1
ယောဟန် 5:24
ခေတ်သစ်မြန်မာ သမ္မာကျမ်း
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
Linganisha
Chunguza ယောဟန် 5:24
2
ယောဟန် 5:6
ယေရှုသည် ထိုသူ လဲလျောင်းနေသည်ကို မြင်၍ နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းကို သိတော်မူလျှင် “သင်ကျန်းမာလိုသလော” ဟု မေးတော်မူ၏။
Chunguza ယောဟန် 5:6
3
ယောဟန် 5:39-40
သင်တို့သည် ကျမ်းစာက ထာဝရအသက်ပေးသည်ဟု ထင်မှတ်၍ ကျမ်းစာကို လေ့လာတတ်ကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်း သက်သေခံ၏။ သို့သော် သင်တို့သည် ထိုထာဝရအသက်ကို ရရန် ငါ့ထံသို့ မချဉ်းကပ်လိုကြပေ။
Chunguza ယောဟန် 5:39-40
4
ယောဟန် 5:8-9
ယေရှုက “ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ သူသည် ချက်ချင်းပင် အကောင်းပကတိဖြစ်လာ၍ အိပ်ရာကို ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။
Chunguza ယောဟန် 5:8-9
5
ယောဟန် 5:19
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သားတော်သည် မည်သည့်အမှုကိုမျှ မိမိအလိုအလျောက် မပြုနိုင်။ ခမည်းတော်ပြုတော်မူသောအမှုကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်သည်လည်း ပြု၏။
Chunguza ယောဟန် 5:19
Nyumbani
Biblia
Mipango
Video