Matthew 15

15
1ဟဲင်းအချိန်မှာ ဂျေရုဆလင်မြို့ဟနေ ဖာရိရှဲအချို့န ကျမ်းတတ်ဆရာတေဟ ကိုယ်တော်နားရောက်လာမောက် 2သင်ရဲ့တပဲ့တေဟ စာလောက် ဖိုးဖေးတေရဲ့ ထုံးတမ်းအစဉ်အလာတေကော် မလိုက်နာကြဟား။ ဆူ့တော့ဟ အစားအစာတေ စားဆောက်တဲ့အခါမှာလဲ လက်ကော် ဆေးကြောသန့်စင်ဟာ မလုပ်ပဲ စားဆောက်နေကြဟယ်" လောက် လျှောက်ကြလေဟယ်။ 3ကိုယ်တော်ဟလဲ "သင်တော့ကိုယ်တိုင် ထုံးတမ်းအစဉ်အလာကော် လိုက်နာမောက် စာလောက် ဘုရားရှင်ရဲ့ပညတ်တော်တေကော် ချိုးဖောက်ကြဟား။ 4စာလောက်ဟားဆိုခါ ဘုရားရှင်ဟ 'သင်တော့ရဲ့မိဖကော် ရိုဆေကြလော့၊ မိခင်မဟုတ်ဘဲလောက် ဖခင်ကော် ဆန့်ကျင်ပုတ်ခတ်ပြောဆိုဆမားတေဟ ဆေဒဏ်က္လခံရမဲင်ဖြစ်ဟယ်' လောက် မိန့်တော်မူဟယ်။
5ဟဲင်းပေမဲ့ သင်တော့ဟတော့ လူတေကော် မိဖကော် ပေးရမဲ့အရာတေကော် ဘုရားနပဲ သက်ဆိုင်ဟာလောက် ပြောဆိုဖော့ သွန်သင်ကြဟယ်။ 6ဟဲင်းကြောင့် အဲလူတေဟ ဆူ့တော့ရဲ့ မိဖတေကော် ရိုဆေလေးစားဖော့ မလိုအပ်တော့ဘူး။ ဟဲင်းလဲန သင်တော့ဟ သင်တော့ရဲ့ ထုံးတမ်းအစဉ်အလာအတွက် ဘုရားရှင်ရဲ့ပညတ်တော်တေကော် ချိုးဖောက်ကြဟယ်။ 7ဆူတော်ကောင်းယောင်ဆောင်နေတဲ့လူတေ၊ အရိယာဆူတော်စင်ဟေရှာယ ကြိုတင်ဟောပြောထားတဲ့ သင်တော့ရဲ့အကြောင်းတေဟ အမှန်ပဲ။ 8အဲလူတေဟ ငါ့နားကော် ချဉ်းကပ်မောက် နှုတ်န ရိုဆေဂုဏ်ပြုကြလယ်ဝ ဆူ့တော့ရဲ့စိတ်နှလုံးခါ ငါန ဝေးကွာလှဟယ်။ 9ငါ့ကော် ကိုးကွယ်ကြလယ်ဝ တန်ဖိုးမရှိ။ စာလောက်ဟားဆိုခါ လူတေရဲ့ စည်းမျဉ်းတေကော် သွန်သင်ပြီး ဟဲင်းစည်းမျဉ်းတေကော် ဘုရားရှင်ရဲ့ပညတ်တော်တေဖြစ်ဟယ် လောက် ဆိုကြဟယ်' လောက် ကြိုတင်ဟောပြောထားဟာတေဟ အမှန်ပဲ" လောက် မိန့်တော်မူလေဟယ်။
10ပြီးခါ ကိုယ်တော်ယေရှုဟ လူထုပရိတ်ဆတ်တေကော် ဆူ့နားကော် ခေါ်တော်မူပြီးခါ ဆူ့တော့ကော် "ငါပြောဟာတေကော် နားလေအောင် နားထောင်ကြ။ 11လူတေရဲ့ပါးစပ်ထဲကော် ဝင်ရောက်တဲ့အရာတေဟ လူတေကော် ညစ်ညမ်းစေဟာမဟုတ်ဘူး။ လူတေရဲ့နှုတ်ဟနေထွက်တဲ့ အရာတေဟပဲ လူတေကော် ညစ်ညမ်းစေဟာဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 