Matthew 12

12
1ပြီးခါ ဥပုသ်နေ့aတစ်နေ့မှာ ကိုယ်တော်ယေရှုဟ စပါးခင်းတေကော် ဖ္လမောက်ဆွားလေဟယ်။ ဟဲင်းခါ ကိုယ်တော်ရဲ့တပဲ့တေဟ ဆာလောင်လာကြညောင်း စပါးစေ့တေကော် ခူးမောက် စားကြလေဟယ်။ 2အဲဟာကော် ဖာရိရှဲတစ်ချို့ဟ မြင်တဲ့အခါ ကိုယ်တော်ကော် "ကြည့်ပါအုံး၊ သင်ရဲ့တပဲ့တေဟ ဥပုသ်နေ့မှာ ပညတ်ထားတဲ့ မလုပ်ရတဲ့အမှုကိစ္စကော် လုပ်နေကြဟယ်" လောက် ပြောလေဟယ်။ 3ကိုယ်တော်ဟလဲ ဆူ့တော့ကော် "ဒါဝိဒ်ဟ ဆူအပါအဝင် ဆူနအတူရှိနေတဲ့လူတေ ဆာလောင်လာကြတဲ့အခါ စာလုပ်ခဲ့ဟားဆိုဟာကော် သင်တော့ မဖတ်ဖူးကြဘူးလား။ 4ဆူဟ ဘုရားရှင်ရဲ့အိမ်တော်ထဲကော် ဝင်မောက် ဂျူးပုရောဟိတ်တေဟ လွဲမောက် စားခွင့်မရှိတဲ့ ပူဇော်ဟားတဲ့ မုန့်တေကော် ဆူကိုယ်တိုင်စားတဲ့အပြင် ဆူ့နောက်လိုက်တေကော်ရော ကျွေးမွေးခဲ့ဟယ်။ 5ဟဲင်းအပြင် ဥပုသ်နေ့မှာ ဗိမာန်တော်ရှိ ဂျူးပုရောဟိတ်တေဟ ဥပုသ်နေ့နဆိုင်တဲ့ ပညတ်တရားတေကော် ချိုးဖောက်ကြလယ်ဝ အပြစ်မရှိကြောင်း ပညတ်တရားကျမ်းထဲမှာ သင်တော့မဖတ်ဖူးကြလား။ 6သင်တော့ကော် ငါပြောရခါ ဗိမာန်တော်ထက်ပိုမောက် ကြီးမြတ်တဲ့လူဟ ခုနေရာမှာ ရှိနေဝေါက်။ 7'ငါဟ လှူဖွယ်ပစ္စည်းတေ လှူဒန်းဟာထက် မေတ္တာတရားကော်ပဲ အလိုရှိဟယ်' ဆိုတဲ့စကားကော် သင်တော့နားလေဆဖောပေါက်ကြခါ အပြစ်မရှိဘဲဆမားတေကော် သင်တော့ပြစ်တင် ရှုတ်ချကြလိမ့်မဲင်မဟုတ်ဘူး။ 8ဟဲင်းသလဲပြောရဟာဟ ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ ဥပုသ်နေ့ရဲ့အရှင်သခင်ဖြစ်ညောင်း" လောက် မိန့်တော်မူလေဟယ်။ 9ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းနေရာဟနေ ထွက်ခွာလာမောက် ဓမ္မာရုံထဲကော် ဝင်လေဟယ်။ 10ဟဲင်းဓမ္မာရုံထဲမှာ လက်တစ်ဖက်ဆေနေဆမား တစ်ယောက်ဟလဲ ရှိနေညောင်း ဖာရိရှဲတေဟ ကိုယ်တော်ကော် အပြစ်ရှာမောက် စွပ်စွဲနိုင်ဖော့အတွက် "ဥပုသ်နေ့မှာ အနာရောဂါတေကော် ကုသပေးဟာဟ ပညတ်တရားတော်န ညီလား" လောက် မေးလျှောက်ကြလေဟယ်။ 11ဟဲင်းခါ ကိုယ်တော်ဟ ဟဲင်းလူတေကော် "သင်တော့ထဲမှာ သိုးတစ်ကောင်ကော် ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဟ ဥပုသ်နေ့မှာ ကိုယ့်ရဲ့သိုးဟ တွင်းထဲကော် က္လဟားလောက်ရှိခါ ဟဲင်းသိုးကော် မဆွဲတင်ပဲနေမလား။ 12လူဟ သိုးတေထက်အများဟုန်း တန်ဖိုးရှိဟယ်။ ဟဲင်းကြောင့် ဥပုသ်နေ့မှာ ကောင်းတဲ့အရာတေ လုပ်ဟာဟ ပညတ်တရားတော်န ညီဟယ်" လောက် မိန့်တော်မူလေဟယ်။ 13ပြီးခါ ဆူဟ ဟဲင်းလက်တစ်ဖက်ဆေနေဆမားကော် "သင့်ရဲ့လက်ကော် ဆန့်လိုက်ပါ" လောက် မိန့်ခါ ဟဲင်းလူဟလဲ လက်ကော် ဆန့်လိုက်တဲ့အခါ ဟဲင်းလက်ဟ တခြားလက်တဖက်သလဲ ကောင်းမွန်သန်စွမ်းနေလေဟယ်။ 14ဟဲင်းပေမဲ့ ဖာရိရှဲတေဟ ထွက်လာကြမောက် ကိုယ်တော်ယေရှုကော် လုပ်ကြံဆတ်နိုင်မဲ့ နည်းလမ်းကော် ရှာဖွေဖော့ ဆွေးနွေးတိုင်ပင်ကြလေဟယ်။ 15ကိုယ်တော်ယေရှုဟ ဟဲင်းလူတေရဲ့အကြံအစည်တေကော် ဆိညောင်း ဟဲင်းနေရာဟနေ ထွက်ခွာလာလေဟယ်။ ဟဲင်းခါ အကြီးကျယ်များတဲ့လူတေဟ ကိုယ်တော်နောက်ကော် လိုက်လာကြညောင်း ကိုယ်တော်ယေရှုဟ ဆူ့တော့အကုန်ဟုန်းထဲမှ နေမကောင်းပဲလူတေကော် နေကောင်းအောင် ကုသပေးလေဟယ်။ 16ပြီးခါ ကိုယ်တော်ယေရှုဟ ဆူလုပ်ဆောင်ပေးခဲ့တဲ့ အကြောင်းအရာတေကော် တစ်ခြားလူတေနား မပြောဖော့ ဟဲင်းလူတေကော် သတိပေးလေဟယ်။ 17ဟဲင်းလဲန ကိုယ်တော်ယေရှုဟ အရိယာဆူတော်စင်ဟေရှာယမိန့်ဆိုခဲ့တဲ့ မိန့်ဆိုချက်တေကော် ပ္လေ့စုံမှန်ကန်စေဖော့ လုပ်ဆောင်ခဲ့လေတော့ဟယ်။ 18ဟဲင်းမိန့်ဆိုချက်တေမှာ "အဲလူဟ ငါရွေးကောက်ဟားတဲ့ ငါ့အမှုတော်ဆောင်ဖြစ်မောက် ငါအကြီးကျယ် ချစ်မြတ်နိုးနှစ်သက်ရတဲ့ လူလဲဖြစ်ဟယ်။ ငါဟ ဆူ့အပေါ်မှာ ငါရဲ့စိတ်ဝိညာဉ်ကော် ပေးအပ်ထားဟာဖြစ်ညောင်း ဆူဟ လူမျိုးအကုန်ဟုန်းကော် တရားမျှတမှုကော် ဟောပြောကြေငြာလိမ့်မဲင်။ 19ဆူဟ ဖယ်အခါမှ ငြင်းခုံဟာနအော်ဟစ်ဟာတေကော် လုပ်မှာ မဟုတ်ပဲသလဲ ဆူ့ရဲ့ က္လယ်တဲ့အော်ဆံကော်လဲ လမ်းမပေါ်မှာ မဆူ့မှကြားကြရမှာမဟုတ်ဘူး။ 20ဆူဟ တရားမျှတမှုကော် အောင်မြင်အောင် လုပ်ပြီးတဲ့အချိန်အထိ ပျက်စီးနေတဲ့ မြက်ပင်တေကော် ထပ်မောက် ဖျက်ဆီးမှာ မဟုတ်ပဲသလဲ လောင်နေတဲ့ မီးစာကော်လဲ ငြိမ်းဆတ်မှာမဟုတ်ဘူး။ 21လူမျိုးအကုန်ဟုန်းဟလဲ ဆူ့ရဲ့နံမေကော် မှီမောက် မျှော်လင့်ချက်အဆစ်တေကော် ရကြလိမ့်မဲင်" ဆိုမောက် ဖြစ်ဟယ်။ 22ပြီးခါ လူတေဟ မကောင်းဆိုးဝါးပူးကပ်ခံရညောင်း ဆွံ့အမောက် မျက်လုံးမမြင်နိုင်ဖြစ်နေတဲ့ လူတစ်ယောက်ကော် ကိုယ်တော်နားကော် ခေါ်ဆောင်လာကြလေဟယ်။ ကိုယ်တော်ဟ ဟဲင်းလူကော် ကုသပေးလိုက်တဲ့အခါ ဟဲင်းလူဟ မျက်လုံးပ္လန်မြင်ဟားမောက် စကားလဲ ပ္လန်ပြောနိုင်ဟားလေဟယ်။ 23ဟဲင်းခါ လူအကုန်ဟုန်းတော့ဟ အကြီးကျယ်အံ့ဩဟားကြမောက် "ဆူဟ ဒါဝိဒ်ရဲ့ဆားတော် ဖြစ်နေမလား" လောက် ပြောဆိုကြလေဟယ်။ 24ဟဲင်းပေမဲ့ ဖာရိရှဲတေဟ ဟဲင်းအကြောင်းအရာကော် ကြားတဲ့အခါ "မကောင်းဆိုးဝါးတော့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗေလဇေဗုလဟ အဲလူကော် လူတေနားဟနေ မကောင်းဆိုးဝါးတေကော် နှင်ထုတ်နိုင်တဲ့ အစွမ်းပေးထားညောင်း ဟဲင်းလဲ လုပ်နိုင်ဟာပဲ" လောက် ပြောကြလေဟယ်။ 25ဆူ့တော့ရဲ့အတွေးတေကော် ကိုယ်တော်ယေရှုဆိတော်မူညောင်း ကိုယ်တော်ဟ ဆူ့တော့ကော် "တိုင်းဆူပ္လေဆားတေဟ တစ်ယောက်နတစ်ယောက် ဆန့်ကျင်တိုက်ခိုက်နေခါ ဆူ့တော့ တိုင်းပ္လေကော် ဖျက်ဆီးရာရောက်သလဲ မြို့တစ်မြို့ မဟုတ်ပဲလောက် မိဆားစုတစ်စုထဲမှာ လူတေအချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေကြခါလဲ ပျက်ဆီးခြင်းတေပဲ ဖြစ်လိမ့်မဲင်။ 26တကယ်လောက် မကောင်းဆိုးဝါး ခေါင်းဆောင်ဟ ဆူနမျိုးတူတဲ့ မကောင်းဆိုးဝါးကော် ပ္လန်နှင်ထုတ်ခါ ဆူဟ ဆူ့ကိုယ်ဆူဆန့်ကျင်သလဲ ဖြစ်လာလိမ့်မဲင်။ ဟဲင်းလဲဆိုခါ ဆူ့ရဲ့နိုင်ငံဟ ဖယ်လဲ တည်မြဲနိုင်မဟား။ 27ငါဟ ဗေလဇေဗုလရဲ့အစွမ်းန မကောင်းဆိုးဝါးတေကော် နှင်ထုတ်ဟာဆိုခါ သင်တော့ရဲ့ တပဲ့တေဟ မဆူ့ရဲ့အစွမ်းန ဟဲင်းမကောင်းဆိုးဝါးကော် နှင်ထုတ်နေဟား။ ဟဲင်းကြောင့် ဆူ့တော့ဟ သင်တော့ မှားနေကြောင်းကော် ပြလိမ့်မဲင်။ 28ဟဲင်းပေမဲ့ ငါဟ ဘုရားရှင်ရဲ့ဝိညာဉ်တော်အစွမ်းန မကောင်းဆိုးဝါးတေကော် နှင်ထုတ်ဟာဆိုခါတော့ ဘုရားရှင်ရဲ့ဆာဆနာတော်ဟ သင်တော့အပေါ်ကော် ရောက်ရှိလာဝေါက်။ 29အဲလဲပဲ ဗလတောင့်တဲ့ယောက်ျားတစ်ယောက်ရဲ့ အိမ်ကော် ဝင်ရောက်မောက် ဆူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတေကော် မဆူ့ဟ လုယူနိုင်မဟား။ အဲလူကော် အရင်ဆုံး ချုပ်နှောင်ပြီးမှပဲ ဆူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတေကော် လုယူနိုင်မှာဖြစ်ဟယ်။ 30ငါ့ဖက်မှာ မရပ်တည်တဲ့လူဟ ငါ့ကော်ဆန့်ကျင်တဲ့လူဖြစ်မောက် ငါနအတူ ဘုရားရှင်ရဲ့ဆာဆနာတော်ကော် လူတေကော် မစုဝေးနိုင်အောင်လုပ်တဲ့လူဟ ငါတော့ကော် စိတ်ဝမ်းကွဲစေဆမားဖြစ်ဟယ်။ 31ဟဲင်းကြောင့် သင်တော့ကော် ငါပြောရခါ လူအချင်းချင်းလုပ်တဲ့ ပြစ်မှားစော်ကားဟာန အပြစ်ဒုစရိုက်တေအတွက် ခွင့်လွှတ်ခြင်းခံရမဲင်ဖြစ်လယ်ဝ ဘုရားရှင်ရဲ့ ဉာဏ်အလင်းတော်ကော် စော်ကားပြောဆိုဟာကော်တော့ ခွင့်လွှတ်ခြင်းခံရမှာမဟုတ်ဘူး။ 32ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ကော် စော်ကားပြောဆိုဆမားတိုင်းဟ ခွင့်လွှတ်ခြင်းခံရမဲင်ဖြစ်လယ်ဝ ဉာဏ်အလင်းတော်ကော် စော်ကားပြောဆိုဆမားတိုင်းဟတော့ ခုလက်ရှိအချိန်မှာလဲ ခွင့်လွှတ်ခြင်းခံရမှာ မဟုတ်ဘဲသလဲ နောင်တစ်ချိန်မှာလဲ ခွင့်လွှတ်ခြင်းခံရမှာ မဟုတ်ဘူး။ 33အပင်တစ်ပင်ကော် ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ခါ ဟဲင်းအပင်ရဲ့ အဆီးဟ ကောင်းမွန်မှာဖြစ်သလဲ အပင်တစ်ပင်ကော် ကောင်းကောင်းမွန်မွန် မပြုစုပဲလောက်ရှိခါ ဟဲင်းအပင်ရဲ့အဆီးဟ ကောင်းမွန်မှာမဟုတ်ဘူး။ ဟဲင်းကြောင့် အဆီးကော် ကြည့်ဟာန ဖယ်သလဲ အပင်ဖြစ်ဟာကော် ဆိနိုင်ဟယ်။ 34အဆိပ်ရှိတဲ့မြွေဆိုးတေသလဲ မကောင်းတဲ့ သင်တော့တေ၊ သင်တော့ဟ မကောင်းတဲ့လူတေဖြစ်နေကြဟာတောင် ကောင်းတဲ့အရာတေကော် ဖယ်သလဲ ပြောဆိုနိုင်ကြမဟား။ စာလောက်ဟားဆိုခါ လူတစ်ယောက်ရဲ့စိတ်နှလုံးအတွင်းမှာ ပ္လေ့နှက်နေတဲ့ အရာတေဟပဲ ဟဲင်းလူတေရဲ့ နှုတ်ဟနေ ထွက်လာကြဟာပဲ ဖြစ်ဟယ်။ 35ကောင်းမွန်တဲ့လူတစ်ယောက်ဟ ဆူ့ရဲ့ကောင်းမွန်တဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ကောင်းမွန်တဲ့ စကားတေကော်ပဲ ပြောဆိုသလဲ မကောင်းတဲ့ လူတစ်ယောက်ဟလဲ ဆူ့ရဲ့မကောင်းတဲ့ စိတ်နှလုံးထဲမှာရှိတဲ့ မကောင်းတဲ့ စကားကော်ပဲ ပြောဆိုကြလေဟယ်။ 36သင်တော့ကော် ငါပြောရခါ တရားစီရင်တော်မူတဲ့နေ့မှာ လူတေဟ ဆူ့တော့ပြောဆိုခဲ့တဲ့ အကျိုးမရှိတဲ့စကားတေအတွက် ဖြေရှင်းချက်ပေးကြရမဲင် ဖြစ်ဟယ်။ 37စာလောက်ဟားဆိုခါ သင်တော့ရဲ့ စကားတေကော် အခြေခံမောက် သင်တော့ဟ အပြစ်မရှိကြောင်း အသိအမှတ်ပြုခြင်းခံရမှာဖြစ်သလဲ သင်တော့ရဲ့စကားတေကော် အခြေခံမောက်ပဲ သင်တော့ကော် ပြစ်ဒဏ်ခ္လမှတ်ဟာ ခံရမှာဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 38ဟဲင်းခါ တချို့ကျမ်းတတ်ဆရာတေန ဖာရိရှဲတေဟ ကိုယ်တော်ကော် "အရှင်၊ အရှင်လုပ်ဆောင်တဲ့ အံ့ဖွယ်အမှုကိစ္စတေကော် ကျွန်ုပ်တော့မြင်ချင်ပါဟယ်" လောက် လျှောက်တင်ကြလေဟယ်။ 39ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "အကျင့်ပျက်ဖောက်ပ္လန်တဲ့မျိုးဆက်ဟ နိမိတ်လက္ခဏာကော် တောင်းဆိုလယ်ဝ အရိယာဆူတော်စင်ယောနရဲ့ အံ့ဖွယ်အမှုကိစ္စဟလွဲမောက် ဖယ်လဲအံ့ဖွယ်မျိုးကော်မှ တွေ့မြင်ရမှာ မဟုတ်ဘူး။ 40စာလောက်ဟားဆိုခါ ယောနဟ ငါးကူးတစ်ကောင်ရဲ့ဖိတ်ထဲမှာ ဆုံးရက်န ဆုံးညနေခဲ့ရသလဲ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟလဲ ခုကမ္ဘာမ္လေပေါ်မှာ ဆုံးရက်နဆုံးည ဂူဆွင်းစဂြိုဟ်ဟာ ခံရမှာဖြစ်ဟယ်။ 41ဘုရားရှင်ဟ လူအကုန်ဟုန်းကော် တရားစီရင်တဲ့အခါ၊ နိနေဝေမြို့မှာနေထိုင်တဲ့လူတေဟ ငါလုပ်တဲ့အံ့ဖွယ်အမှုကိစ္စတေကော် မြင်တဲ့လူတေနအတူ ရှေ့တော်မှာ ရပ်ကြလိမ့်မဲင်။ နိနေဝေမြို့ဆားတေဟ ယောနဟောတဲ့စကားကော် ကြားဟာညောင်း ဆူ့တော့ရဲ့အပြစ်ဖြစ်စေတဲ့လမ်းကော် ရှောင်လွှဲခဲ့ကြဟယ်။ ဟဲင်းနေရာမှာ ယောနထက် ပိုကြီးမြတ်တဲ့လူ ရောက်နေဟာဖြစ်ဟယ်။ 42ရှေးတုန်းဟ အစ္စရေးတောင်ပိုင်းမှာရှိတဲ့ ရှေဘမြို့ဟ မိဖုရားဟ ရှောလမုန်မင်းကြီးရဲ့ ဆုံးမဩဝါဒတေကော် နားထောင်ဖော့ အဝေးတစ်နေရာဟ လာခဲ့ဟယ်။ အခုချိန်မှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့လူ ရောက်နေဟာ ဖြစ်ဟယ်။ 43မကောင်းဆိုးဝါးဟ ဆူပူးကပ်ထားတဲ့လူရဲ့ကိုယ်ထဲဟနေ ထွက်ခွာဟားမောက် ဆူနေထိုင်ဖော့ နေရာကော် ရှာဖွေခါ လူတိတ်ဆိတ်တဲ့နေရာမှာ အနားယူနိုင်မဲ့နေရာကော် ရှာဖွေလယ်ဝ ရှာမတွေ့ဘူး။ 44ဟဲင်းခါ မကောင်းဆိုးဝါးဟ 'ငါထွက်လာခဲ့တဲ့ အိမ်ကော် ငါပ္လန်ဆွားမဲင်' လောက် ပြောမောက် ပ္လန်လာခါ ဟဲင်းအိမ်ဟ သန့်ရှင်းနေမောက် အရာအကုန်ဟုန်းဟလဲ ဆူ့နေရာနဆူ ထားရှိနေမောက် အိမ်မှာလဲ မဆူ့မှ မရှိဟာကော် တွေ့ရဟယ်။ 45ဟဲင်းခါ မကောင်းဆိုးဝါးဟ ဆူ့ထက်ပိုမောက် ဆိုးဝါးတဲ့မကောင်းဆိုးဝါး ခုနှစ်ကောင်ကော် ဆူနအတူ ဆွားခေါ်လာမောက် အိမ်ထဲမှာ ဝင်ရောက်နေထိုင်ကြညောင်း ထပ်မောက် အပူးကပ်ခံရတဲ့ဆမားဟ ပထမအကြိမ် အပူးကပ်ခံရဟာထက် ပိုမိုမောက် ဆိုးဝါးဟားလေတော့ဟယ်။ အခုခေတ်မှာ နေထိုင်နေကြတဲ့ မကောင်းတဲ့မျိုးဆက်ဟလဲ အဲလဲပဲ ဖြစ်လိမ့်မဲင်" လောက် မိန့်တော်မူလေ ဟယ်။ 46ကိုယ်တော်ယေရှုဟ ဟဲင်းလဲ မိန့်တော်မူနေချိန်မှာ ကိုယ်တော်ရဲ့မယ်တော်နညီတော်ဟ ကိုယ်တော်န စကားပြောချင်လောက် အပြင်မှာ ရပ်စောင့်နေကြဟယ်။ 47ဟဲင်းခါ လူတစ်ယောက်ဟ "ကိုယ်တော်ရဲ့မယ်တော်န ညီတော်တေဟ ကိုယ်တော်နစကားပြောချင်လောက် အပြင်မှာ ရပ်စောင့်နေကြဟယ်" လောက် လျှောက်တင်လေဟယ်။ 48ကိုယ်တော်ဟ ဟဲင်းလူတေကော် "မဆူ့ဟ ငါ့ရဲ့အမေဟား။ မဆူ့တေဟ ငါ့ရဲ့ညီအကိုဟား" လောက် လာမောက်လျှောက်တဲ့လူကော် မိန့်လေဟယ်။ 49ပြီးခါ ကိုယ်တော်ဟ ဆူ့ရဲ့တပဲ့တေဖက်ကော် လက်ညိုးထိုးမောက် "ဟဲင်းလူတေဟ ငါရဲ့အမေန ညီအကိုတေဖြစ်ဟယ်။ 50ရွှေမြို့တော်မှာရှိတဲ့ ငါရဲ့အဖဘုရားရှင် အလိုတော်ကော် လိုက်ပါဆောင်ရွက်တဲ့လူမှန်ဆမျှဟ ငါရဲ့အမေနညီအကိုတေပဲ ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။

Chwazi Kounye ya:

Matthew 12: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte