ကြိုးဖြင့် ကြာပွတ်ကိုကျစ်၍ သိုးများ၊ နွားများအားလုံးကို ဗိမာန်တော်ဝန်းမှ နှင်ထုတ်တော်မူ၍ ငွေကြေးလဲလှယ်သူတို့၏ငွေဒင်္ဂါးပြားများကို သွန်ချပြန့်ကြဲပစ်၍ ထိုသူတို့၏စားပွဲများကို မှောက်လှန်တော်မူ၏။ ထို့နောက် ကိုယ်တော်က ချိုးငှက်ရောင်းသူတို့အားလည်း “၎င်းတို့ကို ဤနေရာမှ ယူသွားကြလော့။ ငါ၏အဖဘုရားအိမ်တော်အား ဈေးရုံကဲ့သို့ ပြုနေခြင်းကို ရပ်တန့်ကြလော့” ဟုမိန့်တော်မူ၏။