ရှင်လုကာ 7

7
ခန်း (၇)
တပ်မှူးတယော့ရဲ့ ယုံကြည်ခြင်း
(ရှင်မဿဲ ၈.၅-၁၃)
1လူဒွေဝို ဟောပြောသွန်သန်ပီးဝိုနော့မှာ ကိုယ်တော်ယေရှုဟ ကပေရနောင်ဗြို့ဝို ကြွတော်မူလေရယ်။ 2အဲမိုဗြို့မှာ ရောမတပ်မှူး#7.2 ရောမတပ်မှူး ရောမတပ်မှူး ဆိုဇာဟ စစ်သားရာလော့ဝို အုပ်ချုပ်ရဝို ခေါဆော်ဖြစ်ရယ်။တစ်ယော့ရဲ့ စေခံတယော့ဟ ဖျားနာပီး သေခါနီးဖြစ်နေရယ်။ တပ်မှူးဟ အဲမိုစေခံဝို ရားဒိုင်းနှစ်သက်အားထားရယ်။ 3သူဟ ကိုယ်တော်ယေရှုရဲ့ဒန်းဝို ကြားသိဝိုခါမှာ ဂျူးလူမျိုးကြီးကဲချို့ဝို ကိုယ်တော်ဆီဝို လွှတ်ပီး သူရဲ့စေခံဝို ကုသပေးဝို့ မေးခိုင်းလေရယ်။ 4အဲမိုခေါဆော်ဒွေဟ ကိုယ်တော်ဆီဝိုသွားပီး အဲမိုတပ်မှူးဝို ကူညီပေးဝို့ အသနားခံတောဘန်ပီး ရှော့ထားဂေ့လေရယ်။ အဲလူဒွေဟ “အဲမိုတပ်မှူးဟ ကိုယ်တော်ရဲ့ ကူညီန ထိုက်တန်ဝိုသူ ဖြစ်ပါရယ်။ 5သူဟ ကျနော်ဒို့ဂျူးလူမျိုးဒွေဝို ရှစ်ခင်ပီး ဓမ္မာရုံခုဝိုလဲ ဆော့လုပ်လှူဒါန်း ရားသူဖြစ်ပါရယ်။” ဆိုပီး ရှော့တံဂေ့လေရယ်။ 6အဲဂျော့ ကိုယ်တော်ယေရှုဟ တပ်မှူးစေလွှတ်လိုက်ဝို လူဒွေနတူတူ ကြွတော်မူပီး တပ်မှူးရဲ့အီန မလှမ်းမကမ်းဝို ရော့ရှေ့လာရယ်။ အဲခါ တပ်မှူးဟ သူ့မိဆွေချို့ဝိုစေလွှတ်ပီး ကိုယ်တော်ဝို “အရှင်၊ ကျနော့်အီဝို လာဝိုတွက်န ကိုယ့်ကိုကိုယ်ဒုက္ခရှာပါန။ ကျနော်ရဲ့အီဝို ကြွရော့တော်မူဝို့တွက် ကျနော်ဟ အရှင်န ထိုက်တန်ဘဲဝိုသူ ဖြစ်ရယ်။ 7အဲမိုပြင် အရှင့်ဆီဝို လာရော့ဝို့လဲ ကျနော်ဟ ထိုက်တန်ရ၊ အဲမိုစား အရှင်ဟ မိဘဲ့ပေးလိုက်ပါ။ အဲဆိုဝါ ကျနော်ရဲ့စေခံဟ ကျန်းမာလာပါလိမယ်။ 8ကျနော် အယ်မျိုးပြောရဝိုဇာဟ ကျနော်ဟလဲ ခြားသူဒွေရဲ့ မိအာဏာအော့မှာ ရှေ့နေသူဖြစ်ပါရယ်။ သူ့နို့မိပေးရယ်ဆိုဝါ ကျနော်ဟ သူ့နို့ မိဝိုနာခံရပါရယ်။ ကျနော်ရဲ့လက်အော့မှာလဲ စစ်သားဒွေရှေ့ပီး သူ့နို့ဟ ကျနော်ရဲ့မိဝို နာခံရရယ်။ ကျနော်ဟ စစ်သားတယော့ဝို ‘သွား’ ဆိုပီး မိပေးရယ်ဆိုဝါ သူဟ သွားရပါရယ်။ စစ်သားနော့တယော့ဝို ‘လာပါ’ ဆိုပီး မိပေးရယ်ဆိုဝါ သူဟ လာရပါရယ်။ ကျနော်ဟ ကျနော်ရဲ့စေခံဒွေဝို ‘အဲမိုဇာဝို လုပ်ဂေ့ပါ’ ဆိုပီး ပြောဝါလဲ သူ့နို့မှာ လုပ်ရပါရယ်” ဆိုပီး ပြောလေရယ်။ 9အဲမျိုးပြောဇာဝို ကိုယ်တော်ယေရှုကြားရဝိုခီမှာ ရားဒိုင်းအံ့ဩဝါးပြီး သူ့နော့ဟနေ လိုက်လာဝို လူဒွေဝို “အစ္စရေးလူမျိုးဒွေထဲမှာ အယ်မို လူမျိူးခြားတပ်မှူးမျိုး ယုံကြည်မှုကီးမားဝိုသူဝို ဗြင်ဖူးသေးရ” ဆိုပီး မိတော်မူလေရယ်။ 10အဲမိုတပ်မှူးစေလွှတ်လိုက်ဝိုသူဒွေ အီဝိုပလန်ရော့ဝိုခီမှာ စေခံဟ ကျန်းမာနေဇာဝို တွီ့လိုက်ရလေရယ်။
မုဆိုးမတယော့ရဲ့သားဝို သက်ပလန်ရှင်စေခြင်း
11အဲနော့မကြာခံမှာ ကိုယ်တော်ဟ နာဣနနော်မယ်ရှေ့ဝိုဗြို့ဝို ကြွတော်မူလေရယ်။ သူ့ဗြိတော်ဒွေန လူအုပ်ဂီးဟလဲ ကိုယ်တော်နတူတူ လိုက်ပါလာဂေ့လေရယ်။ 12ဗြို့ဝမ်ခေါ့ပေါ့နားဝို ရော့ဝိုခီမှာ လူသေ လောတလောဝို သင်္ဂြိုလ်ဝို့ လူတစ်ဇုဟ ခေါထမ်းပီး ဗြို့ပလန်ဝို သယ်ထုလာဂေ့ရယ်။ သေဝိုလူဟ မုဆိုးမတယော့ရဲ့ ဦးဒဲသောသားဖြစ်ရယ်။ ဗြို့သူ၊ ဗြို့သားဒွေဟလဲ အဲမို မုဆိုးမနတူတူ လိုက်ပါပို့ဆော်ဂေ့လေရယ်။ 13ကိုယ်တော်ဟ အဲမိုမီးမဝို ဗြင်တော်မူပြီး သူ့ဝို ရားဒိုင်းနားရားရိတွက်ဂျော့ အဲမိုမီးမဝို “ငိုပါန” ဆိုပီး မိတော်မူလိုက်လေရယ်။ 14ကိုယ်တော်ဟ အဲမိုလူဒွေသယ်လာဝို ခေါနားဝို ကြွတော်မူပြီးန ခေါဝို လက်တော်န ထိတော်မူလိုက်လေရယ်။ အဲမိုခီမှာ ခေါထမ်းလာဝိုသူဒွေဟ ရပ်ပေးလိုက်ဂေ့ပီး ကိုယ်တော်ဟ “သားငယ်၊ နန့်ဝို ငါပြောမယ်။ ထပါ” ဆိုပီး မိတော်မူလိုက်လေရယ်။ 15အဲနော့မှာ သေဆုံးရားပီးဖြစ်ဝို သားငယ်ဟ ထထိုင်လိုက်ပီး ဂါးစပြောလေရယ်၊ အဲနော့ ကိုယ်တော်ဟ အဲမိုသားငယ်ဝို သူ့မိဆီဝို ပလန်အပ်လေရယ်။ 16အဲ့နော့ လူဒွေဟ ထိလန့်အံ့ဩပီး ဘုရားရှင်ဝို ချီးမွမ်းဂေ့လေရယ်၊ သူ့နို့ဟ “နို့ ထဲမှာ ကီးမြတ်ဝို ပညာရှေ့ပရောဖက်တစ်ပါး ပေါ်ထွန်းခဲ့လေပီ၊ ဘုရားရှင်ဟ နို့ဒွေဝို ကူညီဝို့ ကြွတော်မူလေပီ” ဆိုပီး ပြောပီး ဘုရားရှင်ဝို ချီးမွမ်းဂေ့လေရယ်။ 17ကိုယ်တော်ယေရှု န ပတ်သက်ဝိုဒန်းဟ ယုဒပြည်နယ်ခုလုံးန ပတ်ဝန်းကျင်ဒေသ ဂူလုံးဝို ပလန့်နှံ့ရားလေရယ်။
ရေနှစ်မြင်ဂလာဆရာယောဟန်ကြောဝို မိဆိုခြင်း
(ရှင်မဿဲ ၁၁.၂-၁၉)
18အဲနော့ ရေနှစ်မြင်ဂလာ ဆရာယောဟန်ရဲ့ဗြိဒွေဟ အယ်မိုကြောရာဂူလုံးဝို ယောဟန်ဝို ပြောပြဂေ့ဝိုခီမှာ ယောဟန်#7.18 ယောဟန် အဲမိုဖြစ်ပျစ်ဒွေ ဖြစ်ပျစ်နေဝိုခီမှာ ယောဟန်ဟ ထော်ထဲမှာရှေ့နေဝိုခီဖြစ်ရယ်။ဟ သူ့ဗြိနှေ့ယော့ဝို ခေါ်ပီး။ 19ယောဟန်ဟ သူ့ဗြိနှေ့ယော့ဝို “ကိုယ်တော်ဟ ကြွလာမယ်ဆိုပီး ကျနော်ဒို့ မျှော်လင့်ပီးစော့နေဝို မေရှိယအရှင်လော အဲမျိုးမုဝဆိုဝါ ကျနော်ဒို့ ခြားပုဂ္ဂိုလ်ဝို စော့ရဝို့ပသေးလော” ဆိုပီး မေးခိုင်းလေရယ်။ 20အဲမိုလူဒွေဟ ကိုယ်တော်ဆီဝို ရော့လာပီး ကိုယ်တော်ဝို “ရေနှစ်မြင်ဂလာဆရာယောဟန်ဟ ကျနော်ဒို့ဝို ကိုယ်တော်ဆီဝို စေလွှတ်ပီး ‘ကိုယ်တော်ဟ ကြွလာမယ်ဆိုပီး ကျနော်ဒို့ မျှော်လင့်ပီးစော့နေဝို မေရှိယအရှင်လော အဲမျိုးမုဝဆိုဝါ ကျနော်ဒို့ ခြားပုဂ္ဂိုလ်ဝို စော့ရဝို့ပသေးလော’ ဆိုပီး မေးခိုင်းပါရယ်” ဆိုပီး ရှော့တံလိုက်ဂေ့လေရယ်။ 21အဲမိုခီမှာ ကိုယ်တော်ယေရှုဟ ဖျားနာဝိုသူဒွေဝို ကုသပေးပီး၊ ကောဆိုးဝါးပူးကပ်ခံနေရဝိုသူဒွေဝို နှံထုပေးနေဇာဝိုပြင် မျစ်မမြင်များဂီးဝိုလဲ မျစ်စိပလန်ဗြင်စေဝို့ ကုသပေးနေခဲ့ရယ်။ 22အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို နန်းနို့ဗြင်တွီ့ရဝို ဇာဒွေဝို ယောဟန်ဆီသွားပီး ပြောပြလိုက်ပါ၊ “မျစ်မမြင်ဒွေဟ ခုမျစ်စိဗြင်ဂေ့ရပီး၊ ခေလက်မသန်စွမ်းဘဲဝို သူဒွေဟလဲ လမ်းရှော့နိုင်ဂေ့ပီ၊ နာဂီးရောဂါသည်ဒွေဟ ရောဂါပျော့ကမ်းဂေ့ရပီ၊ နားမကြားဘဲဝို သူဒွေဟလဲ နားကြားရားဂေ့ပီ၊ သေသူဒွေဟ သက်ပလန်ရှင်ဂေ့ပီ၊ ဆင်းရဲသားဒွေဟလဲ ဘုရားရှင်ဆီဟ ဒန်းဂေါဝို ကြားသိ နေဂေ့ရပီ။ 23ငါ့ဝို ဆစ်ပီး ယုံကြည်နေဝို သူဒွေဟ ကံကောဂေ့လိမယ်” ဆိုပီး မိတော်မူလေရယ်။ 24ယောဟန်ရဲ့ ဗြိဒွေ ပလန်ရားပီးနော့ ကိုယ်တော်ဟ လူထုပရိသတ်ဝို ယောဟန်ရဲ့ကြောဝို ဟောပြောတော်မူလေရယ်၊ ကိုယ်တော်ဟ “နန်းနို့ဟ တောကန္တာရဝိုသွားပီး ဟဲရာဇာဝို ကေ့ဝို့ သွားဂေ့နူး။ လေတိုက်ဝိုခီမှာ ဟို့ဖက်အယ်ဖက်ယီးနေဝို ကျူပမ်ရှယ်ဂီးဒွေဝို ကေ့ဝို့ တွက်လော။ 25အဲမျိုးမုဝဆိုဝါ နန်းနို့ဟ ပလန်ဝိုထွက်ပီး ဟဲမျိုးဇာဝို ကေ့ဝို့ ထွက်လာဂေ့နူး၊ ဝတ်ကောစားလှ ဝတ်ရားဝိုသူဒွေဝို သွားကေ့ဂေ့ဇာလော၊ တန်ဖိုးကီးဝို ဝတ်စားလှလှဒွေဝို ဝတ်ဆင်ပီး စည်းဇိမ်ပလဲ့ခံစားနေသူဒွေဝို နန်းတော်ထဲမှာဘဲ့ တွီ့ရပါလိမယ်။ 26အဲဆိုဝါ နန်းနို့ဟ ဟဲရာဇာဝို ကေ့ဝို့ ထွက်ဂေ့နူး။ ပရောဖက်ဝို ဗြင်ရှင်ရိလော၊ မှန်ရယ်၊ အယ်ဘေမဲ့ ငါ နန်းနို့ဝိုပြောရှင်ဇာဟ ယောဟန်ဟ ပရောဖက်ထက်ဂိုမှ ကီးမြတ်သူ ဖြစ်ပေရယ်။” ဆိုပီး မိတော်မူလေရယ်။ 27“ဟဲဖြစ်ရိနူးဆိုဝါ ရှေးပရောဖက်တစ်ပါးဟ ယောဟန်ကြောဝို ရေးရားဇာဟ#7.27 မာလခိ ၃:၁ ဘုရားရှင်ဟ မေရှိယဝို အယ်မိုမျိုး မိတော်မူရစ်ရယ်။ အဲမိုဇာဟ
နားထော်၊ နန့်ဝို မလွှတ်ခံ ငါဟ ငါ့ရှေ့တော်ပလေးဝို ဦးဆုံးစေလွှတ်မယ်။
သူဟ နန့်ရှေ့မှာ နန့်တွက်လမ်းဝို ပြင်ဆင်ပေးလိမယ်” ဆိုပီး ဖြစ်ရယ်။
28“နန်းနို့ဝို ငါပြောမယ်။ မီးမဒွေဆီဟနေ မွီးလာဝိုသူဒွေထဲမှာ ယောဟန်ထက် ကီးမြတ်သူ ဟယ်သူမှ မှေ့ရ၊ အယ်ဘေမဲ့ ဘုရားရှင်ရဲ့ သာသနာတော်ထဲမှာလော ရေးမပါဆုံးသူဟ ယောဟန်ထက် ကီးမြတ်ရယ်” ဆိုပီး မိတော်မူလေရယ်။
