Matthew 11

11
1ကိုယ်တော်ယေရှုဟ တပဲ့တော်ဆယ့်နှေယောက်ကော် ဆုံးမသွန်သင်တော်မူပြီးခါ ဟဲင်းနေရာဟနေ ထွက်ခွာမောက် အနီးနားရှိ မြို့ရွာတေမှာ လိုက်မောက် သွန်သင်ဟောပြောလေဟယ်။ 2ဟဲင်းအချိန်မှာ ထောင်ထဲမှာရှိနေတဲ့ ယောဟန်ဟ ကိုယ်တော် ပြုလုပ်ဆောင်ရွက်တဲ့ အမှုကိစ္စတေကော် ကြားဆိရခါ ဆူ့ရဲ့တပဲ့တေကော် သတင်းစကားပါးမောက် ကိုယ်တော့်နားကော် စေလွှတ်လိုက်လေဟယ်။ 3ယောဟန်ရဲ့တပဲ့တေဟ ကိုယ်တော်ယေရှုနားကော် ရောက်လာကြမောက် "ကိုယ်တော်ဟ ကြွရောက်လာမဲင်လောက် ဟောကြားထားတဲ့လူလား။ မဟုတ်ပဲလောက် ကျွန်ုပ်တော့ တခြားလူတစ်ယောက်ကော် ထပ်မံစောင့်ရအုံးမလား" လောက် မေးလျှောက်ကြလေဟယ်။ 4ဟဲင်းခါ ကိုယ်တော်ယေရှုဟ "သင်တော့ မြင်တွေ့ရ၊ ကြားဆိခဲ့ရဆမျှကော် ယောဟန်ကော် ဆွားမောက် ပြောပြကြပါ။ 5မျက်မမြင်တေဟ မျက်စိပ္လန်မြင်ကြရမောက် ခေထောက်မသန်စွမ်းတဲ့လူတေဟလဲ လမ်းပ္လန်လျှောက်နိုင်ကြဝေါက်။ အနာကြီးရောဂါဖြစ်ဆမားတေဟ ပျောက်ကင်းကျန်းမာဟားကြမောက် နားမကြားရပဲဆမားတေဟလဲ နားပ္လန်ကြားနိုင်ကြဝေါက်။ ဆေနေဆမားတေဟ ပ္လန်အဆက်ရှင်ကြမောက် ဆင်းရဲဆားတေဟလဲ မင်္ဂလာသတင်းကောင်းကော် ကြားကြရဟယ်။ 6ဘုရားရှင်ဟ ငါ့ကော် မငြင်းပယ်တဲ့လူတေကော် နှစ်သက်တော်မူဟယ်" ဆိုမောက် မိန့်လေဟယ်။ 7ပြီးခါ ယောဟန်ရဲ့တပဲ့တေ ပ္လန်ဟားချိန်မှာ ကိုယ်တော်ယေရှုဟ လူထုပရိတ်ဆတ်တေကော် ယောဟန်နပတ်သက်မောက် မိန့်ဆိုဟာဟ "သင်တော့ဟ တောကန္တာရထဲကော် ဖယ်ဟာကော် မြင်ချင်လောက် ဆွားကြဟား။ လေတိုက်ချိန်မှာ ယိမ်းယိုင်နေတဲ့ မြက်ပင်ရှည်တေကော်လား။ 8ဟဲင်းအရာမှမဟုတ်ပဲခါ ဖယ်ဟာကော် ကြည့်ဖော့ ဆွားကြဟား။ တန်ဖိုးကူးတဲ့ အဝတ်အစားတေဝတ်ဆင်ဟားတဲ့ ယောက်ျားတစ်ယောက်ကော်လား။ တန်ဖိုးကူးတဲ့ အဝတ်အစားတေကော် ဝတ်ဆင်တဲ့လူတေဟ ဘုရင့်နန်းတော်ထဲမှာပဲ ရှိကြဟယ်။ 9ဟဲင်းဆိုခါ သင်တော့ ဖယ်ဟာကော် ဆွားကြည့်ကြဟား။ အရိယာဆူတော်စင် တစ်ယောက်ကော်လား။ မှန်ဟယ်။ သင်တော့ကော် ငါဆိုဟာဟ ယောဟန်ဟ အရိယာဆူတော်စင်တစ်ယောက် ဆိုဟာထက် သာလွန်ဟယ်။ 10ကျမ်းစာထဲမှာ ‌ရေးဆားဖော်ပြထားတဲ့ 'နားထောင်ကြပါ။ သင့်ရဲ့ရှေ့မှာ သင့်ရဲ့လမ်းကော် ပြင်ဆင်ပေးမဲ့လူတစ်ယောက်ကော် ငါစေလွှတ်တော်မူမဲင်' ဆိုတဲ့ ကျမ်းချက်ထဲဟ လူဟ ယောဟန်ပဲဖြစ်ဟယ်။ 11သင်တော့ကော် ငါအမှန်တိုင်းဆိုရခါ မိန်းမတေနားဟနေ မွေးဖွားလာတဲ့လူတေထဲမှာ ရေနှစ်မင်္ဂလာပေးဆမား ဆရာယောဟန်ထက် ကြီးမြတ်တဲ့လူတစ်ယောက်မှ မပေါ်ဆေးဘူး။ ဟဲင်းပေမဲ့ ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ အနိမ့်ဆုံးလူဟတောင် ယောဟန်ထက် ကြီးမြတ်ဟယ်။ 12ရေနှစ်မင်္ဂလာပေးဆမား ဆရာယောဟန်လက်ထက်ဟနေ ခုချိန်ထိ ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဟာတေခံခဲ့ရမောက် ရက်စက်ကြမ်းကြုတ်တဲ့လူတေဟ ဟဲင်းဟာကော် အတင်းအကျပ် ဆိမ်းဖော့ ကြိုးစားကြဟယ်။ 13စာလောက်ဟားဆိုခါ အရိယာဆူတော်စင်တေ အကုန်ဟုန်းရဲ့ကျမ်းတေန ရွှေမြို့တော်န ပတ်သက်မောက် ကြိုတင်ဟောပြောဟားတဲ့ ပညတ်ကျမ်းတေဟ ယောဟန်ပေါ်လာဟာန မှန်ကန်လာမှာဖြစ်ညောင်းဖြစ်ဟယ်။ 14ဟဲင်းဟာကော် သင်တော့ လက်ခံဖော့ ဆန္ဒရှိကြခါ အရိယာဆူတော်စင်တေ ကြိုတင်ဟောကြားခဲ့တဲ့ ရောက်ရှိလာမဲ့ ဧလိယဟ ယောဟန်ပဲဖြစ်ဟယ်။ 15နားရှိမောက် နားထောင်နိုင်ကြတဲ့လူတေ အကုန်ဟုန်း ကြားကြပါစေ။ 16ဟဲင်းပေမဲ့ ခုကာလမှာရှိတဲ့လူတေကော် ဖယ်အရာနခိုင်းနှိုင်းရမဟား။ ဆူ့တော့ဟ ဆေးaမှာ ထိုင်နေကြမောက် ဆူ့တော့ရဲ့ ကစားဖော်တေကော် 17'ငါတော့ပုလွေမှုတ်လယ်ဝ သင်တော့ မကကြဘူး။ ငါတော့ငိုချင်းကော် ဆိုနေလယ်ဝ သင်တော့မငိုကြွေးကြဘူး' လောက် အော်ဟစ်လှမ်းခေါ်နေတဲ့ လူဆငယ်တေနတူလေဟယ်။ 18စာလောက်ဟားဆိုခါ ယောဟန်ဟ ရောက်လာမောက် မစားမဆောက်ပဲနေခါ ဆူ့တော့ဟ 'ဆူ့မှာ မကောင်းဆိုးဝါးပူးကပ်နေဟယ်' လောက် ဆိုကြဟယ်။ 19ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ ရောက်လာမောက် စားဆောက်နေခါ ဆူ့တော့ဟ 'ဆူ့ကော် ကြည့်ကြအုံး။ ဆူဟ အစားအဆောက် အကြီးကျယ်စားဆမားဖြစ်မောက် အခွန်ကောက်ဆမားတေန အပြစ်ဒုစရိုက်ဆမားb တေရဲ့ မိတ်ဆွေလဲဖြစ်ဟယ်' လောက် ပြောဆိုကြပ္လန်ဟယ်" ဆိုမောက် မိန့်တော်မူလေဟယ်။ 20ပြီးခါ ကိုယ်တော်ယေရှုဟ ဆူ့ရဲ့ အံ့ဖွယ်အမှုတေကော် အများဆုံးလုပ်ပေးခဲ့တဲ့ မြို့တေရှိ လူတေဟ နောင်တသံဝေဂမရကြဘဲညောင်း စတင်မောက် ပြစ်တင်ပြောဆိုလေဟယ်။ 21"ခေါရာဇိန်မြို့၊ သင်ဟ ဒုက္ခရောက်လိမ့်မဲင်။ ဗက်ဇဲဒမြို့၊ သင်ဟလဲ ဒုက္ခရောက်လိမ့်မဲင်။ စာလောက်ဟားဆိုခါ သင်တော့နားမှာ ပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုကိစ္စတေကော် တုရုမြို့န ဇိဒုန်မြို့တေမှာပဲ ပြုလုပ်ခဲ့ခါ ဟဲင်းမြို့ဟ လူတေဟ ဟောအရင်ခါစ အထည်ကြမ်းတေကော် ဝတ်ဆင်မောက် ခေါင်းပေါ်မှာ ပ္လာc မှုန့်တေလူးမောက် နောင်တသံဝေဂရခဲ့ကြမှာပဲ။ 22ဟဲင်းပေမဲ့ အဲလူတေ နောင်တသံဝေဂမရကြရင်တောင် သင်တော့ကော် ငါပြောရခါ တရားစီရင်တော်မူတဲ့နေ့ကော် ရောက်တဲ့အခါ တုရုမြို့နဇိဒုန်မြို့ကော် က္လရောက်မဲ့ အပြစ်တရားဟ သင်တော့အပေါ်မှာက္လရောက်မဲ့ အပြစ်တရားထက် အကြီးကျယ်နည်းပါးလိမ့်မဲင်။ 23ကပေရနောင်မြို့၊ သင်ဟလဲ ရွှေမြို့တော်ကော် ပို့ဟာခံရမဲင်လောက် ထင်နေဟာလား။ သင်ဟ ငရဲကော်ပဲ ပစ်ခ္လဟာ ခံရမဲင်ဖြစ်ဟယ်။ စာလောက်ဟားဆိုခါ သင်လုပ်ခဲ့တဲ့ အံ့ဖွယ်အမှုကိစ္စတေကော် သောဒုန်မြို့မှာပဲ လုပ်ပြခဲ့ခါ ဟဲင်းမြို့ဟ ခုချိန်ထိ တည်ရှိနေအုံးမဲင်ဖြစ်ဟယ်။ 24သင်တော့ကော် ငါပြောရခါ တရားစီရင်တော်မူမဲ့နေ့ကော် ရောက်တဲ့အခါ ဘုရားရှင်ဟ သောဒုန်မြို့ကော် သင်တော့ထက် ပိုမောက် ပေါ့ပေါ့လျော့လျော့ စီရင်တော်မူလိမ့်မဲင်" ဆိုမောက် မိန့်တော်မူခဲ့လေဟယ်။ 25ဟဲင်းအချိန်မှာ ကိုယ်တော်ယေရှုဟ "ကောင်းကင်န မ္လေကြီးရဲ့ အရှင်သခင် ဖြစ်တော်မူတဲ့ အဖဘုရားရှင်။ ကိုယ့်ဟာကိုယ် ပညာရှိမောက် ဉာဏ်ထက်မြက်ဆမားလောက် ထင်နေကြဆမားနားဟနေ ဟဲင်းအကြောင်းအရာတေကော် ကွယ်ဝှက်ထားမောက် လူဆငယ်တေသလဲလူတေကော် ပြသတော်မူညောင်း အဖဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကော် ချီးမွမ်းပါဟယ်။ 26ဟဲင်းလဲ ပြုလုပ်တော်မူဟာဟ အဖဘုရားရှင်ရဲ့ ဆဖောဆန္ဒ ဖြစ်ညောင်း မှန်ကန်ပါဟယ်။ 27အခွင့်အာဏာအကုန်ဟုန်းကော် ငါရဲ့အဖဘုရားရှင်ဟ ငါ့ကော် ပေးပြီးဟာ ဖြစ်မောက် အဖဘုရားရှင်ဟ လွဲမောက် ဆားတော်ကော် မဆူ့မှမဆိနိုင်ဘဲသလဲ ဆားတော်န ဆားတော်ရွေးချယ်ဟားတဲ့လူတေဟလွဲမောက် အဖဘုရားရှင်ကော်လဲ မဆူ့မှ မဆိနိုင်ဘူး။ 28လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးတေကော် ထမ်းမောက် ပင်ပန်းနေတဲ့လူတေအကုန်ဟုန်း၊ ငါ့နားကော် လာကြပါ။ ငါဟ သင်တော့ကော် နားခိုဖော့ကော် ပေးမဲင်။ 29ငါရဲ့ထမ်းပိုးကော် ထမ်းမောက် ငါ့နားဟ သင်ယူကြပါ။ ငါဟ နူးညံ့သိမ်မွေ့မောက် နှိမ့်ခ္လတဲ့စိတ်ရှိညောင်း၊ သင်ဟ သင်ရဲ့စိတ်ဝိညာဉ် ငြိမ်းချမ်းရာကော် တွေ့လိမ့်မဲင်။ 30စာလောက်ဟားဆိုခါ ငါရဲ့ထမ်းပိုးဟ ထမ်းရလွယ်မောက် ငါရဲ့ဝန်ထုပ်ဟလဲ ပေါ့ပါးညောင်းဖြစ်ဟယ်" ဆိုမောက် မိန့်တော်မူလေဟယ်။

Chwazi Kounye ya:

Matthew 11: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte