Matthew 14
14
1ဟဲင်းအချိန်မှာ ဟေရုဒ်မင်းဟ ကိုယ်တော်ယေရှုပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုသတင်းတေကော် ကြားရတဲ့အခါ 2ဆူ့ရဲ့လက်အောက်ငယ်ဆားတေကော် "အဲလူဟ ရေနှစ်မင်္ဂလာပေးဆမား ဆရာယောဟန်ဖြစ်ဟယ်။ ဟဲင်းကြောင့်ဆူဟ ဆေရာဟနေ ပ္လန်ရှင်လာမောက် ဟဲင်းသလဲ အံ့ဖွယ်အမှုကိစ္စတေကော် လုပ်ဆောင်ပြနိုင်ဟာဖြစ်ဟယ်" လောက် ဆိုလေဟယ်။ 3စာလောက်ဟားဆိုခါ ဟေရုဒ်မင်းဟ ဆူ့ရဲ့အကိုဖြစ်ဆမား ဖိလိပ္ပုရဲ့မိန်းမ ဟေရောဒိကိစ္စကြောင့် ယောဟန်ကော် ဖမ်းဆီးချုပ်နှောင်မောက် ထောင်ထဲ အကျဉ်းခ္လခဲ့ဟာဖြစ်ဟယ်။ 4စာလောက်ဟားဆိုခါ ယောဟန်ဟ ဟေရုဒ်မင်းကော် "ဟေရောဒိကော် လက်ထပ်လိုက်ဟာဟ ဘုရားရှင်ရဲ့ပညတ်တရားတော်န မကိုက်ညီဘူး" လောက် ဝေဖန်ပြောဆိုလောက်ညောင်းဖြစ်ဟယ်။ 5ဟေရောဒိသည် ယောဟန်အား အသေသတ်လိုခဲ့သည်။ သို့ရာတွင် တိုင်းသူပြည်သားများသည် ယောဟန်အား ပညာရှိပရောဖက်ဟု သိထားကြသောကြောင့် ဟေရောဒိသည် ထိုတိုင်းသူပြည်သားတို့ကိုကြောက်ရွံ့၍ မသတ်ဝံ့ချေ။ 6ဘုရင်ဟေရုဒ်၏မွေးနေ့သို့ရောက်သောအခါ ဟေရောဒိ၏သမီးတော်သည် ကပြဖျော်ဖြေ၏။ သူမသည် ဘုရင်ဟေရုဒ်အား အလွန်တရာနှစ်သက်ကြည်နူးစေခဲ့သည်။ 7ထို့ကြောင့်သူမအလိုရှိသော မည်သည့်အရာကိုမဆိုပေးမည်ဟု ကတိပြုလေသည်။ 8သို့ရာတွင်မိန်းကလေး၏ မိခင်ဖြစ်သူကတိုက်တွန်းသောကြောင့် သူမက ‘ဒီလင်ဗန်းပေါ်မှာတင်ထားတဲ့ယောဟန်ရဲ့ဦးခေါင်းကို လိုချင်ပါတယ်’ဟု တောင်းဆိုလိုက်လေတော့သည်။ 9ဘုရင်သည် သူပြောခဲ့သောစကားအတွက် များစွာစိတ်မချမ်းမသာဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ဧည့်သည်တော်များရှေ့တွင် မိမိပေးသောကတိစကားကို မချိုးဖောက်လိုပေ။ ထို့ကြောင့်သူသည် ကိုယ်ရံတော် တစ်ဦးအား သူမတောင်းဆိုတဲ့အတိုင်းလုပ်ပေးရန်အမိန့်ပေးခဲ့လေသည်။ 10ထိုသူကလည်းအကျဉ်းသားယောဟန်၏ ဦးခေါင်းကိုဖြတ်ပြီးယူလာရန် စစ်သားများအားစေခိုင်းလိုက်သည်။ 11ထိုယောဟန်၏ဦးခေါင်းကို လင်ဗန်းပေါ်တွင်တင်၍ မိန်းကလေးထံ ပေးအပ်ခဲ့လေသည်။ထိုမိန်းကလေးသည်လည်း သူမ၏မိခင်အား ယောဟန်၏ဦးခေါင်းကို ပေးအပ်လိုက်လေသည်။ 12ဟဲင်းသတင်းကော် ယောဟန်ရဲ့တပဲ့တေကြားခါ အကျဉ်းထောင်ထဲဟ ယောဟန်ရဲ့ ရုပ်အလောင်းကော် ဆွားယူမောက် စဂြိုဟ်ကြလေဟယ်။ ပြီးခါ ဆူ့တော့ဟ ဟဲင်းအကြောင်းအရာတေကော် ကိုယ်တော်ယေရှုနားဆွားမောက် လျှောက်တင်ကြလေဟယ်။ 13ကိုယ်တော်ယေရှုဟ ဟဲင်းသတင်းစကားကော် ကြားဆိရပြီးခါ လှေပေါ်ကော် တက်မောက် တပဲ့တော်တေနအတူ လူမရှိတဲ့အရပ်ကော် ကြွတော်မူလေဟယ်။ ဟဲင်းပေမဲ့ လူတေဟ ကိုယ်တော်ယေရှုကြွတော်မူကြောင်းကော် ကြားဆိတဲ့အခါ ကိုယ်တော်ယေရှုနောက်ကော် ကုန်းကြောင်းန လိုက်လာကြလေဟယ်။
<br> 14ကိုယ်တော်ယေရှုဟ လှေပေါ်ဟနေ ဆင်းပြီးခါ ဆူ့ရဲ့နောက်ကော် လိုက်လာကြတဲ့ လူအုပ်ကူးကော် မြင်တဲ့အခါ ဟဲင်းလူတေကော် ဆနားဂရုဏာသက်တော်မူမောက် နေမကောင်းဖြစ်နေဆမားတေကော် ကျန်းမာစေဖော့ ကုသပေးတော်မူလေဟယ်။ 15ညခင်းနီးအချိန်ကော် ရောက်လာခါ တပဲ့တော်တေဟ ကိုယ်တော်နားကော် ချဉ်းကပ်မောက် "ကိုယ်တော် ခုနေရာဟ မြို့ရွာတေန အလှမ်းဝေးဟယ်၊ တနားခါ မှောင်တော့မယ်ညောင်း အဲလူတေကော် မြို့ရွာတေမှာ စားဆောက်ဟာတေ ဝယ်ယူနိုင်ဖော့ စေလွှတ်ပေးတော်မူပါ" လောက် လျှောက်တင်လေဟယ်။ 16ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ "ဆူ့တော့ ဆွားဖော့မလိုဘူး၊ သင်တော့ကိုယ်တိုင် စားဖော့ဟာတေကော် ပေးကြပါ" လောက် တပဲ့တော်တေကော် မိန့်တော်မူဟယ်။ 17တပဲ့တော်တေဟ "ကျွန်ုပ်တော့မှာ မုန့်ငါးလုံးနငါးနှေကောင်ပဲ ရှိပါဟယ်" လောက် ကိုယ်တော့်ကော် ပ္လန်လည်လျှောက်တင်ကြဟယ်။ 18ဟဲင်းခါ ကိုယ်တော်ယေရှုဟ "အဲဟာတေကော် ငါ့နားကော် ယူလာခဲ့ကြ" လောက် မိန့်တော်မူဟယ်။ 19ပြီးခါ လူထုပရိတ်ဆတ်တေကော် မြက်ခင်းပြင်ပေါ်မှာ ထိုင်ကြဖော့ မိန့်တော်မူမောက် ပေါင်မုန့်ငါးလုံးန ငါးနှေကောင်ကော် ယူမောက် ကောင်းကင်ရွှေမြို့တော်ကော် မျှော်ကြည့်မောက် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကော် ချီးမွမ်းဆုတောင်းပြီးခါ မုန့်ကော် ဖဲ့မောက် တပဲ့တော်တေကော် ပေးတော်မူလေဟယ်။ တပဲ့တော်တေဟလဲ လူထုပရိတ်ဆတ်တေကော် ပေးဝေကြလေဟယ်။<br> 20လူထုပရိတ်ဆတ်တေဟလဲ ဝဝလင်လင်စားဆောက်နိုင်ကြလေဟယ်။ ပြီးခါ စားပြီးလောက် က္လန်နေတဲ့မုန့်တေကော် ကောက်ယူဆိမ်းခါ ဆယ့်နှေတောင်းအပ္လေ့ရလေဟယ်။ 21စားဆောက်ဆမားတေမှာ အမျိုးဆမီးတေန လူဆငယ်တေအပြင် ယောက်ျားဆားတေတောင် အယောက်ငါးထောင်လောက်ရှိဟယ်။ 22ပြီးခါ ကိုယ်တော်ဟ တခါတည်း တပဲ့တော်တေကော် လှေပေါ်ကော် တက်စေမောက် တဖက်ကမ်းကော် ဆူ့ရဲ့ရှေ့ဟနေ ဆွားနှင့်စေလေဟယ်။ တပဲ့တော်တေ ထွက်ဟားပြီးခါ လူထုပရိတ်ဆတ်တေကော်လဲ ဆူ့တော့ရဲ့မြို့ရွာတေကော် ပ္လန်ဖော့စေလွှတ်တော်မူလေဟယ်။ 23လူထုပရိတ်ဆတ်တေကော် ပ္လန်လွှတ်ပြီးခါ ကိုယ်တော်ဟ ဆုတောင်းဖော့ တောင်ပေါ်ကော် တစ်ပါးတည်း ကြွတော်မူလေဟယ်။ ညခင်းနီးအချိန်ကော် ရောက်ခါ ဟဲင်းနေရာမှာ ကိုယ်တော်တပါးတည်း ရှိနေလေဟယ်။ 24ဟဲင်းချိန်မှာ တပဲ့တော်တေရဲ့လှေဟ ကမ်းန တော်တော်ဝေးနေဟာဖြစ်မောက် လေဆန်ဖြစ်ညောင်း လှိုင်းလုံးကူးတေရဲ့ ရိုက်ခတ်ဟာကော် ခံရလေဟယ်။ 25လင်းနားနီးအချိန်ကော်ရောက်ခါ ကိုယ်တော်ဟ တောင်ပေါ်ဟနေဆင်းလာမောက် ရေပေါ်မှာ လမ်းလျှောက်မောက် တပဲ့တော်တေရှိနေရာကော် ကြွတော်မူလေဟယ်။ 26တပဲ့တော်တေဟ ရေပေါ်မှာ ကိုယ်တော်လမ်းလျှောက်နေဟာကော် မြင်ခါ ကြောက်လန့်တုန်လှုပ်ဟားကြမောက် "သရဲ" လောက် ကြောက်ကြောက်လန့်လန့် အော်ဟစ်ကြလေဟယ်။ 27ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ "စိတ်အေးအေးထားကြ၊ ငါပါ။ မကြောက်ကြနဲ့" လောက် တပဲ့တော်တေကော် တခါတည်း မိန့်ဆိုလေဟယ်။ 28ဟဲင်းခါ ပေတရုဟ "ကိုယ်တော်၊ ဟုတ်တည်းတည်း ကိုယ်တော်ဆိုခါ ကျွန်ုပ်ကော် ကိုယ်တော်နား ရေပေါ်မှာ လမ်းလျှောက်လာနိုင်ဖော့ အမိန့်ပေးတော်မူပါ" လောက် လျှောက်တင်လေဟယ်။ 29ကိုယ်တော်ယေရှုဟလဲ "လာခဲ့" လောက် မိန့်တော်မူလိုက်ခါ ပေတရုဟ လှေပေါ်ဟနေဆင်းမောက် ရေပေါ်မှာ လမ်းလျှောက်မောက် ကိုယ်တော်ယေရှုနားကော် ဆွားလေဟယ်။ 30ဟဲင်းပေမဲ့ ပေတရုဟ လေပြင်းတိုက်လာဟာကော် မြင်ခါ ကြောက်လာမောက် ရေထဲကော် စတင်နစ်မြုပ်လာလေဟယ်။ ပြီးခါ ဆူဟ "ကိုယ်တော်၊ ကျွန်ုပ်ကော် ကယ်တင်တော်မူပါ" လောက် အော်ဟစ်လျှောက်တင်လေဟယ်။ 31ဟဲင်းခါ ကိုယ်တော်ယေရှုဟ လက်ကော်ဆန့်မောက် ပေတရုကော် ဆွဲကိုင်မောက် "သင်ရဲ့ယုံကြည်မှုဟ အကြီးကျယ် အားနည်းနေဟယ်။ စာလောက် သံသယဖြစ်နေရဟား" လောက် မိန့်တော်မူဟယ်။ 32ပြီးခါ ကိုယ်တော်န ပေတရုတော့ဟ လှေပေါ်ကော် တက်ကြခါ လေပြင်းဟလဲ ငြိမ်ဟားလေဟယ်။ 33လှေပေါ်မှာရှိနေတဲ့ တပဲ့တော်တေဟ "ကိုယ်တော်ဟ ဟုတ်တည်းတည်း ဘုရားရှင်ရဲ့ဆားတော်ဖြစ်ပါဟယ်" လောက် လျှောက်တင်ကြလေဟယ်။ 34ပြီးခါ ဆူ့တော့ဟ ရေအိုင်ကော် ဖ္လတ်ကူးမောက် ဂင်နေသရက်မြို့a ရှိ ကမ်းပေါ်ကော် တက်ကြလေဟယ်။ 35ဟဲင်းအရပ်မှာ ရှိနေတဲ့လူတေဟ ကိုယ်တော်ယေရှုကော် မြင်ခါ မှတ်မိကြညောင်း အနီးအနားရွာတေကော် သတင်းဖ္လန့်မောက် ဟဲင်းသတင်းဟ ပ္လန့်နှံ့ဟားလေဟယ်။ လူအပေါင်းတော့ဟလဲ နေမကောင်းဖြစ်နေဆမားကော် ကိုယ်တော်ယေရှုနားကော် ခေါ်ဆောင်လာကြလေဟယ်။ 36ဆူ့တော့ဟ ဖျားနာနေဆမားတေကော် ကိုယ်တော်ယေရှုရဲ့ ဝတ်ရုံတော်ရဲ့ ချည်မျှင်တစ်စကော်ပဲ တို့ထိခွင့်ပေးဖော့ တောင်းလျှောက်ကြဟယ်။ ဟဲင်းလဲတို့ထိခွင့်ရဆမားတိုင်းဟလဲ အနာရောဂါတေ ပျောက်ကင်းဟားကြလေဟယ်။
Chwazi Kounye ya:
Matthew 14: INT
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.