12ဟဲင်းခါ တပဲ့တော်တေဟ ကိုယ်တော်နားလာမောက် "ဖာရိရှဲတေဟ ကိုယ်တော်မိန့်တော်မူတဲ့ စကားတေကော် ကြားမောက် စိတ်ဆိုးနေကြဟာကော် ကိုယ်တော်ဆိလား" လောက် လျှောက်တင်ကြလေဟယ်။ 13ကိုယ်တော်ယေရှုဟ "လယ်ဆမားတစ်ယောက်ဟ ဆူမစိုက်ပျိုးထားတဲ့ အပင်တေကော် နုတ်ပစ်ဟယ်။ အဲလဲပဲ ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရှင်ဟလဲ ဆူနမသက်ဆိုင်တဲ့လူတိုင်းကော် ဒဏ်ခတ်တော်မူလိမ့်မဲင်။
14ဆူ့တော့အတွက် စိတ်ပူမနေန။ ဆူ့တော့ဟ တခြားမျက်မမြင်တေရဲ့ လက်ကော် ကိုင်မောက် တွဲခေါ်တဲ့ မျက်မမြင်တေနတူဟယ်။ မျက်မမြင်တစ်ယောက်ဟ တခြားမျက်မမြင်တစ်ယောက်ကော် လမ်းပြတဲ့အခါ နှေယောက်လုံး တွင်းထဲကော် က္လဟားမှာပဲ" လောက် ပ္လန်လည်မိန့်တော်မူလေဟယ်။
15ဟဲင်းခါ ပေတရုဟ ကိုယ်တော့်ကော် "ဟဲင်းပုံဥပမာကော် ကျွန်ုပ်တော့ကော် ရှင်းပြတော်မူပါ" လောက် လျှောက်တင်လေဟယ်။
16ကိုယ်တော်ယေရှုဟ "သင်တော့ဟလဲ ခုချိန်ထိ စာလောက် နားမလေနိုင်ဆေးဟား။ 17ပါးစပ်ထဲကော် ဝင်ဆမျှအရာတေဟ ဝမ်းဖိုက်ထဲကော် ရောက်ပြီးခါ အပြင်ကော် စွန့်ထုတ်ခံရဟာကော် သင်တော့မဆိကြဟာလား။ 18လူတေရဲ့ပါးစပ်ဟနေထွက်တဲ့ ဆူ့တော့ပြောဆမျှစကားတေရဲ့ အဓိပ္ပာယ်တေဟ ဆူ့တော့ရဲ့ စိတ်နှလုံးဟထွက်လာဟာပဲ။ အဲဟာတေဟပဲ လူတေကော် ညစ်ညမ်းစေတဲ့အရာတေဖြစ်ဟယ်။ 19စာလောက်ဟားဆိုခါ မကောင်းတဲ့ အကြံအစည်တေကြံစည်ခြင်း၊ တခြားလူ အဆက်ကော် ဆတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပ္လန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မမှန်ကန်တဲ့ဆက်ဆေခံခြင်းတေဟပဲ 20လူတေကော် ညစ်ညမ်းစေတဲ့အရာတေဖြစ်လယ်ဝ လက်ကော်မဆေးဘဲ အစာစားဟာဟ လူတေကော် ညစ်ညမ်းစေဟာမဟုတ်ဘူး" လောက် မိန့်တော်မူဟယ်။ 21ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းအရပ်ဟနေ ထွက်ခွာမောက် တုရုန ဇိဒုန်ဒေသကော် ကြွဟားလေဟယ်။ 22ဟဲင်းအရပ်မှာနေထိုင်တဲ့ တခြားတိုင်းပ္လေဟ မိန်းမတစ်ယောက်ဟ ကိုယ်တော်နားလာမောက် "ဒါဝိဒ်ရဲ့ဆားတော်၊ ကိုယ်တော်၊ ကျွန်တော်မျိုးမကော် ဆနားတော်မူပါ၊ ကျွန်ုပ်ရဲ့ဆမီးဟ မကောင်းဆိုးဝါးပူးကပ်ခံရမောက် ပြင်းထန်တဲ့ဝေဒနာကော် ခံစားနေရပါဟယ်" လောက် လျှောက်တင်လေဟယ်။ 23ဟဲင်းပေမဲ့ ကိုယ်တော်ဟ ဆူ့ကော် တစ်ခွန်းမှ ဖ္လေကြားတော်မမူဘူး။ ဟဲင်းခါ တပဲ့တော်တေဟ ကိုယ်တော်နားကော် ချဉ်းကပ်မောက် "အဲမိန်းမဟ ကျွန်ုပ်တော့နောက်ဟနေ လိုက်လာမောက် အော်ဟစ်နေပါဟယ်၊ ဆူ့ကော် နှင်ထုတ်တော်မူပါ" လောက် တောင်းလျှောက်ကြဟယ်။ 24ကိုယ်တော်ဟ ဟဲင်းအမျိုးဆမီးကော် "ငါ့ကော် ဘုရားရှင်ရဲ့ ပျောက်ဆုံးဟားတဲ့ သိုးငယ်တေကော် ကိုယ်စားပြုတဲ့ အစ္စရေးလူမျိုးတေကော် ကူညီဖော့ပဲ စေလွှတ်ခဲ့ဟာ ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 25ဟဲင်းပေမဲ့ ဆူမဟ ကိုယ်တော်နားချဉ်းကပ်ပြီးခါ ပြားပြားဝပ်မောက် "ကိုယ်တော်၊ ကျွန်မကော် ကူညီပါ" လောက် ထပ်မံတောင်းပန်လေဟယ်။ 26ကိုယ်တော်ဟလဲ "ဆားဆမီးနားဟ အစားအဆောက်တေကော် ယူမောက် ခွေးကော် ခ္လကျွေးဟာဟ မသင့်တော်ဘူး" လောက် မိန့်တော်မူလေဟယ်။ 27ဆူမဟလဲ "မှန်ပါဟယ် ကိုယ်တော်၊ ဟဲင်းပေမဲ့ ခွေးတေတောင်မှ သခင်ရဲ့စားပွဲအောက်မှာ က္လနေတဲ့ အက္လန်တေကော်တော့ စားခွင့်ရကြဟယ်" လောက် ပ္လန်လည်လျှောက်တင်လေဟယ်။
28ပြီးခါ ကိုယ်တော်ယေရှုဟ "အို အသင်အမျိုးဆမီး၊ သင့်ရဲ့ယုံကြည်မှုဟ ကြီးမြတ်လောက်ညောင်း သင်ဆန္ဒရှိတဲ့အတိုင်း ဖြစ်စေတော့" လောက် မိန့်တော်မူလိုက်ခါ ဟဲင်းအချိန်ဟနေစမောက် ဟဲင်းမိန်းမရဲ့ဆမီးဟ ကျန်းမာလာခဲ့လေဟယ်။ 29ကိုယ်တော်ဟ ဟဲင်းအရပ်ဟနေထွက်ခွာမောက် ဂါလိလဲကမ်းခြေတစ်လျှောက်ကော် ဆွားပြီးခါ တောင်ပေါ်ကော် တက်မောက် ထိုင်တော်မူလေဟယ်။ 30ဟဲင်းခါ အကြီးကျယ်များတဲ့လူထုပရိတ်ဆတ်တေဟ ခေမသန်စွမ်းပဲဆမား၊ မျက်မမြင်တေ၊ ကိုယ်အင်္ဂါချို့တဲ့ဆမားတေ၊ ဆွံ့အဆမားတေန အနာရောဂါအမျိုးမျိုးခံစားနေရတဲ့လူတေကော် ခေါ်ဆောင်မောက် ကိုယ်တော်ရဲ့ခေရင်းမှာ ခ္လဟားကြခါ ကိုယ်တော်ဟလဲ ဆူ့တော့ကော် ပျောက်ကင်းစေလေဟယ်။ 31လူထုပရိတ်ဆတ်တေဟ ဆွံ့အဆမားတေစကားပြောကြဟာကော်ရော၊ ကိုယ်အင်္ဂါချို့တဲ့ဆမားတေ အကောင်းပကတိဖြစ်ဟာကော်ရော၊ ခေမသန်စွမ်းဆမားတေ လမ်းလျှောက်ကြဟာကော်ရော၊ မျက်မမြင်တေမျက်စိမြင်ကြဟာကော်ရော တွေ့မြင်လိုက်ရတဲ့အခါ အကြီးကျယ်အံ့ဩဟားကြမောက်အစ္စရေးလူမျိုးရဲ့ ဘုရားရှင်ကော် ချီးမွမ်းကြလေဟယ်။ 32ကိုယ်တော်ယေရှုဟ တပဲ့တော်တေကော် ခေါ်မောက် "ဆူ့တော့ဟ ငါနအတူ ဆုံးရက်လုံးရှိနေခဲ့လယ်ဝ စားစရာတေလဲ မရှိပဲညောင်း ငါဆနားဂရုဏာဖြစ်မိဟယ်။ ဆူ့တော့ကော် ဖယ်ဟာမှမကျွေးပဲ ပ္လန်မလွှတ်ချင်ဘူး၊ ဟဲင်းလဲလွှတ်ခါ ဆူ့တော့ဟ အိမ်ပ္လန်လမ်းမှာ မူးလဲဟားနိုင်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 33တပဲ့တော်တော့ဟလဲ "ကျွန်ုပ်တော့မှာ ဟဲင်းလောက်များတဲ့ လူပရိတ်ဆတ်ကော် လုံလုံလောက်လောက်ကျွေးနိုင်ဖော့ အဲတောကန္တာရထဲမှာ လုံလောက်တဲ့အစားအစာကော် ဖယ်နေရာမှာ ရနိုင်မဟား" လောက် လျှောက်တင်ကြလေဟယ်။

34ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "သင်တော့မှာ ပေါင်မုန့်ဖယ်နှလုံးရှိဟား" လောက် မေးခါ "ပေါင်မုန့်ခုနှစ်လုံးန ငါးအငယ်လေး နည်းနည်းရှိပါဟယ်" လောက် လျှောက်တင်ကြလေဟယ်။ 35ဟဲင်းခါ ကိုယ်တော်ယေရှုဟ လူထုပရိတ်ဆတ်တေကော် မြက်ခင်းပြင်ပေါ်မှာ ထိုင်ဖော့ မိန့်တော်မူလေဟယ်။ 36ပြီးခါ ကိုယ်တော်ဟ မုန့်ခုနှစ်လုံးန ငါးတေကော်ယူမောက် ရွှေမြို့တော်ကော် မျှော်ကြည့်မောက် ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကော် ချီးမွမ်းပြီးခါ ဟဲင်းမုန့်ကော် ဖဲ့မောက် တပဲ့တော်တေဟနေတစ်ဆင့် လူထုပရိတ်ဆတ်ကြီးကော် ပေးဝေစေဟယ်။ 37ဆူ့တော့ဟ ဝဝလင်လင်စားဆောက်ကြပြီးခါ တပဲ့တော်တော့ဟ က္လန်နေဟာတေကော် ကောက်ယူဆိမ်းခါ တောင်းခုနှစ်တောင်းရလေဟယ်။ 38စားဆောက်ကြတဲ့လူတေမှာ မိန်းမတေနလူဆငယ်တေအပြင် ယောက်ျားဆားဦးရေမှာ လေးထောင်လောက်ရှိဟယ်။ 39ပြီးခါ ကိုယ်တော်ဟ လူထုပရိတ်ဆတ်တေကော် ပ္လန်လွှတ်တော်မူပြီးခါ လှေပေါ်ကော်တက်မောက် မာဂဒါလအရပ်ဒေသကော် ကြွတော်မူဟယ်။

Chwazi Kounye ya:

Matthew 15: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte