Matthew 5
5
1ကိုယ်တော်ဟ ဆူ့ရဲ့နောက်ကော် လိုက်ပါလာတဲ့ လူထုပရိတ်ဆတ်တေကော် မြင်ခါ တောင်ပေါ်ကော် တက်မောက် ထိုင်တော်မူဟယ်။ တပဲ့တော်တေဟလဲ ကိုယ်တော်နားကော် ချဉ်းကပ်လာကြဟယ်။ 2ပြီးခါ ကိုယ်တော်ဟ တပဲ့တော်တေကော် ဟဲင်းသလဲ သွန်သင်ဟောပြောလေဟယ်။ 3ဘုရားရှင်ဟလွဲမောက် အားကိုးဖော့ မရှိဘူးလောက် မှတ်ယူဆမားဟ ကယ်တင်ခြင်းကော် ခံရမဲင်။ ရွှေမြို့တော်ရဲ့ ဆာဆနာတော်ဟ ဆူ့တော့အတွက် ဖြစ်ဟယ်။ 4အပြစ်ဒုစရိုက်တေန ပ္လေ့နေတဲ့ ကမ္ဘာလောကကြီးကြောင့် ပူဆွေးသောကရောက်နေဆမားတေကော် ဘုရားရှင်ဟ နှစ်သိမ့်ပေးတော်မူလိမ့်မဲင်။ 5ကိုယ့်ဟာကိုယ် နှိမ့်ခ္လတဲ့လူတေကော် ဘုရားရှင်ဟ နှစ်သက်တော်မူညောင်း ဆူ့တော့ဟ ကမ္ဘာမ္လေတစ်ခုလုံးကော် အမွေဆက်ခံရရှိကြလိမ့်မဲင်။ 6ဖြောင့်မတ်မှန်ကန်တဲ့အရာကော် လုပ်ဆောင်ဖော့ စိတ်ဆန္ဒပြင်းပြနေဆမားကော် ဘုရားရှင်ဟ ကျေနပ်နှစ်သက်စေတော်မူလိမ့်မဲင်။ 7တခြားလူကော် ဆနားဂရုဏာထားဆမားတေကော် ဘုရားရှင်ဟ ကျေနပ်နှစ်သက်တော်မူညောင်း ဆူ့တော့အပေါ်မှာလဲ ဘုရားရှင်ဟ ဆနားဂရုဏာထားတော်မူလိမ့်မဲင်။ 8ကိုယ်၊ စိတ်၊ နှလုံး ဆုံးပါးစလုံး ကြည်လင်သန့်ရှင်းစွာန ဘုရားရှင်ကော် အလုပ်အကျွေးပြုလိုဆမားကော် ဘုရားရှင်ဟ နှစ်သက်တော်မူဟယ်။ ဆူ့တော့ဟ ဘုရားရှင်ကော် မြင်နိုင်ကြလိမ့်မဲင်။ 9တခြားလူတေကော် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖော့ လုပ်ဆောင်ပေးဆမားတေကော် ဘုရားရှင်ဟ နှစ်သက်တော်မူညောင်း ဆူ့တော့ကော် ဆူ့ရဲ့ဆားဆမီးတေသလဲ သတ်မှတ်တော်မူလိမ့်မဲ 10ဘုရားရှင်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ညောင်း လူတေရဲ့ နှိပ်စက်ညှဉ်းဆဲခြင်းကော် ခံရတဲ့လူတေကော် ဘုရားရှင်ဟ နှစ်သက်တော်မူဟယ်။ ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟလဲ ဆူ့တော့အတွက်ဖြစ်ဟယ်။ 11ငါ့အတွက်ကြောင့် လူတေဟ သင်တော့ကော် စော်ကားပြောဆိုခြင်း၊ ဆိုးဆိုးဝါးဝါး ဆက်ဆံကြဟာတေန သင်တော့အကြောင်းကော် မကောင်းတဲ့လိမ်လည်မှုအမျိုးမျိုးန ဆန့်ကျင်ပြောဆိုကြခါ ဘုရားရှင်ဟ သင်တော့ကော် နှစ်သက်တော်မူလိမ့်မဲင်။ 12ဟဲင်းလဲဖြစ်လာခဲ့ခါ သင်တော့ဟ ရွှေမြို့တော်မှာ ဆုလာဘ်ကူးကော် ရရှိကြမှာဖြစ်ညောင်း ပျော်ရွှင်ဝမ်းမြောက်ကြပါ။ ရှေးခင်ခါစ လူတေဟလဲ အရိယာဆူတော်စင်တေကော် ဟဲင်းလဲပဲပြုလုပ်ခဲ့ကြဟယ်။ 13နောက်တခါ ကိုယ်တော်ဟ "သင်တော့ဟ ကမ္ဘာပေါ်ဟ လူတေအကုန်ဟုန်းဟ အရဆာအတွက် အဆုံးပြုနေကြတဲ့ ဆားနတူဟယ်။ ဟဲင်းပေမဲ့ ဆားဟ အငန်ဓာတ်ပျောက်ဟားလောက်ရှိခါ ဖယ်လဲပ္လန်မောက် ငန်စေဖော့ လုပ်ရမဟား။ အဲဆားဟ အဝေးကော် လွှင့်ပစ်ခံရမှာ ဖြစ်မောက် လူတေရဲ့ နင်းခ္လေခြင်းခံရရုံဟလွဲမောက် ဖယ်အရာအတွက်မှ အဆုံးဝင်တော့မှာ မဟုတ်ဘူး။ 14သင်တော့ဟ ကမ္ဘာမ္လေပေါ်ရှိ လူဆားတေအတွက် အလင်းရောင်တစ်ခုသလဲ ဖြစ်ကြဟယ်။ ညအချိန်မှာ တောင်ကုန်းမြင့်ပေါ်မှာရှိတဲ့ မြို့ရဲ့အလင်းရောင်ကော် မဆူ့မှ ဖုံးထားလောက် မရဘူး။ 15မဆူ့မှ မီးအိမ်ကော် မီးထွန်းမောက် ခြင်းတောင်းအောက်မှာ ထားမှာမဟုတ်ဘူး။ ဟဲင်းအစား အိမ်ထဲမှာရှိတဲ့လူတိုင်းကော် အလင်းရောင်ပေးဖော့အတွက် တိုင်မှာ ချိတ်ဆွဲထားကြမှာပဲဖြစ်ဟယ်။ 16အဲလဲပဲ သင်တော့ရဲ့အလင်းရောင်ဟ လူတေရဲ့ရှေ့မှာ ထွန်းလင်းနေကြရမဲင်။ ဟဲင်းမှသာ သင်တော့ပြုလုပ်တဲ့ ကောင်းတဲ့အရာတေကော် မြင်ကြမောက် ရွှေမြို့တော်မှာ ရှိတော်မူတဲ့ သင်တော့ရဲ့အဖဘုရားရှင်ကော် ချီးမွမ်းကြလိမ့်မဲင်။ 17မောရှေပညတ်ကျမ်းaန အရိယာဆူတော်စင်တေရဲ့ သွန်သင်ဟောပြောချက်တေကော် ပယ်ဖျက်ဖော့ ငါရောက်လာဟာလောက် မထင်ကြန။ ငါဟ အဲအရာတေကော် ပယ်ဖျက်ဖော့ လာဟာမဟုတ်ပဲ ပြီးပ္လေ့စုံစေဖော့ပဲ လာဟာဖြစ်ဟယ်။ 18သင်တော့ကော် ငါအမှန်ပြောမဲင်၊ ကောင်းကင်နမ္လေကြီးပဲ ပျောက်ကွယ်ဟားလိမ့်မဲင်။ ဟဲင်းပေမဲ့ ဘုရားရှင်ရဲ့ ပညတ်တော်bတေထဲဟ အငယ်ဆုံးသောစာလုံးတစ်လုံးကော်တောင် မဆူ့မှ ဖယ်ရှားနိုင်မဲင်မဟုတ်ဘူး။ ဟဲင်းပညတ်တော်တေထဲဟ အကြောင်းအရာတေ မှန်ကန်ပ္လေ့စုံတဲ့အထိ အဲအကြောင်းအရာတေဟ တည်ရှိနေလိမ့်မဲင်။ 19ဟဲင်းကြောင့် ပညတ်တော်တေထဲဟ အငယ်ဆုံး ပညတ်တော်တစ်ခုကော် ကိုယ်တိုင်မလိုက်နာပဲ တခြားလူတေကော်လဲ ဟဲင်းသလဲ မလိုက်နာဖော့ သွန်သင်ဆမားဟ ရွှေမြို့တော်ရဲ့ ဆာဆနာတော်မှာ အရေးမပါဆုံးဆမားဖြစ်လိမ့်မဲင်။ ပညတ်တော်တိုင်းကော် လိုက်နာမောက် တခြားလူကော် လိုက်နာဖော့ သွန်သင်ဆမားဟ ရွှေမြို့တော်ရဲ့ဆာဆနာတော်မှာ အကြီးမြတ်ဆုံးဆမားဖြစ်လိမ့်မဲင်။ 20သင်တော့ကော် ငါအမှန်ပြောမဲင်၊ သင်တော့ဟ ဖာရိရှဲတေန ကျမ်းတတ်ဆရာတေထက်ပိုတဲ့ ဖြောင့်မတ်မှန်ကန်ခြင်းမရှိဘဲခါ ရွှေမြို့တော်ကော် ဖယ်အခါမှ ဝင်ရောက်နိုင်ကြမှာမဟုတ်ဘူး။ 21လူမဆတ်ရ။ လူဆတ်ခါ မဆူ့ညင်းညင်း အပြစ်စီရင်ခြင်းကော် ခံရမဲင်' လောက် ရှေးလူတေပြောခဲ့ကြဟာကော် သင်တော့ကြားဆိကြဟယ်။ 22ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ မိမိညီအကိုအပေါ် အမျက်ဒေါဆထွက်ခါ မဆူ့ညင်းညင်း အပြစ်စီရင်ခြင်းကော် ခံရဟယ်။ မိမိညီအကိုအပေါ် စော်ကားပြောဆိုခါ တရားလွှတ်တော်ရှေ့မှာ အပြစ်စီရင်ခြင်းကော် ခံထိုက်မောက် မိမိညီအကိုတေကော် 'လူမိုက်' လောက် ပြောခါလဲ ငရဲမီးကော် ခံထိုက်ဟယ်။ 23ဟဲင်းကြောင့် သင်ဟ ပူဇော်ပလ္လင်c မှာ လှူဖွယ်ပစ္စည်းတေန ဘုရားရှင်ကော်ပူဇော်တဲ့အချိန်မှာ သင့်ညီအကိုဟ သင့်အပေါ်မှာ အပြစ်တစ်ခုခု လုပ်ဟားဟာကော် သတိရခါ 24လှူဖွယ်ပစ္စည်းတေကော် ပူဇော်တဲ့ပလ္လင်ရှေ့မှာ ထားခဲ့မောက် သင့်ညီအကိုနားကော် အရင်ဆွားမောက် ဆူနပ္လန်လည်သင့်မြတ်အောင် လုပ်ပြီးမှ ပ္လန်လာမောက် လှူဖွယ်ပစ္စည်းတေကော် လှူဒန်းလော့။ 25သင့်ကော် တရားစွဲဆိုဆမားန တရားရုံးကော် အတူဆွားနေချိန်မှာပဲ ဆူန သင့်မြတ်အောင် အမ္လန်လုပ်ပါ။ ဟဲင်းလဲ မလုပ်ပဲခါ ဆူဟ သင့်ကော် တရားသူကြီးလက်ထဲကော် အပ်မှာဖြစ်မောက် တရားသူကြီးဟ သင့်ကော် အစောင့်တပ်ဆားတေနား ပို့မောက် ထောင်ထဲကော် ထေ့လိမ့်မဲင်။ 26သင်တော့ကော် ငါအမှန်ပြောမဲင်၊ သင်တော့ပေးဆောင်ဖော့ က္လန်နေတဲ့ ပိုက်ဆံတစ်ပြားတချပ်တောင် မကျေမချင်း သင်တော့ အဲနေရာဟနေ လွတ်မြောက်မှာမဟုတ်ဘူး။ 27'အိမ်ထောင်ရေးမဖောက်ပ္လန်ရ' လောက် ပြောထားဟာကော် သင်တော့ကြားဆိကြဟယ်။ 28ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ မိန်းမတစ်ယောက်ကော် ကြည့်မောက် လိုချင်တပ်မက်စိတ်ဖြစ်ဆမားတိုင်းဟ ဆူ့တော့ရဲ့ စိတ်နှလုံးထဲဟနေ အိမ်ထောင်ရေးဖောက်ပ္လန်ခြင်းအမှုကော် ကျူးလွန်လိုက်ဟာပဲဖြစ်ဟယ်။ 29သင့်ရဲ့ ညာဖက်မျက်လုံးဟ သင့်ကော် အပြစ်ဖြစ်စေခါ ဟဲင်းညာဖက်မျက်လုံးကော် ဖောက်ထုတ်မောက် အဝေးကော် ပစ်လိုက်ပါ။ သင်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံး ငရဲကော် က္လရောက်ဟာထက် သင့်ခန္ဓာကိုယ်ရဲ့မကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးရဟာဟ ပိုမောက်ကောင်းဟယ်။ 30သင့်ရဲ့ညာဖက်လက်ဟ သင့်ကော်အပြစ်ဖြစ်စေခါ ဟဲင်းညာဖက်လက်ကော် ဖ္လတ်ထုတ်မောက် အဝေးကော် ပစ်လိုက်ပါ။ သင်ရဲ့ကိုယ်ခန္ဓာတခုလုံး ငရဲကော် က္လရောက်ဟာထက် သင့်ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့အစိတ်အပိုင်းတစ်ခု ဆုံးရှုံးရဟာဟ ပိုမောက်ကောင်းဟယ်။ 31'မဆူ့ညင်းညင်း ဆူ့မိန်းမန ကွာရှင်းခါ ကွာရှင်းစာချုပ်ကော် ဆူမနားကော် ပေးရမဲင်' ဆိုမောက်လဲ ပြောထားဟာမဟုတ်ဝါး။ 32ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ မဆူ့ညင်းညင်း ဆူ့ရဲ့မိန်းမကော် အိမ်ထောင်ရေးဖောက်ပ္လန်လောက် မဟုတ်ပဲ တခြားကိစ္စန ကွာရှင်းမောက် အဲမိန်းမဟ နောက်အိမ်ထောင်ပြုလောက်ရှိခါ ကွာရှင်းတဲ့လူရော၊ အဲမိန်းမရော၊ အဲမိန်းမကော် လက်ထပ်တဲ့လူရော အိမ်ထောင်ရေးဖောက်ပ္လန်ခြင်းအမှုကော် ကျူးလွန်ရာရောက်ဟယ်။ 33ဟဲင်းပြင် 'မတည်နိုင်တဲ့ ကတိသစ္စာကော် ကျိန်ဆိုခြင်းမပြုကြနဲ့။ သင်ပြုတဲ့ ကတိသစ္စာကော် ဘုရားရှင်နားထိ စောင့်ထိန်းရမဲင်' လောက်လဲ သင်တော့ကော် ပြောထားခဲ့ကြဟာ မဟုတ်ဝါး။ 34ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ ဖယ်အရာကော်မှ တိုင်တည်မောက် ကတိသစ္စာမပြုရဘူး။ ဘုရားရှင်ရဲ့ရာဇပလ္လင် ဖြစ်ညောင်း ရွှေမြို့တော်ကော်လဲ တိုင်တည်မောက် ကတိသစ္စာမပြုရဘူး။ 35ကမ္ဘာမ္လေကြီးဟ ဘုရားခေတော်ခ္လတဲ့နေရာဖြစ်ညောင်း ကမ္ဘာမ္လေကြီးကော်လဲ တိုင်တည်မောက် ကတိသစ္စာမပြုရဘူး။ ကြီးမြတ်တဲ့ဘုရင်ရဲ့ မြို့တော်ဖြစ်ညောင်း ဂျေရုဆလင်မြို့တော်ကော်လဲ တိုင်တည်မောက် ကတိသစ္စာမပြုရဘူး။ 36သင်တော့ရဲ့ ခေါင်းမွေးတစ်ပင်ကော်တောင် ဖြူအောင်၊ မဲအောင်မလုပ်နိုင်ကြပဲညောင်း ကိုယ့်ရဲ့ခေါင်းကော်လဲ တိုင်တည်မောက် ကတိသစ္စာမပြုရဘူး။ 37သင်တော့ပြောဆိုတဲ့အခါတိုင်း ဟုတ်တယ်၊ မဟုတ်ဝူးဆိုမောက်ပဲ ပြောဆိုကြပါ။ ဟဲင်းထက်ပိုတဲ့စကားဟ မာရ်နတ် နည်းလမ်းပဲ ဖြစ်ဟယ်။ 38'မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေးရမဲင်။ ဆွားတစ်ချောင်းအတွက် ဆွားတစ်ချောင်းပေးရမဲင်' လောက် သင်တော့ကော် ဆုံးမသွန်သင်ထားကြဟာမဟုတ်ဝါး။ 39ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ သင်တော့အပေါ် ပြစ်မှားတဲ့လူကော် ပ္လန်မောက် မပြစ်မှားကြနဲ့။ ဟဲင်းအစား သင့်ညာဖက်ပါးကော် ရိုက်ခါ ဘယ်ဖက်ပါးကော်ရော လှေ့ပေးလိုက်ပါ။ 40လူတစ်ယောက်ဟ သင့်အင်္ကျီကော် ယူချင်လောက် သင့်ကော် တရားစွဲဆိုခါ အပေါ်ဝတ်ရုံကော်ရော ယူခွင့်ပေးလိုက်ပါ။ 41တစ်ယောက်ယောက်ဟ သင့်ကော် ဆူ့ရဲ့အထုပ်အပိုးတေကော် ထမ်းမောက် ခရီးတစ်မိုင်လောက် အတင်းအကျပ်ဆွားစေခါ နောက်ထပ်ခရီးတစ်မိုင် ပိုမောက် ထမ်းပေးလိုက်ပါ။ 42သင့်နားဟ တောင်းတဲ့လူတေကော် ပေးကမ်းကြ။ သင့်နားဟ ခေးငှားချင်ဆမားကော်လဲ မငြင်းပယ်ကြနဲ့။
ရန်ဆူတေအပေါ် မေတ္တာထားပါ 43'မိမိအသိုင်းအဝိုင်းကော် မေတ္တာထားမောက် ရန်ဆူကော် မုန်းတီးရမဲင်' လောက် ပြောဆိုကြဟာကော် ကြားဆိကြဟာမဟုတ်ဝါး။ 44ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ ရန်ဆူကော် မေတ္တာထားကြမောက် သင့်ကော် ညှဉ်းပန်းနှိပ်စက်ဆမားတေကော် ဆုတောင်းပေးကြပါ။ ကျိန်ဆဲဆမားတေကော်လဲ ကောင်းချီးပေးမောက် မုန်းတဲ့လူတေကော်လဲ ကောင်းတဲ့အရာတေ လုပ်ပေးကြပါ။ 45ဟဲင်းမှသာ သင်တော့ဟ ရွှေမြို့တော်မှာ ရှိတော်မူတဲ့ အဖဘုရားရှင်ရဲ့ ဆားဆမီးတေဖြစ်ကြလိမ့်မဲင်။ စာလောက်ဟားဆိုခါ ဘုရားရှင်ဟ နေ ကော် လူကောင်း၊ လူဆိုး မခွဲခြားပဲ အလင်းရောင်ပေးစေသလဲ မိုးကော်လဲ တရားသူ၊ မတရားသူ ဆိုမောက် မခွဲခြားစေပဲ ရွာစေတော်မူညောင်း ဖြစ်ဟယ်။ 46သင့်ကော် မေတ္တာရှိဆမားတေကော်ပဲ ပ္လန်မောက် မေတ္တာထားမဲင်ဆိုခါ သင်ဖယ်လဲအကျိုးကျေးဇူးရမဟား။ အခွန်ကောက်ဆမားတေတောင် ဟဲင်းသလဲပြုနိုင်ကြဟာမဟုတ်ဝါး။ 47သင်ဟ မိတ်ဆွေတေကော်ပဲ ကြိုဆိုနှုတ်ခွန်းဆက်မဲင်ဆိုခါ တခြားလူတေထက် ဖယ်လဲ ပိုဆာနိုင်မဟား။ ဆာဆနာပြင်ပဟ တိုင်းတပါးဆားတေတောင် ဟဲင်းလဲ လုပ်တတ်ကြဟာမဟုတ်ဝါး။ 48သင်တော့ရဲ့အဖဘုရားရှင်ဟ ပြီးပ္လေ့စုံဆမားဖြစ်ညောင်း သင်တော့ဟလဲ ပြီးပ္လေ့စုံတဲ့လူတေဖြစ်ကြရမဲင်" လောက် မိန့်တော်မူလေဟယ်။
Chwazi Kounye ya:
Matthew 5: INT
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.