောင်းသော ဥယျာဥ်မှ နှင်ထုတ်ခဲ့ပါသည်။ အကြောင်းမှာ သးတို့သည် အပြစ်ပြုခဲ့ကြပြီ၊ သူတို့သည် အသက်ပေးသောဘုရားသ္ခင်နှင့် ကွဲကွာသွားခဲ့ကြပြီ။
ဘုရားသ္ခင်သည် သူတို့ကို မီးလျှံဓားဖြင့် နှင်ထုတ်ခဲ့သည်။ ဘုရားသ္ခင်သည် အာဒံနှင့် ဧ၀အတွက် သားမွေးအ၀တ်ကို ပြုပေးခဲ့သည်။ ထိုသားမွေး သားရေကို ဘုရားသခင်က ဘယ်က ယူခဲ့ရသနည်း?
အချိန်နှင့်အမျှ၊ အာဒံနှင့် ဧ၀အတွက် မိသားစု၀င်များ မွေးဖွားလာခဲ့သည်။ သားဦးဖြစ်သော ကာ ဣနသည် ဥယျာဥ်စိုက်သူဖြစ်သည်။ ဒုတိယသား အာဗေလသည် သိုးထိန်းဖြစ်၏။ တစ်နေ့တွင် ကာဣနသည် ဘုရားသ္ခင်အား လက်ဆောင်ပေးရန် ဟင်းသီးဟင်းရွက်တစ်ချို့ကို ယူ ဆောင်လာခဲ့သည်။ အာဗေလသည် လည်း သူ့သိုးများ ထဲမှ အကောင်းဆုံး တစ်ချို့ကို ဘုရားသ္ခင် အားလက်ဆောင်ပေးရန် ယူဆောင်လာခဲ့သည်။ ဘုရားသ္ခင်သည် အာဗေလ၏ လက်ဆောင်ကို ကျေနပ်လေ ၏။
ဘုရားသ္ခင်သည် ကာဣန၏ လက်ဆောင်ကို နှစ်သက်ခြင်းမရှိချေ။ ကာဣနသည် အလွန်ဒေါသ ဖြစ်လေ၏။ သို့သော် ဘုရားသ္ခင်က မိန့်တော်မူသည်မှာ “သင်သာ မှန်ရာကို ပြုမယ်ဆိုရင် သင့်ကို လက် မခံပဲ နေမလား?”
ကာဣန၏ဒေါသက ပျောက်မသွားချေ။ မကြာမီအချိန်အတွင်းတွင် သူသည် အာဗေလကို ကွင်း ထဲတွင် တိုက်ခိုက်၍ သတ်ပစ်လိုက်လေသည်။
ဘုရားသ္ခင်သည် ကာဣနကို ပြောခဲ့၏။ “အာဗေလ၊ မင်းရဲ့ ညီ ဘယ်မှာလဲ?” “ကျွန်တော်မသိဘူး၊” ကာဣနက လိမ်သည်။ “ကျွန်တော်ဟာ ကျွန်တော်ညီကို ထိန်းတဲ့လူလား?” ဘုရားသ္ခင်သည် ကာဣနကိုသူ၏ လယ်ယာလုပ်တတ်သောအစွမ်းကို ရုတ်သိမ်းကာ လှည့်လည်နေထိုင်သူတစ်ယောက်ဖြစ်စေခဲ့၏။
ကာဣနသည် ဘုရားသ္ခင်၏ မျက်မှောက်တော်မှ ထွက်ခွါသွားခဲ့ရ၏။ သူသည် အာဒံနှင့် ဧ၀၏ သ မီးနှင့် လက်ထပ်ခဲ့သည်။ သူတို့သည် မိသားစုတစ်စု ဖြစ်လာခဲ့ပါသည်။ မကြာမီတွင် ကာဣန၏မြေးနှင့် မြစ်တို့ဖြင့် သူတည်ထောင်သောမြို့အား ပြည့်လေ၏။
ထိုအတောအတွင်းတွင် အာဒံနှင့် ဧ၀တို့၏ မိသားစုတို့သည် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ ထိုအချိန်က လူတို့သည် ယနေ့လူတို့ထက် အသက်များစွာရှည်ခဲ့ကြ၏။
ဧ၀က သူ့သား ရှေသ မွေးသောအခါ ဤသို့ဆိုခဲ့၏၊ “ဘုရားသ္ခင်သည် ကျွန်မအား အာဗေလ၏နေ ရာတွင် ရှေသကို ပေးတော်မူပြီ။” ရှေသသည် ဘုရားကိုကြည်ညိုသောသူဖြစ်ကာ ကလေးများစွာရ၍ အ သက် ၉၁၂ နှစ်အထိ နေထိုင်ခဲ့၏။
ကမ္ဘာလောကကြီးထဲတွင် လူတို့သည် မျိုးဆက် တစ်ဆက်ထက်တစ်ဆက် ပိုမို ဆိုးသွမ်းလာခဲ့ကြ ၏။ နောက်ဆုံးတွင် ဘုရားသ္ခင်သည် လူသားမျိုးကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ပြီး သားရဲနှင့် ငှက်များအားလုံးတို့ ပါ၀င်သည်။ ဘုရားသ္ခင်သည် လူသားကို ဖန်ဆင်းခဲ့ခြင်း၌နောင်တရတော်မူ၏။ သို့သော် လူတစ်ဦးကတော့ ဘုရားသ္ခင်ကို ကျေနပ်စေခဲ့၏ ...
ထိုသူမှာ နောဧ ဖြစ်၏။ ရှေသ၏ မျိုးဆက်ဖြစ်ပြီး နောဧသည် ဖြောင့်မတ်၍ အပြစ်ကင်း၏။ သူသည်ဘုရားသ္ခင်နှင့် အတူလျှောက်လှမ်း၏။ သူသည် သူ့သားသုံးဦးကိုလည်း ဘုရားသ္ခင်ကို ရိုသေတတ်ရန် သွန်သင်ထား၏။ ယခု ဘုရားသ္ခင် သည် နောဧကို အထူးနည်းလမ်းဖြင့် အလွန်ထူးဆန်းစွာအသုံးပြုရန် စီမံထား၏။
ပြီး၏
Scripture
About this Plan

ဘယ်လိုလူအပေါင်းတို့ကိုစတင်ခဲ့တာလဲ ကျနော်တို့အဘယ်အရပ်ကလာသနည်း အဘယ်ကြောင့်ဤမျှလောက်ဒုက္ခကမ္ဘာပေါ်မှာရှိသလော မည်သည့်မျှော်လင့်ချက်ရှိပါသလော ဘဝသေသောနောက်ရှိပါသလား? သငျသညျကမ်ဘာ၏ဤစကားမှန်သမိုင်းကိုဖတ်ပြီးအဖြစ်အဖြေကိုရှာပါ။
More
Related Plans

Transforming Culture

Healing From God

Strong and Secure

I'm Just a Guy: Raising Kids

The Tree Life Chose Me

Artist Rise Up: Embrace Your Calling, Release God’s Glory

Two-Year Chronological Bible Reading Plan (First Year-August)

Fasting for Life: 3 Days of Spiritual Strength

God, Glitter & Grace: Prom Prayer Plan