29ခွန်ကော့ခံဝိုသူဒွေန လူဒွေဂူလုံးဟ ယောဟန်ရဲ့ဂါးဝို နားထော်ခဲ့ဂေ့ပီး ရေနှစ်မြင်ဂလာခံယူခဲ့ဂေ့ရိတွက် ဘုရားရှင်ဟ ဖြော့မတ်မှန်ကန်ကြောဝို ဝန်ခံခဲ့ဂေ့ရယ်။ 30အယ်ဘေမဲ့ ဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒို့ဟ ယောဟန်ဆီဟနေ ရေနှစ်မြင်ဂလာခံယူဇာမှေ့ဘဲမျိုး သူ့နို့တွက် ဘုရားရှင်စီစဥ်ရားဇာဒွေဝို လက်ခံဝို့ ငြင်းဆန်နေဂေ့ရယ်။
31အဲနော့ ကိုယ်တော်ယေရှုဟ ဆစ်ပီး “အယ်ခေတ်လူဒွေဝို ဟဲရာဇာန ခိုင်းနှိုင်းရမယ်နူး၊ သူ့နို့ဟ ဟဲမျိုးဇာန တူနူးဆိုဝါ။ 32သူ့နို့ဟ ဈေးထဲမှာထိုင်ပီး
‘နို့ဟ ပုလွေမှုပီး ပျော်ဇာကောဝို ချင်းဒွေဆိုနေဘေမဲ့ နန်းနို့ဟ ကဂေ့ရ။
နို့ဟ ဝမ်းနည်းဇာကောဝို ချင်းဆိုပြလဲ နန်းနို့မှာ ငိုဂေ့ရ’
ဆိုပီး ယော့နယော့ လှမ်းပီးအော်ပြောနေဝို သားငယ်ရားဒွေန တူရယ်။
33ဟဲဖြစ်ရိနူးဆိုဝါ ရေနှစ်မြင်ဂလာဆရာယောဟန်ဟ ပုံမှန်စားဇာဝိုမစား#7.33 ပုံမှန်စားဇာဝိုမစား ယောဟန်ဟ ကျိုင်းကော်၊နှံကော်ဒွေန ပျားရယ်ဝို စာဖြစ်န စားလေ့ရှေ့ရယ်။၊ ဝိုင်ဝိုလဲ သော့ဘဲန လာဝိုခီမှာ နန်းနို့ဟ ‘သူ့ဆီမှာ ကောဆိုးဝါး ပူးကပ်နေရယ်’ ဆိုပီး ပြောဂေ့ရယ်။ 34လူ့သားတော်ဖြစ်ဝို ငါဟ ရော့လာပီး စားသော့ပီး နေဝိုခီမှာလဲ နန်းနို့ဟ ‘ယေရှုဟ စားသော့ကျူးသူဖြစ်ပီး ခွန်ကော့သူဒွေ၊ ဒုစရိုက်ပြစ်သားဒွေန ပေါသင်းဖွဲ့ပီး စားသော့နေရယ်’ ဆိုပီး ပြောဂေ့ပလန်ရယ်။ 35အယ်ဘေမဲ့ ဘုရားရှင်ရဲ့ ဉာဏ်ပညာဟ ဖြော့မတ်မှန်ကန်ကြောဝို အဲမိုဇာဝို လိုက်နာကျင့်သုံးဝိုသူဒွေဟ သက်သေပြနေရယ်” ဆိုပီး မိတော်မူလေရယ်။
ပြစ်ဒုဇရိုက်များဝို မီးမဝို ခွမ့်လွှတ်ခြင်း
36အဲနော့ ရှိမုန်ဆိုပီးခေါ်ဝို ဖာရိရှဲတယော့ဟ ကိုယ်တော်ယေရှုဝို သူ့အီမှာ ညစ်ခန်းဇာမှန်း စားဝို့ ပမ့်ဖိလိုက်လေရယ်။ အဲမိုဂျော့ ကိုယ်တော်ဟ ဖာရိရှဲရဲ့အီဝို ကြွတော်မူပီး ညစ်ခန်းဇာမှန်းစားသော့ဝို့ ဘွဲမှာ ထိုင်လေရယ်#7.36 ထိုင်လေရယ် မူရင်းဂရိကျမ်းမှာ 'လှဲရယ်' ဆိုပီး တွီ့ရရယ်။ သမ္မာကျမ်းစာခေတ်မှာ စာ စားဝိုခီမှာ ဘွဲရှေ့မှာထိုင်ပီး စားသော့လေ့မှေ့ရ။ တစ်ခုခုပေါ် ဘဲ့ဖြစ်ဖြစ် ခြားလူပေါ် ဝိုမှီပီး ညာဖက်လက်န စာ စားနေဝိုခီမှာ သူ့နို့ရဲ့ဘယ်ဖက်ဒေါင်စစ်ဝို ခေထော့နတူတူ ဘွဲနဝီးရာဝို ဆန့်ရားဂေ့ရယ်။
37အဲမိုဗြို့မှာ ပြစ်များဝို မျိုးမီးတစ်ယော့ဟ ကိုယ်တော်ယေရှုဟ ဖာရိရှဲအီမှာ ထိုင်ပီး စားသော့နေဇာဝို သိရဝိုခါမှာ တန်ဖိုးကီးဝို ရေမွှီးတစ်ပုလင်းဝို ယူပီးလာလေရယ်။ 38သူဟ ကိုယ်တော်ရဲ့နော့မှာရပ်ပီး ခေတော်ရင်းမှာရပ်ပီး ဝမ်းနည်းစွာငိုကြွေး#7.38 ငိုကြွေး သူ့ပြစ်ဒွေတွက် ဝမ်းနည်းရိဂျော့ ငိုဇာဖြစ်နိုင်ရယ်။လိုက်ရိဂျော့ ကိုယ်တော်ရဲ့ခေတော်ဆီ သူရဲ့မျစ်ရည်ဒွေ စီးကလသွားခီမှာ ခေတော်ဝို သူရဲ့ဆန်းဘန်ဒွေန ခြော့သွေ့အော်သုပေးလိုက်ရယ်၊ ကိုယ်တော်ရဲ့ ခေဒေါ့ဝိုနမ်းရှိုက်လိုက်ပီး ရေမွှီးန သွန်းလောပူဇော်လေရယ်။
39အဲမိုဇာဝို ကိုယ်တော်ဝိုပမ့်ဖိလာသူ ဖာရိရှဲဗြင်ခါမှာ “အဲမိုလူဟ ပရောဖက်မှန်ရယ်ဆိုဝါ သူ့ဝိုတို့ထိနေသူမျိုးမီးဟ ဟဲမျိုးမီးမမျိုးဖြစ်နူးဆိုဇာဝို သိရမှာဖြစ်ပီး ပြစ်များဝို မီးမဖြစ်ကြောဝိုလဲ သိရမယ်” ဆိုပီး တွီးနေလေရယ်။
40ကိုယ်တော်ယေရှုဟ ဖာရိရှဲဝို “ရှိမုန် ငါတစ်ခုလော့ နန့်ဝိုမိတော်မူမယ်” ဆိုပီး ပြောလိုက်ရာ ရှိမုန်ဟ “မိတော်မူပါ အရှင်” ဆိုပီး ပလန်လည်ရှော့တံလိုက်ရယ်။
41ကိုယ်တော်ဟ “ငွေချေးသူတယော့ဆီမှာ လူနှေ့ယော့ ငွေချေးငှားဂေ့ရယ်၊ ယော့ဟ ဒေနာရီဒန်းဂါး#7.41 ဒေနာရီဒန်းဂါး ဒေနာရီဒန်းဂါးတပြားဟ နေ့စားလုပ်သမားယော့ရဲ့ နေ့စားလုပ်အားခနညီမျှရယ်။ငါးရာန ခြားတစ်ယော့ဟ ဒေနာရီဒန်းဂါးငါးဆယ် ကြွေးတံရယ်။ 42သူ့နို့ဟ ကြွေးရှင်ဝို ပလန်လည်ပေးဆပ်နိုင်ဟန်းဖြစ်ပီး ကြွေးရှင်ဟ သူ့နို့နှေ့ယော့လုံးရဲ့ ကြွေးဒွေဝို ပလန်လည်ပေးဆပ်ဝို့ မလိုဟန်း ဆိုပီး ပြောလိုက်ခီမှာ ဟယ်သူဟ ကြွေးရှင်ဝို ပိုကျေးဇူးတံမယ်နူး” ဆိုပီး မေးလိုက်လေရယ်။
43ရှိမုန်ဟ “ကျော်ထံဇာဟလော ကြွေးပိုပီးပေးဆပ်ရသူဟ ပိုပီးကျေးဇူးတံပါလိမယ်” ဆိုပီး ရှော့တံလိုက်ရယ်။ ကိုယ်တော်ဟ “နန် မှန်ပါရယ်” ဆိုပီး မိတော်မူလိုက်ရယ်။
44သူဟ အဲမိုမျိုးမီးဖက်ဝို ပလန်လှည့်ကေ့လိုက်ပီး ရှိမုန်ဝို “နန် သူဝို ဒိထားမိလော၊ ငါနန်းနို့အီဝိုကြွလာခီမှာ နန်ဟ ငါ့ခေဒေါ့ဆေးဝို့ ရေန ကြိုဆိုဘဲဝိုခီမှာ သူဟ ငါရဲ့ခေဒေါ့ဝို သူရဲ့မျစ်ရယ်ဒွေန ဆေးကြောပီး သူရဲ့ခေါဟဆန်းဘန်ဒွေန ‌ခြော့သွေ့အော်သုပေးခဲ့ရယ်။” 45နန်ဟ ငါကြွလာဝိုခါမှာ ငါ့ဝိုနမ်းပီး ကြိုဆိုဝ၊ သူကလလောဝါ ဝမ်လာဒဲဟ ငါ့ခေဒေါ့ဝို ဆစ်မပြတ်နမ်းရှိုက်ခဲ့ရယ်။ 46နန်ဟ ငါ့ဝိုကြိုဆိုဝို့ ငါ့ဦးခေါဝို သံလွင်ဆီနဂိုမှ မလူးပေးခဲ့ပေမယ့် သူဟ တန်ဖိုးကီးဝိုရေမွှီးန ငါခေဒေါ့ဝို လူးပေးပီး ကြိုဆိုခဲ့ရယ်။ 47အဲမိုဂျော့ အယ်မျိုးမီးဟ သူရဲ့မေတ္တာတရားကီးမားပုံဝို ဖော်ပြခဲ့ရိတွက်ဂျော့ သူရဲ့ပြစ်ဒွေဝို ခွမ့်လွှတ်ပေးလိုက်ပီဖြစ်ရယ်။ အယ်ဘေမဲ့ ချစ်ခြင်းမေတ္တာနဲငယ်ဝိုဘဲ့ ဖော်ထုပြသဝိုသူဟ ခွမ့်လွှတ်ရှင်းနဲနဲရားဝိုဘဲ့ရမယ်။
48အဲနော့ ကိုယ်တော်ဟ အဲမိုမျိုးမီးဝို “နန့်ပြစ်ဒွေဂူလုံး ခွမ့်လွှတ်လိုက်ပီ” ဆိုပီး မိတော်မူလိုက်လေရယ်။
49အဲခါ ကိုယ်တော်နတူတူ ဘွဲမှာထိုင်နေဝို ခြားလူဒွေဟ “ပြစ်ဒုဇရိုက်ဂိုမှ ခွမ့်လွှတ်နိုင်ရယ်ဆိုပီး ပြောနေရိတွက် အယ်လူဟ ဟယ်သူနူး” ဆိုပီး ချင်းချင်းပြောဆိုနေဂေ့လေရယ်။
50အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ အဲမိုမျိုးမီးဝို “နန့်ရဲ့ယုံကြည်ခြင်းဂျော့ ခု နန်ကယ်တံဇာခံရပီ။ ငြီးချမ်းစွာသွားပါ” ဆိုပီး မိတော်မူလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 7: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល