Matthew 6

6
1ပြီးခါ ကိုယ်တော်ဟ "သင်တော့ဟ ကောင်းမြတ်တဲ့ အလုပ်တေကော် လူတေရှေ့မှာပဲ ဟန်ပြလုပ်ဆောင်ခါ ရွှေမြို့တော်မှာ ရှိတော်မူတဲ့ သင်တော့ရဲ့အဖဘုရားရှင်နားဟ ကောင်းကျိုးချမ်းဆာတေ ရရှိနိုင်မဲင်မဟုတ်ဘူး။ 2ဟဲင်းကြောင့် သင်တော့ ပေးကမ်းစွန့်ကြဲတဲ့အခါ ဆူတော်ကောင်းa ယောင်ဆောင်ဆမားသလဲ လူတေရဲ့ချီးမွမ်းဟာကော် ခံရဖော့ ဓမ္မာရုံတေန လမ်းတေမှာ တူရိယာတေ တီးခတ်မောက် ပေးကမ်းစွန့်ကြဲဟာတေကော် မလုပ်ကြနဲ့။ သင်တော့ကော် ငါအမှန်ပြောမဲင်၊ ဆူ့တော့ဟ ဆူ့တော့ရဲ့ ဆုလာဘ်ကော် ရပြီးကြဝေါက်။ 3သင်တော့ ပေးကမ်းစွန့်ကြဲတဲ့အခါ သင်ရဲ့ညာဖက်လက်ဟ လုပ်တဲ့အရာတေကော် သင်ရဲ့ဘယ်ဖက်လက်ကော်တောင် မဆိစေနဲ့။ 4ဟဲင်းလဲ သင်တော့ တိတ်တိတ်လေး ပေးကမ်းဟာကော် အဖဘုရားရှင်ဟ မြင်တော်မူညောင်း သင့်ကော် ဆုလာဘ်တေ ပေးဆနားတော်မူလိမ့်မဲင်။ 5သင်တော့ ဆုတောင်းကြတဲ့အခါ ဆူတော်ကောင်းယောင်ဆောင်ဆမားသလဲ မလုပ်ဆောင်ကြနဲ့။ ဆူ့တော့ဟ လူတေကော် မြင်စေချင်ညောင်း ဓမ္မာရုံတေန လမ်းဆုံတေမှာ မတ်တပ်ရပ်မောက် ဆုတောင်းတတ်ကြဟယ်။ သင်တော့ကော် ငါအမှန်ပြောမဲင်၊ ဆူ့တော့ဟ ဆူ့တော့ရဲ့ဆုလာဘ်ကော် ရပြီးကြဝေါက်။ 6ဟဲင်းကြောင့် သင်တော့ ဆုတောင်းတဲ့အခါ အခန်းတံခါးကော်ပိတ်မောက် မဆူ့မှ မမြင်နိုင်တဲ့ ဘုရားရှင်ကော် သင်တစ်ယောက်တည်း သီးသန့်ဆုတောင်းပါ။ အဖဘုရားရှင်ဟ သင်တိတ်တိတ်လေး လုပ်ဆောင်တဲ့အရာတေကော် မြင်တော်မူညောင်း သင့်ကော် ဆုလာဘ်တေ ပေးဆနားတော်မူလိမ့်မဲင်။ 7ဟဲင်းပြင် သင်တော့ ဆုတောင်းတဲ့အခါမှာ တိုင်းတပါးဆားတေသလဲ အရည်မရအဖတ်မရ စကားတေန ထပ်ခါထပ်ခါ ဆုတောင်းဟာကော် မလုပ်ကြနဲ့။ ဆူ့တော့ဟ ဟဲင်းသလဲ ဆုတောင်းခါ ဆူ့တော့ရဲ့ ဆုတောင်းတေကော် နားထောင်ပေးလိမ့်မဲင်လောက် ထင်မှတ်နေကြဟယ်။ 8ဆူ့တော့သလဲ မလုပ်ကြနဲ့။ စာလောက်ဟားဆိုခါ အဖဘုရားရှင်ဟ သင်တော့လိုအပ်တဲ့အရာတေကော် သင်တော့ မဆုတောင်းခင်ခါစ ဆိတော်မူဟယ်။ 9သင်တော့ ဆုတောင်းတဲ့အခါ "ရွှေမြို့တော်မှာရှိတော်မူတဲ့ အဖဘုရားရှင်၊ ကြီးမြတ်လှပါတဲ့ အဖဘုရားရှင်ရဲ့ ဂုဏ်တော်ကော် ချီးမွမ်းပါဟယ်။ 10ဘုရားဆာဆနာတော်ကော် ထူထောင်ပါ။ ရွှေမြို့တော်မှာသလဲ ဘုရားရှင်ကိုယ်တိုင် ကမ္ဘာမ္လေပေါ်ကော်လဲ ကြွရောက် အုပ်စိုးတော်မူပါ။ 11ကျွန်ုပ်တော့ တစ်နေ့တာ လိုအပ်တဲ့ အစားအစာကော် ပေးဆနားတော်မူပါ။ 12ကျွန်ုပ်တော့အပေါ် အပြစ်လုပ်ဆမားတေကော် ကျွန်ုပ်တော့ ခွင့်လွှတ်သလဲ အကျွန်ုပ်တော့ လုပ်မိတဲ့အပြစ်တေကော်လဲ ခွင့်လွှတ်ပေးတော်မူပါ။ 13ဖြားယောင်းသွေးဆောင်ခြင်း မခံရပါစေနဲ့။ မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်တော်မူပါ' လောက် ဆုတောင်းကြပါ။ 14စာလောက်ဟားဆိုခါ သင်တော့ဟ သင်တော့အပေါ် လုပ်တဲ့ အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်ခါ၊ ရွှေမြို့တော်မှာ ရှိတော်မူတဲ့ သင်တော့အဖဘုရားရှင်ဟလဲ သင်တော့ရဲ့ အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်တော်မူလိမ့်မဲင်။ 15ဟဲင်းပေမဲ့ သင်တော့ဟ တခြားလူရဲ့ အပြစ်ဒုစရိုက်တေကော် ခွင့်မလွှတ်ပဲခါ သင်တော့ရဲ့အဖဘုရားရှင်ဟလဲ သင်တော့ရဲ့အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်မှာမဟုတ်ဘူး။ 16သင်တော့ အစာရှောင်ဆုတောင်းတဲ့အခါ ဆူတော်ကောင်းယောင်ဆောင်ဆမားသလဲ မျက်နှာမညိုးငယ်ကြနဲ့။ ဆူ့တော့ဟ ဆူ့တော့ အစာရှောင်ဆုတောင်းနေကြကြောင်းကော် လူတေမြင်စေဖော့ ဟဲင်းသလဲ လုပ်ပြနေကြဟာ ဖြစ်ဟယ်။ သင်တော့ကော် ငါအမှန်ပြောမဲင်၊ ဆူ့တော့ဟ ဆူ့တော့ရဲ့ ဆုလာဘ်ကော် ရပြီးကြဝေါက်။ 17ဟဲင်းပေမဲ့ သင်တော့ အစာရှောင်ဆုတောင်းကြတဲ့အခါ ခေါင်းမွေးကော် ဖြီးလိမ်းမောက် မျက်နှာကော် ဆစ်ကြလော့။ 18သင်တော့ အစာရှောင်ဆုတောင်းကြဟာကော် လူတေဟ မဆိလယ်ဝ မဆူ့မှမမြင်နိုင်တဲ့ အဖဘုရားရှင်ဟ ဆိတော်မူညောင်း သင်တော့ကော် ဆုလာဘ်တေ ပေးဆနားတော်မူပါလိမ့်မဲင်။ 19သင်တော့ရဲ့ စည်းစိမ်ဥစ္စာတေကော် ရန်ဆူမျိုးငါးပါး ဖျက်ဆီးနိုင်တဲ့ ခုကမ္ဘာမ္လေပေါ်မှာ မစုဆောင်းကြနဲ့။ 20ဟဲင်းအစား သင်တော့ရဲ့ စည်းစိမ် ဥစ္စာရတနာတေ‌ကော် ရန်ဆူမျိုးငါးပါး မဖျက်ဆီးနိုင်တဲ့ ရွှေမြို့တော်မှာပဲ စုဆောင်းကြလော့။ 21စာလောက်ဟားဆိုခါ ဥစ္စာရတနာတေရှိတဲ့အရပ်ကော် စိတ်နှလုံးဟ ရောက်နေတတ်လောက်ညောင်း ဖြစ်ဟယ်။ 22သင်တော့ရဲ့မျက်လုံးဟ သင်တော့ကိုယ်ခန္ဓာရဲ့ မီးအိမ်နတူဟယ်။ ဟဲင်းကြောင့် ကောင်းတဲ့မျက်လုံးတေရှိခါ အရာအကုန်ဟုန်းကော် ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မဲင်။ 23ဟဲင်းပေမဲ့ သင်ရဲ့မျက်လုံးတေ မကောင်းဘဲခါ ကိုယ်ခန္ဓာတစ်ခုလုံးဟ မှောင်မိုက်နေလိမ့်မဲင်။ သင်တော့ရဲ့ မျက်လုံးမကောင်းလယ်ဝ ကောင်းဟာလောက်ထင်မောက် အတွေးမှားနေခါ သင်တော့ရဲ့ အမှောင်ဟ ဖယ်လောက်တောင် ကြီးမားလိုက်မဟား။ 24မဆူ့မှ သခင်နှေယောက်နားမှာ အမှုထမ်းနိုင်မှာမဟုတ်ဘူး။ သခင်တစ်ယောက်ကော် ချစ်ခါ တခြားတစ်ယောက်ကော် မုန်းလိမ့်မဲင်။ တစ်ယောက်ကော် သစ္စာရှိခါ က္လန်တစ်ယောက်ကော် သစ္စာမဲ့မဲင်ဟာဖြစ်ဟယ်။ ဟဲင်းကြောင့် သင်တော့ဟ ဘုရားရှင်န လောကီစည်းစိမ်ကော် တစ်ပြိုင်တည်း အမှုမထမ်းနိုင်ဘူး။ 25ဟဲင်းကြောင့် သင်တော့ကော် ငါပြောမဲင်၊ သင်တော့အဆက်ရှင် နေထိုင်ဖော့အတွက် စား၊ ဝတ်၊ နေရေးကော် မစိုးရိမ်မပူပန်ကြနဲ့။ သင်တော့အဆက်ဟ အစားအစာထက် ပိုမောက် တန်ဖိုးရှိဟာမဟုတ်ဝါး။ သင်တော့ ကိုယ်ခန္ဓာဟ အဝတ်အစားထက် ပိုမောက် တန်ဖိုးရှိဟာ မဟုတ်ဝါး။ 26ကောင်းကင်ဟ ငှက်တေကော်ကြည့်ပါ။ ဆူ့တော့ဟ မစိုက်ပျိုး၊ မရိတ်ဆိမ်းကြ။ ဆူ့တော့မှာ အစားအဆောက်ကော်လဲ မသိုလှောင်ထား။ ဟဲင်းပေမဲ့ အဖဘုရားရှင်ဟ ငှက်တေကော်တောင် စောင့်ရှောက်ကျွေးမွေး ထားဟာမဟုတ်ဝါး။ သင်တော့ဟ ငှက်တေထက် ပိုမောက်အဖိုးတန်ဟာ မဟုတ်ဝါး။ 27သင်တော့ထဲဟ မဆူ့ဟ ဟဲင်းလဲစိုးရိမ်ပူပန်ခြင်းန ကိုယ့်အဆက်ကော် နည်းနည်းလေးတောင် ပိုရှည်စေလောက်ဟား။ 28အဝတ်အထေအတွက် စာလောက် ပူပန်နေကြဟား။ ကွင်းပြင်ထဲဟ တောပန်းတေ ပွင့်ဖူးနေဟာကော် တွေးကြည့်ကြပါ။ ဆူ့တော့ဟ အလုပ်လဲမလုပ်။ အထေလဲ မယက်ကြ။ 29ဟဲင်းပေမဲ့ သင်တော့ကော် ငါပြောမဲင်၊ ကြွယ်ဝချမ်းဆာတဲ့ ရှောလမုန်ဘုရင်ကြီးတောင် အဲတောပန်းတေသလဲ လှပတဲ့အဝတ်တေ မဝတ်ခဲ့ရဘူး။ 30ခုနေ့ရှင်သန်နေမောက် နောက်နေ့မှာ မီးရှို့ခံရမဲ့ တောပန်းတေကော်တောင် အဲလောက်လှပစေခါ ဘုရားရှင်ဟ သင်တော့ကော် ဖယ်လောက်တောင် ပိုမောက်လှပအောင် ဆင်မြန်းပေးလိမ့်မဟား။ သင်တော့ အဲလောက်တောင် ယုံကြည်ချက်နည်းသလော။ 31ဟဲင်းကြောင့် 'ကျွန်ုပ်တော့ ဖယ်ဟာကော် စားရမဟား၊ ဖယ်ဟာကော် ဆောက်ရမဟား၊ ဖယ်ဟာကော် ဝတ်ရမဟား' လောက် စိုးရိမ်ပူပန်မနေကြနဲ့။ 32ဘုရားရှင်ကော်မဆိတဲ့လူတေပဲ ဟဲင်းလဲ စိုးရိမ်ပူပန်တတ်ကြဟယ်။ ရွှေမြို့တော်ဟ သင်တော့ရဲ့အဖဘုရားရှင်ဟ သင်တော့လိုအပ်တဲ့ အရာအကုန်ဟုန်းကော် ဆိမြင်တော်မူဟယ်။ 33ဟဲင်းကြောင့် ဟဲင်းအရာတေထက် ဘုရားရှင့်ရဲ့ဆာဆနာတော်န ဖြောင့်မတ်ခြင်းတရားတေကော်ပဲ ဦးဆုံး ရှာဖွေကြခါ က္လန်တဲ့ အရာတေအကုန်ဟုန်းကော် ဘုရားရှင်ဟ သင့်ကော် ဖြည့်ဆည်းပေးတော်မူလိမ့်မဲင်။ 34ဟဲင်းကြောင့် မနက်ခါအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနဲ့။ မနက်ခါမှာလဲ မနက်ခါအတွက် ပူပန်ဖော့ရှိလိမ့်အုံးမဲင်။ နေ့ရက်တိုင်းမှာလဲ ကြုံတွေ့ရမဲ့ ပူပန်စရာတေ ရှိနေလိမ့်အုံးမှာပဲ ဖြစ်ဟယ်။"

Chwazi Kounye ya:

Matthew 6: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte