ထို့နောက် ယေရှုသည် မုန့်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် လူတို့ကို ဝေတော်မူ၏။ ထိုနည်းတူ ငါးတို့ကိုလည်း လူတို့ အလိုရှိသမျှ ဝေတော်မူ၏။
လူတို့ ဝလင်စွာ စားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား “ကြွင်းကျန်သောအကျိုးအပဲ့များကို အလေအလွင့် မရှိစေရန် ကောက်သိမ်းကြလော့” ဟု မိန့်တော်မူ၏။