ကလေးများအတွက် သမ္မာကျမ်းSample

မိန်းကလေးတစ်ဦးသည် ဆူညံနေသော တောင်စောင်းပေါ်တွင် မတ်တပ်ရပ်နေ၏။ ၀မ်းနည်းနေ သော သူ့မျက်လုံးများသည် ကြောက်ဖွယ်ကောင်းသော မြင်ကွင်းကိုကြည့်နေခဲ့၏။ သူ့သားတော်သည် သေအံ့ဆဲဆဲရှိ၏။ မိခင်မှာ မာရိဖြစ်ကာ ယေရှု ကပ်တိုင်၌ သံမှိုနှက်ခံရသောနေရာတွင် ရပ်နေ၏။
ယင်းတို့သည် အဘယ်သို့ဖြစ်ခဲ့သနည်း? ယေရှု၏ လှပသောဘ၀သည် ဘယ်လို ကြောက်ဖွယ်ဘ၀ ဖြင့် အဆုံးသတ်ခဲ့ရသနည်း? ဘုရားသ္ခင်သည် သူ့သားတော်ကို ဘယ်လို ဘယ်လို ကပ်တိုင်၌ သံမှိုနှက်ရန် ခွင့်ပြုခဲ့ရသနည်း? ယေရှုသည် သူမည်သူဖြစ်ကြောင်း အမှားပြုခဲ့သလော? ဘုရားသ္ခင်သည် ကျဆုံးခဲ့သ လား?
မဟုတ်ပါ။ ဘုရားသ္ခင်သည် ကျဆုံးမှု မရှိခဲ့ပါ။ ယေရှုသည် အမှား၊ အပြစ် တစ်စုံတရာကို မပြုခဲ့ပါ။ ယေရှုသည် ယုတ်မာသောလူများကြောင့် သူသေရမည်ကို အစဥ်သိပါသည်။ ယေရှု ကလေးငယ် ဘ၀ကပင် အဖိုးကြီးရှိမုန်သည် ၀မ်းနည်းမှုကို ကြိုပြင်ဆင်ထားသည့်ကြောင်းကို မာရိကိုပြောခဲ့၏။
နေ့အနည်းငယ် ယေရှု အသေခံတော်မမူမှီ မိန်းမတစ်ယောက်သည်လာ၍ ကိုယ်တော့်ခြေရင်း၌ ဆီမွေးကိုသွန်းလောင်းလေ၏။ “သူသည် ငွေကို ဖြုန်းတီးနေသည်” တပည့်တော်များက စောဒကတက် ၏။ “သူသည် မင်္ဂလာရှိသောအလုပ်ကို လုပ်ခဲ့ပြီ” ဟု ယေရှုကဆိုခဲ့၏။ “သူသည်ငါ့ကိုသင်္ဂြိုဟ်ရန် ငါ့ကို ထိုသို့ပြုခဲ့ပြီ။” အဘယ်မျှထူးဆန်းသော စကားနည်း!
၎င်းပြီးနောက် ယေရှု၏တပည့်တော်ဆယ့်နှစ်ပါးအ၀င် ယုဒသည် ယဇ်ပုရောဟိတ်အကြီးအကဲ ထံတွင် ငွေစ ၃၀ ရယူ၍ သစ္စာဖောက်ရန် သဘောတူခဲ့၏။
ဂျူးတို့၏ပသခါပွဲတော်တွင် ယေရှုသည် တပည့်တော်များနှင့်အတူ နောက်ဆုံးညစာကို စားခဲ့၏။ ကိုယ်တော်သည် ကိုယ်တော့်ကို ချစ်သောသူများအတွက် အံ့သြဖွယ်ကောင်းသော ဘုရားသ္ခင်နှင့် ကတိ တော်များအကြောင်းကို ပြောခဲ့၏။ ထိုနောက် ယေရှုသည် မုန့်နှင့်ခွက်ကိုယူ၍ သူတို့အား ၀ေငှခဲ့၏။ယင်း တို့မှာ ယေရှု၏ခန္ဓာတော်နှင့် အသွေးတော်သည် အပြစ်ကို ဖြေလွှတ်သည့်အကြောင်းကို အသိပေးခဲ့၏။
ထိုနောက် ယေရှုသည် သူ့မိတ်ဆွေများကို သူသည် သစ္စာဖောက်ခံရမည့်အကြောင်း၊ သူတို့သည် ထွက်ပြေးကြမည့်အကြောင်းကို ဆိုခဲ့၏။ “ကျွန်တော်ကတော့မပြေးဘူး” ပေတရုက အခိုင်အမာဆို၏။ “ကြက်မတွန်မီတွင် သင်သည် ငါ့ကို သုံးကြိမ်ငြင်းလိမ့်မည်” ယေရှုကပြန်၍ မိန့်တော်မူခဲ့၏။
ထိုညတွင် ယေရှုသည် ဂေသရှေမန်ဥယျာဥ်သို့ ဆုတောင်းရန်သွားခဲ့၏။ ယေရှုနှင့် အတူရှိသော တပည့်တော်တို့သည် အိပ်ပျော်ခဲ့ကြ၏။ “အိုအဖ၊ “ ယေရှုဆုတောင်းခဲ့၏၊ “... ဤခွက်ကို ကျွန်ုပ်ထံမှ လွန်သွားပါစေ။ သို့သော် ကျွန်ုပ်၏အလိုအတိုင်းမဖြစ်စေပဲ ကိုယ်တော့်အလိုတော်အတိုင်းသာဖြစ် တော် မူပါစေ။”
ရုတ်တရက် ယုဒဦးဆောင်သော လုစုတစ်စုသည် ဥယျာဥ်ထဲသို့ ၀င်လာခဲ့၏။ ယေရှုသည် ခုခံမှု မပြုခဲ့၊ သို့သော် ပေတရုက လူစုထဲမှ တစ်ယောက်၏ နားရွက်ကို ဓားဖြင့်ဖြတ်လိုက်၏။ ယေရှုသည် ထိုသူ၏ နားရွက်ကို တို့ထိပြီး အနာငြိမ်းစေခဲ့၏။ သူအဖမ်းခံရသည်မှာ ဘုရားသ္ခင်၏ အလိုတော်ရှိ၍ ဖြစ်ကြောင်း ယေရှုသိတော်မူသည်။
ထိူလူစုသည် ယေရှုကို ယဇ်ပုရောဟိတ်အကြီးအကဲထံသို့ ခေါ်သွားကြ၏။ ထိုနေရာတွင် ဂျူး ခေါင်းဆောင်များက ယေရှုသည် သေရမည့်အကြောင်း ပြော၏။ ပေတရုသည် အမှုထမ်းများအနီးတွင် မီးလှုံရင်း မတ်တပ်ရပ်၍ စောင့်ကြည့်ခဲ့၏။ သုံးကြိမ်မြောက်အောင် လူတို့က ပေတရုကို စူးစိုက်ကြည့်၍ပြော၏။ “သင်သည် ယေရှုနှင့် အတူ ရှိခဲ့သည်!” ပေတရုကလည်း ထိုသုံးကြိမ်စလုံးကိုငြင်း၏။ ပေတရုသည် ကျိန်တွယ်၍ပင် ပြောခဲ့သေး၏။
တစ်ချိန်တည်းတွင် ကြက်တွန်သံ ကြားရ၏။ ယင်းသည် ပေတရုအတွက် ဘုရားသ္ခင်၏ အသံ တော်ကဲ့သို့ပင် ဖြစ်၏။ ယေရှု၏ စကားတော်ကို ပေတရုသည် ပြန်သတိရလာကာ ခါးသည်းစွာ ငိုကြွေး ခဲ့၏။
ယုဒသည် ၀မ်းနည်း၏။ သူသည် ယေရှု၌ မည်သည့်ဒုစရိုက်အပြစ်မှမရှိကြောင်းကို သိ၏။ ယုဒ သည် ငွေစ ၃၀ ကို ပြန်ပေးခဲ့၏။ သို့သော် ယဇ်ပုရောဟိတ်များက ပြန်မယူခဲ့ကြ။ ယုဒသည် ငွေများကို လွှင့်ပစ်ခဲ့ပြီး တွက်သွားကာ မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့၏။
ယဇ်ပုရောဟိတ်များသည် ယေရှုကို ရောမအာဏာပိုင် ပိလတ်မင်း၏ရှေ့သို့ ဆောင်ခဲ့ကြ၏။ ပိ လတ်က “ငါသည် ဤလူ၌ မည်သည်အပြစ်မှမတွေ့။” ဟုဆို၏။ သို့သော် လူစုက “သူ့ကို ကားတင်ပါ! သူ့ကိုကားတင်ပါ!” ဟု အော်ကြ၏။
နောက်ဆုံးတွင် ပိလတ်မင်းက ယေရှုကိုကားတိုင်ပေါ်တွင် သေစေရန် အလျှော့ပေးကာ စီရင်ခဲ့၏။ စစ်သားများသည် ကိုယ်တော့်ကို လက်သီးနှင့်ထိုး၊ မျက်နှာတော်ကို တံတွေးနှင့်ထွေး၊ ကြာပွတ်နှင့်ရိုက်ခဲ့ ကြ၏။ သူတို့သည် ဆူးဦးရစ်ကို ပြုကာ ကိုယ်တော့်ခေါင်းတော်ပေါ်သို့ ရက်ရက်စက်စက် ဖိ၍ ဆောင်း ပေးခဲ့ကြ၏။ ထို့နောက် ကိုယ်တော့်ကို သစ်သားကားတိုင်၌ သေစေရန် သံနှင့် ကပ်ရိုက်ခဲ့ကြ၏။
ယေရှုသည် ထိုသို့ အသေခံရမည်ကို အစဥ် သိရှိတော်မူ၏။ ကိုယ်တော့်သေခြင်းကြောင့် ကိုယ် တော့်ကို ယုံကြည် ကိုးစားသော သူတို့အတွက် အပြစ်မှခွင့်လွှတ်ခြင်း ခံရမည်ကိုလည်း သိတော်မူ၏။ အပြစ်သားနှစ်ဦးသည် ယေရှု၏ ဘေးတစ်ဖက်စီတွင်ရှိ၏။ တစ်ဦးသည် ယေရှုကို ယုံကြည်၍ ပရဒိသု ဘုံသို့ရောက်၏။ အခြားတစ်ဦးမှာ မရောက်။
နာရီများစွာ ဒုက္ခခံပြီးနောက် ယေရှုသည် “အမှုပြီးပြီ” ဟုမိန့်တော်မူကာ အသက်တော်ငြိမ်းခဲ့၏။ ကိုယ်တော့်အမှုတော်သည် ပြည့်စုံခဲ့ပြီ။ မိတ်ဆွေများက ကိုယ်တော့်ကို ကိုယ်ပိုင်သင်္ချိုင်းဂူတစ်ခု၌ သင်္ဂြိုဟ်ပေးခဲ့ကြ၏။
ထိုနောက်တွင် ရောမစစ်သားများ သင်္ချိုင်းဂူကို တံဆိပ်ခတ်၍ စောင့်ကြပ်ခဲ့ကြ၏။ မည်သူကမှ အ၀င်၊အထွက် မပြုကြရပေ။
အကယ်၍ တို၀တ္ထုသည်ပြီးဆုံးပြီဆိုလျှင် မည်မျှ၀မ်းနည်းစရာ ကောင်းမည်နည်း။ သို့သော် ဘုရားသ္ခင်သည် အံ့ဖွယ်အရာတစ်ခုကိုပြုတော်မူခဲ့သည်။ ယေရှုသည် သေခြင်း၌သာ မနေခဲ့ပါ။
ရက်သတ္တပတ်၏ ပထမနေ့ မနက်စောစောတွင် ယေရှု၏ တပည့်တော်များသည် သင်္ချိုင်းဂူကိုပိတ် ထားသော ကျောက်တုံးကြီးက အ၀ေးသို့ရောက်ရှိနေသည်ကို တွေ့ခဲ့ကြ၏။သူတို့သည် ဂူအတွင်းသို့ ကြည့်လိုက်သောအခါ ယေရှုသည် ထိုနေရာတွင် မရှိတော့ချေ။
မိန်းမတစ်ယောက်သည် သင်္ချိုင်းဂူအနီးတွင် ငိုနေ၏။ ယေရှုသည် သူ့အနားတွင် ထင်ရှားတော်မူခဲ့ ၏။ သူသည် အပြေးပြန်၍ အခြားတပည့်တော်များထံသို့ ၀မ်းမြောက်စွာ ပြောပြ၏။ “ယေရှုသည် အသက်ရှင်ပြီ၊ ယေရှုသည် သေခြင်းမှ ပြန်ရှင်ခဲ့ပြီ”
မကြာမီ ယေရှုသည် တပည့်တော်များထံသို့ကြွလာခဲ့ပြီး လက်တော်မှ သံမှိုနှင့် ရိုက်ခံထားရသော အမာရွတ်ကို ပြတော်မူ၏။ ယင်းသည်မှန်ကန်ခဲ့ပြီ။ ယေရှုသည် တဖန်ပြန်ရှင်တော်မူပြီ! ကိုယ်တော် သည် ပေတရုက သူ့ကိုငြင်းပယ်ခဲ့သော်လည်း ခွင့်လွှတ်တော်မူခဲ့၏။ ကိုယ်တော့်အကြောင်းကို လူတိုင်း ကိုပြောပြရန် မိန့်မှာတော်မူ၏။ ထိုနောက် ကိုယ်တော်သည် သူကြွလာခဲ့သော ကောင်းကင်ဘုံသို့ ပြန်ကြွ သွားတော်မူ၏။
ပြီး၏
Scripture
About this Plan

ဘယ်လိုလူအပေါင်းတို့ကိုစတင်ခဲ့တာလဲ ကျနော်တို့အဘယ်အရပ်ကလာသနည်း အဘယ်ကြောင့်ဤမျှလောက်ဒုက္ခကမ္ဘာပေါ်မှာရှိသလော မည်သည့်မျှော်လင့်ချက်ရှိပါသလော ဘဝသေသောနောက်ရှိပါသလား? သငျသညျကမ်ဘာ၏ဤစကားမှန်သမိုင်းကိုဖတ်ပြီးအဖြစ်အဖြေကိုရှာပါ။
More
Related Plans

Becoming a Hero With Lisa Bevere

Clothed in My Right Mind

Still Before God

Two-Year Chronological Bible Reading Plan (First Year-August)

The Thread for Survivors: A 5-Day Devotional Journal of Healing, Finding Your Voice and Sacred Becoming

Love God Greatly - 5 Promises of God to Cling to When Your World Feels Shaky

Adventure in Evangelism

What Is the Fear of the Lord?

BEMA Liturgy I — Part C
