Matthew 10

10
1ပြီးခါ ကိုယ်တော်ယေရှုဟ တပဲ့တော်ဆယ့်နှေပါးတော့ကော် ခေါ်မောက် မကောင်းဆိုးဝါးတော့ကော် နှင်ထုတ်နိုင်ဖော့န အနာရောဂါအကုန်ဟုန်းကော် ကုသစေနိုင်တဲ့ အခွင့်အာဏာကော် ပေးအပ်တော်မူခဲ့လေဟယ်။ 2တပဲ့တော်ဆယ့်နှေယောက်ရဲ့ နံမေတေမှာ ပေတရုလောက်ခေါ်တဲ့ ရှိမုန်န ဆူ့ရဲ့ညီ အန္ဒြေ၊ ဇေဗေဒဲရဲ့ဆား ယာကုပ်န ဆူ့ရဲ့ညီယောဟန် 3ဖိလိပ္ပုန ဗာသောလမဲ၊ သောမန အခွန်ကောက်ဆမား မဿဲ၊ အာလဖဲရဲ့ဆား ယာကုပ်နသဒ္ဒဲ၊ 4မျိုးချစ်ပုဂ္ဂိုလ်လောက်ခေါ်တဲ့ ရှိမုန်န ကိုယ်တော်ကော် သစ္စာဖောက်မဲ့ ယုဒရှကာရုတ်aတော့ ဖြစ်ကြဟယ်။ 5ကိုယ်တော်ယေရှုဟ ဟဲင်းတပဲ့တော်ဆယ့်နှေယောက်ကော် "တိုင်းတစ်ပါးဆားတေရှိတဲ့ နေရာတေကော် မဆွားကြန။ ရှမာရိနယ်ဆားတေ ရှိတဲ့မြို့ကော်လဲ မဝင်ကြန။ 6ဟဲင်းအစား ပျောက်ဆုံးနေတဲ့သိုးတေသလဲ ဖြစ်နေကြတဲ့ အစ္စရေးလူမျိုးတေနားကော်ပဲ ဆွားကြပါ။ 7လမ်းခရီးမှာ 'ရွှေမြို့တော်ရဲ့ဆာဆနာတော် ပေါ်ထွန်းလုနီးဝေါက်' လောက် ဟောပြောကြပါ။ 8နေမကောင်းဖြစ်နေဆမားတေကော် ကုသပေးမောက် ဆေတဲ့လူတေကော် ပ္လန်ရှင်စေပါ။ အနားကြီးရောဂါဖြစ်ဆမားတေကော်လဲ စင်ကြယ်စေမောက် မကောင်းဆိုးဝါးတေကော်လဲ နှင်ထုတ်ကြပါ။ သင်တော့ဟ ဟဲင်းအစွမ်းကော် အခမဲ့ရသလဲ တခြားလူတေကော်လဲ အခမဲ့ ကူညီကြပါ။ 9သင်တော့ရဲ့အိတ်ကပ်ထဲမှာလဲ ဖယ် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတေကော်မှ မထေ့ဟားကြနဲ့။ 10လမ်းခရီးအတွက် လွယ်အိတ်၊ အဝတ်အပို မဟုတ်ပဲလောက် ဖိနပ်အပိုန တောင်ဝှေးတေကော်လဲ မယူဟားကြနဲ့။ စာလောက်ဟားဆိုခါ အလုပ်ဆမားဟ လိုအပ်တဲ့ အဖိုးအခကော် ရသင့်ညောင်းဖြစ်ဟယ်။ 11ဖယ်မြို့ရွာကော်မဆို သင်တော့ဝင်တဲ့အခါ ဟဲင်းမြို့ရွာမှာ သင်တော့ကော် လိုလိုလားလား ကြိုဆိုတဲ့လူကော် ရှာဖွေမောက် ဟဲင်းမြို့ရွာဟနေ မထွက်ခွာခင်အထိ ဟဲင်းလူရဲ့အိမ်မှာပဲ တည်းခိုနေထိုင်ပါ။ 12အိမ်ထဲကော် ဝင်တဲ့အခါမှာလဲ ဟဲင်းမိဆားစုအတွက် ကောင်းကျိုးချမ်းဆာတေရရှိဖော့ ဆုမွန်ကောင်းတောင်းပေးကြပါ။ 13ဟဲင်းမိဆားစုဟ ကောင်းကျိုးချမ်းဆာန ထိုက်တန်ခါ ဟဲင်းမိဆားစုဟ ဘုရားရှင်နားဟနေ ကောင်းကျိုးချမ်းဆာတေကော် ရရှိလိမ့်မဲင်။ ဟဲင်းပေမဲ့ ဟဲင်းမိဆားစုဟ ထိုက်တန်ခြင်းမရှိပဲခါ ကောင်းကျိုးချမ်းဆာတေဟ ဆူ့တော့အပေါ် သက်ရောက်မဲင်မဟုတ်ဘူး။ 14တကယ်လောက် အိမ်တစ်အိမ် မဟုတ်ပဲလောက် မြို့တစ်မြို့ဟ သင်တော့ကော် မကြိုဆို၊ သင်တော့ရဲ့စကားကော် နားထောင်ဖော့ လက်မခံဘဲခါ ဟဲင်းအိမ် မဟုတ်ပဲလောက် ဟဲင်းမြို့ဟနေ ထွက်ခွာချိန်မှာ သင်တော့ရဲ့ ခေဖဝါးမှာရှိတဲ့ ဖုန်မှုန့်တေကော် ခါခ္လခဲ့ကြပါ။ 15သင်တော့ကော် ငါအမှန်ဆိုရခါ တရားစီရင်တဲ့နေ့မှာ ဘုရားရှင်ဟ အဲမြို့မှာရှိတဲ့လူတေထက် သောဒုံမြို့bန ဂေါမောရမြို့မှာရှိတဲ့လူတေကော် ပိုမောက် သက်သက်ညှာညှာ စီရင်လိမ့်မဲင်။ 16နားထောင်ကြပါ။ သင်တော့ကော် စေလွှတ်ဟာဟ ဝံပုလွေအုပ်ထဲကော် သိုးတေကော် စေလွှတ်သလဲ ဖြစ်နေညောင်း သင်တော့ဟ မြွေတေသလဲ လိမ္မာပါးနပ်မောက် ချိုးငှက်သလဲ ရိုးဆားဖြူစင်ကြပါ။ 17လူတေကော် သတိထားကြပါ။ စာလောက်ဟားဆိုခါ ဆူ့တော့ဟ သင်တော့ကော် ဖမ်းဆီးမောက် တရားရုံးတေနား အပ်နှံကြမဲင်ဖြစ်မောက် ဆူ့တော့ရဲ့ဓမ္မာရုံတေမှာလဲ သင်တော့ကော် ရိုက်နှက်ကြလိမ့်မဲင်။ 18သင်တော့ဟ ငါ့အတွက်ကြောင့်န ဘုရင်ခံန ရှင်ဘုရင်တေရဲ့ ရှေ့ကော် ခေါ်ဆောင်ဟားဟာကော် ခံကြရလိမ့်မဲင်။ ဟဲင်းနည်းန သင်တော့ဟ ဟဲင်းလူတေန လူမျိုးခြားတေကော် မင်္ဂလာသတင်းကောင်းကော် ပြောကြရလိမ့်မဲင်။ 19သင်တော့ကော် ဟဲင်းသလဲအပ်နှံကြတဲ့အခါ သင်တော့ဟ စာကော်ပြောရမဟား မဟုတ်ပဲလောက် ဖယ်လဲပြောကြရမဲင်ဆိုဟာကော် မစိုးရိမ်၊ မပူပန်ကြန။ စာလောက်ဟားဆိုခါ သင်တော့ စာပြောရမဟားဆိုဟာကော် ဟဲင်းအချိန်မှာပဲ သင်တော့ ရကြလိမ့်မဲင်။ 20ဟဲင်းပေမဲ့ သင်တော့ပြောနေတဲ့ စကားတေဟ သင်တော့ရဲ့စကားတေမဟုတ်ပဲ ဉာဏ်အလင်းတော်ဟ သင်တော့နားဟနေ တစ်ဆင့်ပြောဆိုတဲ့ စကားတေဖြစ်ဟယ်။ 21ညီကိုအချင်းချင်း တစ်ယောက်နတစ်ယောက်ရော၊ မိဖဟ ဆားဆမီးကော်ရော ဆေအောင် လုပ်ကြလိမ့်မဲင်။ ဆားဆမီးတေဟလဲ ဆူ့တော့ရဲ့မိဖတေကော် ဆန့်ကျင်ပုန်ကန်မောက် ဆေအောင် လုပ်ကြလိမ့်မဲင်။ 22ငါ့အတွက်ကြောင့်န လူအများဟ သင်တော့ကော် မုန်းတီးကြလိမ့်မဲင်။ ဟဲင်းပေမဲ့ အဆုံးထိ ငါ့ကော် ယုံကြည်ဆမားတေဟ ကယ်တင်ခံရလိမ့်မဲင်။ 23မြို့တမြို့ဟ လူတေဟ သင်တော့ကော် နှိပ်စက်ညှဉ်းပန်းကြခါ တစ်ခြားမြို့တစ်မြို့ကော် ထွက်ပ္လေးကြပါ။ သင်တော့ကော် ငါအမှန်ပြောရခါ အစ္စရေးပ္လေမှာရှိတဲ့ မြို့တေတိုင်းကော် သင်တော့မဆွားနိုင်ခင် အချိန်မှာပဲ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟ ကြွလာလိမ့်မဲင်။ 24ဆရာထက်ပိုမောက် မြင့်မြတ်တဲ့ တပဲ့ဆိုမောက် မရှိပဲသလဲ ဖယ်အစေခံမှလဲ ဆူ့အရှင်သခင်ရဲ့အထက်မှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ 25ဟဲင်းကြောင့် တပဲ့ဟ ဆူ့ရဲ့ဆရာသလဲဖြစ်လာမောက် အစေခံဟလဲ ဆူ့ရဲ့အရှင်သခင်သလဲ ဖြစ်လာခါ လုံလောက်ဝေါက်။ အိမ်ထောင်ဦးစီးကော်တောင် 'မကောင်းဆိုးဝါး ဗေလဇေဗုလ' လောက် ခေါ်နေကြခါ မိဆားစုဝင်တေကော် ပိုမောက် ဆိုးဝါးတဲ့နံမေတေန ခေါ်ကြလိမ့်မဲင်။ 26ဟဲင်းကြောင့် လူတေကော် မကြောက်ကြပါနဲ့။ စာလောက်ဟားဆိုခါ မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်တဲ့ဟာဆိုမောက် မရှိဘဲသလဲ လျှို့ဝှက်ထားမောက်ရတဲ့ဟာဆိုမောက်လဲ မရှိဘူး။ 27သင်တော့ကော် ငါသီးသန့်ပြောဆိုတဲ့စကားတေကော် လူတေကော် ပြောပြကြမောက် သင်တော့နားမှာ တိုးတိုးတိတ်တိတ်ကြားတဲ့ စကားတေကော်လဲ လူတိုင်းကြားနိုင်အောင် အက္လယ်ဟုန်း ပြောကြပါ။ 28ခန္ဓာကိုယ်ကော်ပဲ ဆတ်နိုင်မောက် စိတ်ဝိညာဉ်ကော် မဆတ်နိုင်ဆမားကော် မကြောက်ကြနဲ့။ ဟဲင်းအစား ခန္ဓာကိုယ်နစိတ်ဝိညာဉ် နှေခုလုံးကော် ငရဲမှာ ဖျက်ဆီးနိုင်တဲ့ ဘုရားရှင်တစ်ပါးထဲကော်ပဲ ကြောက်ကြပါ။ 29စာပုတ်တီးငှက်c နှေကောင်ကော် တန်ဖိုးနည်းတဲ့ ငွေဒင်္ဂါးတစ်ပြားန ရောင်းကြဟာမဟုတ်ဝါး။ ဟဲင်းပေမဲ့ အဖဘုရားရှင်ရဲ့ အလိုတော်မပါပဲ ဟဲင်းငှက်နှေကောင်ထဲဟ တစ်ကောင်ကော်တောင် မ္လေပေါ်ကော် ပ္လုတ်က္လအောင် လုပ်နိုင်မှာမဟုတ်ဘူး။ 30ဘုရားရှင်ဟ သင်ရဲ့ခေါင်းပေါ်မှာ ခေါင်းမွေးဖယ်လောက် ရှိဟာကော်တောင် ရေတွက်ထားပြီးဝေါက်။ 31ဟဲင်းကြောင့် မကြောက်ကြန။ သင်တော့ဟ စာပုတ်တီးငှက်အများဟုန်းထက်တောင် ပိုမောက်အဖိုးထိုက်တန်ပါဟယ်။ 32ဟဲင်းကြောင့် မဆူ့ညင်းညင်း လူတေရှေ့မှာ ငါ့ကော် လက်ခံကြောင်းပြောဆိုခါ ငါဟလဲ ရွှေမြို့တော်မှာရှိတဲ့ ငါ့ရဲ့အဖဘုရားရှင်ရှေ့မှောက်မှာ ဟဲင်းလူတေကော် လက်ခံကြောင်းပြောဆိုမဲင်။ 33ဟဲင်းလဲဆိုခါ လူတေရဲ့ရှေ့မှာ ငါ့ကော်ငြင်းပယ်ဆမားဟ ရွှေမြို့တော်မှာရှိတော်မူတဲ့ ငါ့ရဲ့အဖဘုရားရှင်ရှေ့မှောက်မှာ ဆူ့တော့ကော် ငါငြင်းပယ်မဲင်။ 34ငါဟ ခုကမ္ဘာမ္လေပေါ်ကော် ငြိမ်းချမ်းခြင်းတေပဲ ယူလာဟာလောက် မတွေးကြန။ ငါဟ ငြိမ်းချမ်းခြင်းကော် ယူလာဟာ မဟုတ်ပဲ ထားd ကော်ပဲ ယူလာဟာဖြစ်ဟယ်။ 35ဆားဟ ဖခင်ကော်ဆန့်ကျင်မောက် ဆမီးဟ မိခင်ကော်ဆန့်ကျင်ဖော့န ချွေးမဟ ဆူမရဲ့ယောက္ခမကော် ဆန့်ကျင်စေဖော့အတွက် ငါလာခဲ့ဟာဖြစ်ဟယ်။ 36လူတစ်ယောက်ရဲ့ရန်ဆူဟ ဟဲင်းလူရဲ့ မိဆားစုထဲဟ ဖြစ်လိမ့်မဲင်။ 37ငါ့ထက် ပိုမောက်ဖခင်နမိခင်ကော် ချစ်မြတ်နိုးဆမားဟ ငါနမထိုက်တန်ပဲသလဲ ငါ့ထက်ပိုမောက် ဆားနဆမီးကော် ချစ်မြတ်နိုးဆမားဟလဲ ငါနမထိုက်တန်ဘူး။ 38ကိုယ့်ရဲ့လက်ဝါးကပ်တိုင်ကော် ကိုယ်တိုင်ထမ်းမောက် ငါ့ရဲ့နောက်ကော် မလိုက်တဲ့လူဟလဲ ငါနမထိုက်တန်ဘူး။ 39ကိုယ့်ရဲ့အဆက်ကော် ထိန်းသိမ်းစောင့်ရှောက်နေတဲ့လူဟ ဟဲင်းအဆက်ကော် ဆုံးရှုံးရမှာဖြစ်သလဲ ငါ့အတွက်န ကိုယ့်ရဲ့အဆက်ကော် ဆုံးရှုံးခံနိုင်ဆမားဟ အဆက်ကော် ရရှိလိမ့်မဲင်။ 40သင်တော့ကော် ကြိုဆိုလက်ခံဆမားဟ ငါ့ကော် ကြိုဆိုလက်ခံဆမားဖြစ်မောက် ငါ့ကော် ကြိုဆိုလက်ခံဆမားဟလဲ ငါ့ကော် စေလွှတ်လိုက်တဲ့အဖဘုရားရှင်ကော် ကြိုဆိုလက်ခံဆမားပဲဖြစ်ဟယ်။ 41အရိယာဆူတော်စင်ရဲ့နံမေန အရိယာဆူတော်စင်ကော် ကြိုဆိုလက်ခံဆမားဟ ဟဲင်းအရိယာဆူတော်စင်ရရှိခံစားရတဲ့ အကျိုးကျေးဇူးကော် ရရှိခံစားရမဲင်ဖြစ်မောက် ဖြောင့်မတ်မှန်ကန်တဲ့လူကော် လက်ခံကြိုဆိုဆမားဟလဲ ဟဲင်းဖြောင့်မတ်မှန်ကန်တဲ့လူ ရရှိခံစားရတဲ့ အကျိုးကျေးဇူးကော် ရရှိခံစားရမှာ ဖြစ်ဟယ်။ 42ငါ့ရဲနောက်လိုက်တပဲ့တော်ဖြစ်ဟာညောင်း ဟဲင်းတပဲ့တော်တေထဲဟ တစ်ယောက်ယောက်ကော် ရေးအေး တစ်ခွက်တိုက်တဲ့လူ မဆူ့ညင်းညင်း ဆုလာဘ်တေ ဆေချာပေါက် ရရှိလိမ့်မဲင်" လောက် မိန့်မှာမောက် စေလွှတ်တော်မူလေဟယ်။

Chwazi Kounye ya:

Matthew 10: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte