Matthew 16

16
1တစ်နေ့မှာ ဖာရိရှဲတေန ဇဒ္ဒုကဲ တေဟ ကိုယ်တော်ကော် စမ်းသပ်လိုညောင်း ကိုယ်တော်နားလာမောက် ရွှေမြို့တော်မှ အံ့ဖွယ်နိမိတ်လက္ခဏာတေကော် ပြသဖော့ တောင်းဆိုကြဟယ်။ 2ကိုယ်တော်ဟလဲ "နေဝင်ချိန်မှာ ကောင်းကင်ဟ အနီရောင်သန်းနေညောင်း သင်တော့ဟ ရာသီဥတု သာယာလိမ့်မဲင် လောက်ဆိုကြဟယ်။ 3ဟဲင်းအပြင် မနက်စာစောစောမှာ ကောင်းကင်ဟ နီမောက် အုံ့မှိုင်းနေခါ သင်တော့ဟ မိုးရွာ လိမ့်မဲင်လောက် ဆိုကြဟယ်။ သင်တော့ဟ ကောင်းကင်ရဲ့ပုံပန်းသွင်ပြင်ကော်ကြည့်မောက် ရာသီဥတုကော် ခန့်မှန်းနိုင်လယ်ဝ ဟဲင်းအချိန်မှာရှိတဲ့ နိမိတ်လက္ခဏာတေကော် ကြည့်မောက် သင်တော့ ပြောနိုင်မှာ မဟုတ်ဘူး။ 4ယုတ်ညံ့ဆမားန ယုံကြည်မှုကင်းမဲ့ဆမားတေဟ အံ့ဖွယ်နိမိတ်လက္ခဏာတေကော် မြင်ချင်ကြလယ်ဝ ယောနရဲ့နိမိတ်လက္ခဏာဟလွဲမောက် တခြားဖယ်နိမိတ်လက္ခဏာကော်မှ ပြသလိမ့်မဲင်မဟုတ်ဘူး" လောက် မိန့်တော်မူပြီးခါ ကိုယ်တော်ဟ ဆူ့တော့နားဟနေ ထွက်ဟားလေဟယ်။ 5တပဲ့တော်တေဟ ဂါလိလဲအိုင်တစ်ဖက်ကမ်းကော် ဆွားတဲ့အခါ မုန့်တေကော် ယူဆောင်ဖော့ မေ့လျော့ခဲ့လေဟယ်။ 6ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "ဂရုစိုက်ကြပါ၊ ဖာရိရှဲန ဇဒ္ဒုကဲတော့ရဲ့တဆေးကော် သတိထားကြပါ" လောက် မိန့်တော်မူလေဟယ်။ 7ဟဲင်းပေမဲ့ ဆူ့တော့ဟ "ငါတော့ဟ မုန့်တေမယူလာကြပဲညောင်း ဟဲင်းလဲမိန့်တော်မူဟာဖြစ်မဲင်" လောက် အချင်းချင်းတိုင်ပင်ပြောဆိုကြဟယ်။ 8ဟဲင်းလဲပြောဆိုကြဟာကော် ကိုယ်တော်ယေရှုဆိတော်မူခါ "ယုံကြည်မှုအားနည်းတဲ့လူတေ၊ မုန့်မပါဟာကော် စာလောက် သင်တော့ အချင်းချင်းငြင်းခုန်နေကြဟား။ 9သင်တော့နားမလေကြဆေးဘူးလား။ မုန့်ငါးလုံးကော် လူငါးထောင်ကော် ပေးဝေတဲ့အခါ တောင်းဖယ်လောက်ရဟာကော် သင်တော့မမှတ်မိကြဘူးလား။ 10ပေါင်မုန့်ခုနှစ်လုံးကော် လူလေးထောင်ကော် ပေးဝေတဲ့အခါ တောင်းဖယ်လောက်ရဟာကော် သင်တော့မမှတ်မိကြဘူးလား။ 11ါမုန့်အကြောင်းပြောနေဟာ မဟုတ်ဘူးဆိုဟာကော် သင်တော့စာလောက် နားမလေဟား။ ဖာရိရှဲန ဇဒ္ဒုကဲတော့ရဲ့တဆေးကော် သတိထားကြပါ" လောက် မိန့်တော်မူလေဟယ်။ 12ပြီးခါ ဆူ့တော့ဟ ကိုယ်တော်ဟ မုန့်ထဲဟ တဆေးကော် သတိထားဖော့ပြောနေဟာမဟုတ်ပဲ ဖာရိရှဲန ဇဒ္ဒုကဲတော့ရဲ့ သွန်သင်မှုတေကော် သတိထားဖော့ ပြောနေဟာဖြစ်ကြောင်း နားလေဟားလေဟယ်။ 13ဆီဇာရီးယားဖိလိပ္ပိနယ်မ္လေကော် ရောက်တဲ့အခါ ကိုယ်တော်ဟ ဆူ့ရဲ့တပဲ့တော်တေကော် "ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ကော် လူတေဟ မဆူ့ဖြစ်ဟာလောက် ပြောနေကြဟား" လောက် မိန့်တော်မူခါ 14တပဲ့တော်တေဟ "တချို့ဟ ရေနှစ်မင်္ဂလာဆရာယောဟန်၊ တချို့ဟ အရိယာဆူတော်စင်ဧလိယ၊ တချို့ဟ ယေရမိ မဟုတ်ပဲလောက် အရိယာဆူတော်စင်တေထဲဟ တစ်ယောက်လောက် ပြောကြဟယ်" ဆိုမောက် လျှောက်တင်လေဟယ်။ 15ဟဲင်းခါ ကိုယ်တော်ဟ တပဲ့တော်တေကော် "သင်တော့ဟရော ငါ့ကော် မဆူ့လောက် ပြောမဟား" လောက်မေးခါ 16ရှိမုန်ပေတရုa ဟလဲ "ကိုယ်တော်ဟ သက်ရှိထင်ရှားရှိတော်မူတဲ့ ဘုရားရှင်ရဲ့ဆားတော်ကယ်တင်ရှင်ခရစ်တော် ဖြစ်ပေဟယ်" လောက် ပ္လန်လည်လျှောက်တင်လေဟယ်။ 17ကိုယ်တော်ယေရှုဟလဲ "ယောနရဲ့ဆား ရှိမုန်၊ သင်ဟ မင်္ဂလာရှိပေဟယ်၊ မဆူ့မှ ဟဲင်းအရာကော် သင့်ကော် မပြသခဲ့လယ်ဝ ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရှင်ဟတော့ သင့်ကော် ပြသတော်မူခဲ့ဝေါက်။ 18ပေတရု၊ သင့်ကော်ငါပြောမဲင်။ သင်ဟ ပေတရုဖြစ်ဟယ်။ ဟဲင်းနံမေဟ ကျောက်တုံးလောက် အဓိပ္ပာယ်ရဟယ်။ ဟဲင်းကြောင့် ဒီကျောက်တုံးပေါ်မှာ ငါ့ရဲ့အသင်းတော်ကော် ဆောက်မဲင်။ ဆေခြင်းတရားဟတောင် ဟဲင်းအသင်းတော်အပေါ်မှာ စိုးမိုးနိုင်မှာမဟုတ်ဘူး။ 19ငါဟ ရွှေမြို့တော်ဆာဆနာတော်ရဲ့ ဆော့ကော် သင့်ကော်ပေးမဲင်။ မ္လေပေါ်မှာ သင်တားမြစ်တဲ့အရာကော် ရွှေမြို့တော်မှာ ဘုရားရှင်တားမြစ်ဟာခံရမဲင်။ မ္လေပေါ်မှာ သင်ခွင့်ပြုတဲ့အရာတေကော် ရွှေမြို့တော်မှာ ဘုရားရှင်ဟ ခွင့်ပြုဟာခံရမဲင်" လောက် မိန့်တော်မူလေဟယ်။ 20ပြီးခါ ကိုယ်တော်ယေရှုဟ ဆူဟ ကယ်တင်ရှင်ခရစ်တော်ဖြစ်ဟာကော် မဆူ့ကော်မှမပြောဖော့ တပဲ့တော်တေကော် မိန့်တော်မူလေဟယ်။ 21ဟဲင်းအချိန်မှစမောက် ယေရှုဟ ဆူဟ ဂျေရုဆလင်မြို့ကော်ဆွားမောက် ဂျူးလူမျိုးခေါင်းဆောင်တေ၊ ဂျူးပုရောဟိတ်အကြီးအကဲတေန ကျမ်းတတ်ဆရာတေရဲ့လက်မှာ ဒုက္ခဝေဒနာအများဟုန်းခံစားရမောက် အဆတ်ခံရမဲ့ အကြောင်းန ဆုံးရက်မြောက်တဲ့နေ့မှာ အဆက်ပ္လန်ရှင်ရမဲင်ဖြစ်ကြောင်းကော် တပဲ့တော်တေကော် စတင်ရှင်းပြတော်မူဟယ်။ 22ပေတရုဟ "ကိုယ်တော်၊ ဘုရားရှင်ဟ သင့်ကော် ဟဲင်းသလဲဖြစ်ဖော့ ဖယ်အခါမှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဆေချာပေါက် ဟဲင်းလဲ ဖြစ်မှာ မဟုတ်ပါဘူး" လောက် ပြောမောက် ကိုယ်တော်ယေရှုကော် နဖေးကော် ခေါ်မောက် ဆင်းရဲဒုက္ခန ဆေခြင်းအကြောင်းကော် ထပ်မပြောဖော့ သတိပေးလေဟယ်။ 23ဟဲင်းပေမဲ့ ကိုယ်တော်ဟ လှေ့မောက် ပေတရုကော် "အသင်မာရ်နတ် ငါ့နားဟနေ ထွက်ဟား၊ သင်ဟ ငါဆွားမဲ့လမ်းမှာ အတားအဆီးတစ်ခုဖြစ်ဟယ်။ စာလောက်ဟားဆိုခါ သင်ဟ ဘုရားရှင်ဆာဆနာတော်န သက်ဆိုင်တဲ့အရာတေကော် ဂရုမစိုက်ဘဲ လူဆားတေန သက်ဆိုင်တဲ့ အရာတေကော်ပဲ စွဲလမ်းနေဟယ်" လောက် မိန့်တော်မူလေဟယ်။ 24ပြီးခါ ကိုယ်တော်ဟ ဆူ့ရဲ့တပဲ့တော်တေကော် "ငါ့နောက်ကော် လိုက်ချင်တဲ့လူဟ ကိုယ့်အတ္တကော် စွန့်မောက် ကိုယ့်ရဲ့လက်ဝါးကပ်တိုင်ကော် ကိုယ်တိုင်ထမ်းမောက် ငါ့နောက်ကော် လိုက်ရမှာဖြစ်ဟယ်။ 25မဆူ့မဆို ကိုယ့်အဆက်ကော် ကယ်တင်ချင်ခါ ဆုံးရှုံးရမှာဖြစ်မောက် ငါ့အတွက်န ကိုယ့်အဆက်ကော် အဆုံးရှုံးခံနိုင်ဆမားဟ ကယ်တင်ခြင်းခံရမှာ ဖြစ်ဟယ်။ 26လူတစ်ယောက်ဟ စင်္ကြာဠာတစ်ခုလုံးကော် ရလယ်ဝ ဆူ့တော့ရဲ့အဆက်ကော် ဆုံးရှုံးရခါ ဟဲင်းလူအတွက် ဖယ်လဲအကျိုးရှိမဟား။ ဆူ့တော့အဆက်ထက် တန်ဖိုးကြီးတဲ့အရာရှိလား။ 27စာလောက်ဟားဆိုခါ ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ နတ်ဒေဝါတေနအတူ ခမည်းတော်ရဲဘုန်းအသရေတော်ကော် ဆောင်မောက် ကြွလာလိမ့်မဲင်။ ပြီးခါ ဆူဟ လူတိုင်းကော် ဆူ့တော့ရဲ့ လုပ်ဆောင်ချက်တေအတွက် အကျိုးအပြစ်တေကော် ပေးတော်မူလိမ့်မဲင်။ 28သင်တော့ကော် ငါအမှန်ဆိုရခါ ခုနေရာမှာ ရပ်နေဆမားထဲဟ တချို့ဟ ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ ရှင်ဘုရင်အဖြစ် အုပ်ချုပ်ဖော့ ကြွလာဟာကော် မမြင်ရဆေးခင် ဆေမှာမဟုတ်ဘူး" လောက် မိန့်တော်မူဟယ်။

Chwazi Kounye ya:

Matthew 16: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte