ရှင်လုကာ 6

6
အခန်း (၆)
ဥပုသ်နိန့်ရဲ့ အရှင်သခင်
(ရှင်မဿဲ ၁၂:၁-၈ရှင်မာကု ၂:၂၃-၂၈)
1ဥပုသ်နိန့်တစ်ရက်မှာ ကိုယ်တော်ယေရှုနဲ့တပည့်တော်တိဟာ စပါးခင်းတိကိုဖြတ်လားကတ်ခါ တပည့်တော်တိဟာ စပါးစိတိကို ခူးယူပနာ အခွံတိကို လက်မာပွတ်လို့ဖယ်ပြီးကေ ဆန်စိတိကို စားခကတ်တေ။ 2ယေခါ ဖာရိရှဲတချို့က ကိုယ်တော်ရဲ့တပည့်တော်တိကို “အသင်ရို့ဟာ ဥပုသ်နိန့်မာ ခွင့်မပြုတဲ့အရာတိကို အဇာဖြိုက်လို့လုပ်နီကတ်ရောင်” လို့ပြောကတ်တေ။
3ကိုယ်တော်က “ဘုရင်ဒါဝိဒ်နဲ့သူ့နောက်လိုက်တိဟာ ဝမ်းဆာလာရေခါ ပဇောင်ပိုင်လုပ်ခရေဆိုဟာ အသင်ရို့ ကျမ်းစာထဲမာ မဖတ်ဖူးကတ်လား#6:3 ယင်းအဖြိုက်အပျက်ဟာ ဘုရင်ဒါဝိဒ်က ရှောလုမင်းကြီးပါးက ထွက်ပြီးနီတဲ့အချိန်ခါ ဖြိုက်ပါရေ။4သူဟာ ဘုရားရှင်ရဲ့အိမ်တော်ထဲကိုဝင်လားပနာ ပုရောဟိတ်တိရာစားခွင့်ဟိတဲ့ ဘုရားရှင်ကိုကပ်လှူထားရေပေါင်မုန့်#6:4 ပေါင်မုန့် ပေါင်မုန့်ဆိုဟာ ဘုရားရှင်ကို ပူဇော်ဖို့အတွက် ဂျုံနဲ့လုပ်ထားယေမုန့်ဖြိုက်တေ။ ယင်းပေါင်မုန့်ဟာ ဥပုသ်နိန့်မာ အသစ်ကိုယူပြီးကေ အဟောင်းကိုစွန့်ပနာ ပုရောဟိတ်တိရာ စားရဖြိုက်တေ။ ကို သူကိုယ်တိုင်စားဟာတင်မက သူ့နောက်လိုက်တိကိုပါ ကျွေးခရေ” လို့မိန့်‌တော်မူရေ။ 5ယပြီးကေ ကိုယ်တော်က “လူ့သားတော်ဖြိုက်တဲ့ငါဟာ ဥပုသ်နိန့်ရဲ့ အရှင်သခင်ဖြိုက်တေ” လို့မိန့်ဆိုလိုက်တေ။
ညာလက်တစ်ဖက် သီနီရေလူတစ်ယောက်
(ရှင်မဿဲ ၁၂:၉-၁၄ရှင်မာကု ၃:၁-၆)
6အရာဥပုသ်နိန့်တစ်ရက်မာ ကိုယ်တော်ဟာ ဓမ္မာရုံမာ ဟောပြောသွန်သင်နီခါ ယင်းနီရာမာ ညာလက်တစ်ဖက်သီနီရေ လူတစ်ယောက် ဟိနီခရေ။ 7ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာတချို့ဟာ ဥပုသ်နိန့်မာ တစ်ယောက်ယောက်ကို အနာရောဂါ ပျောက်ကင်းစီကေ စွပ်စွဲဖို့အတွက် အကြောင်းပြချက် ရှာတွိ့နိုင်ဖို့ ကိုယ်တော်ကို အနီးကပ်စောင့်ကေ့နီကတ်တေ။ 8ယကေလဲ ကိုယ်တော်က ယင်းသူရို့ ပဇောင်ပိုင် တွေးနီလဲဆိုဟာကို သိဟာကြောင့် ယင်းညာလက်တစ်ဖက်သီနီရေလူကို “လူတိအားလုံးရှေ့မာ ထပ်ရပ်လိုက်” လို့ပြောလိုက်တေခါ ယင်းလူဟာ ထလို့ရပ်လိုက်တေ။
9ယေပနာ ကိုယ်တော်က “အသင်ရို့ကို ငါတစ်ခုမီးမေ။ ဒေပိုင်ဥပုသ်နိန့်မာ ကောင်းတဲ့အရာကိုလုပ်ဟာနဲ့ မကောင်းတဲ့အရာကိုလုပ်ဟာ၊ မဟုတ်ပဲနဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဟာနဲ့သတ်ဟာမာ အဇာကပညတ်တော်နဲ့ညီရောင်” လို့မီးတော်မူရေ။ 10ယေပနာ ကိုယ်တော်က ဘေးပတ်ဝန်းကျင်မာဟိတဲ့လူတိကို လှည့်လို့ကေ့ပနာ ညာဘက်လက်သီနီရေလူကို “မတ်ရဲ့လက်ကို ဆန့်လိုက်ပါ” လို့မိန့်ဆိုလိုက်တေ။ ယင်းလူက လက်ကိုဆန့်လိုက်ဟာနဲ့ သူ့လက်ဟာ နဂိုအတိုင်း ကောင်းလားခရေ။ 11ယေခါ ဖာရိရှဲတိနဲ့ကျမ်းတတ်ဆရာတိဟာ မာန်ပါကတ်ပြီးကေ ကိုယ်တော်ကို ပဇောင်လုပ်ရဖို့ရောင်လို့ အချင်းချင်း တိုင်ပင်ခကတ်တေ။
သာဝကဆယ့်နှစ်ယောက်
(ရှင်မဿဲ ၁၀:၁-၄ရှင်မာကု ၃:၁၃-၁၉)
12တစ်ရက်နိန့်မာ ကိုယ်တော်ယေရှုဟာ တောင်ထက်ကိုလားပနာ တစ်ညဉ့်လုံး ဘုရားရှင်ပါးမှာ ဝတ်ပြုဆုတောင်းတော်မူနီခရေ။ 13မိုးလင်းရေအခါ ကိုယ်တော်ယေရှုက သူ့ရဲ့တပည့်တော်တိကို သူ့ပါးကိုခေါ်လို့စုလိုက်ပနာ ယင်းလူတိထဲက ဆယ့်နှစ်ယောက်ကို ရွီးလိုက်ပြီးကေ သာဝက #6:13 သာဝက သာဝက ဆိုဟာ ကိုယ်တော်ယေရှုက အထူးရွီးကောက်တော်မူထားရေ တပည့်တော်တိဖြိုက်ကတ်တေ။လို့ ခေါ်တော်မူခရေ။
14ယင်းလူတိက ပေတရုလို့ ကိုယ်တော်က နာမေပီးခရေ ရှိမုန်နဲ့သူ့ညီ အန္ဒြေ၊
ယာကုပ်၊
ယောဟန်၊
ဖိလိပ္ပု၊
ဗာသောလမဲ၊
15မဿဲ၊
သောမ၊
အာလဖဲရဲ့သား ယာကုပ်၊
မျိုးချိုက်ပုဂ္ဂိုလ်လို့ခေါ်ကတ်တေ ရှိမုန်၊
16ယာကုပ်ရဲ့သား ယုဒနဲ့
ကိုယ်တော်ကို နောက်ခါ သစ္စာဖောက်လာဖို့လူဖြိုက်တေ ယုဒရှကာရုတ်#6:16 ယုဒရှကာရုတ် ယုဒရှကာရုတ်ဆိုဟာ နောက်ဆုံးကတိသစ္စာပြုစားပွဲမှာ ကိုယ်တော်ယေရှုကို သစ္စာဖောက်ပနာ ကိုယ်တော်ကို သစ္စာဖောက်ဟာအတွက် နောင်တရပနာ ကိုယ့်ဟာကို သတ်သီခရေ။ မ၊ ၂၇:၅။ ရို့ ဖြိုက်ကတ်တေ။
ကိုယ်တော်ယေရှု သွန်သင်ခြင်းနဲ့ကုသခြင်း
(ရှင်မဿဲ ၄:၂၃-၂၅)
17ယပြီးကေ ကိုယ်တော်ဟာ သာဝကတိနဲ့တတူတူ တောင်ထက်ကနီ ကြွလာပနာ မြီပြန့်ရေနီရာမှာ ရပ်တော်မူခရေ။ ယင်းနီရာမှာ အရာတပည့်တော်တိနဲ့တတူ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့၊ ပင်လယ်ကမ်းခြေမာဟိတဲ့ တုရုနဲ့ ဇိဒုန်မြို့ ကလာကတ်တဲ့ လူတိလည်း ရောက်နီကတ်တေ။ 18သူရို့တိဟာ ကိုယ်တော်ရဲ့ဟောပြောသွန်သင်ဟာတိကို နာကြားဖို့နဲ့ သူရို့ရဲ့ရောဂါတိကို ပျောက်လားအောင် ကုသခံဖို့ လာကတ်ဟာ ဖြိုက်တေ။ မကောင်းဆိုးဝါး ဝင်ပူးခံနီရရေလူတိလည်း အကောင်းအတိုင်း ပြန်ဖြိုက်လားဖို့ လာကတ်ဟာဖြိုက်တေ။ 19ကိုယ်တော်မာ တန်ခိုးတိဟိဟာပနာ လူတိရဲ့အနာရောဂါတိကို ပျောက်ကင်းစီနိုင်ဟာကြောင့် လူတိုင်းဟာ ကိုယ်တော်ယေရှုကို ထိနိုင်ဖို့ ကြိုးစားခကတ်တေ။
ဘုရားရှင်ရဲ့မျက်နှာသာပီးခြင်းကို ခံရတဲ့လူတိ
(ရှင်မဿဲ ၅:၁-၁၂)
20ယပြီးကေ ကိုယ်တော်ဟာ သူ့ရဲ့ တပည့်တော်တိဖက်ကိုလှည့်ပနာ သူရို့ကို
“အဂု ဆင်းရဲနီကတ်တဲ့အသင်ရို့ဟာ ဘုရားရှင်ရဲ့မျက်နှာသာပီးခြင်းကို ခံရလိမ့်မေ။
အဇာဖြိုက်လို့ဆိုကေ ဘုရားရှင်ရဲ့သာသနာတော်ဟာလည်း အသင်ရို့အတွက် ဖြိုက်တေ။
21အဂု ဆာလောင်ငတ်မွတ်နီကတ်တဲ့အသင်ရို့ဟာ ဘုရားရှင်ရဲ့မျက်နှာသာပီးခြင်းကို ခံရလိမ့်မေ။
အဇာဖြိုက်လို့ဆိုကေ သူရို့ဟာ ဘုရားရှင်ရဲ့ ပြည့်စုံတဲ့အစားအသောက်နဲ့ နီရဖို့ကြောင့်ဖြိုက်တေ။
အဂု ငိုနီတဲ့အသင်ရို့ဟာ ဘုရားရှင်ရဲ့မျက်နှာသာပီးခြင်းကို ခံရလိမ့်မေ။
အဇာလို့ဆိုကေ ဘုရားရှင်ဟာ အသင်ရို့ကို ရယ်မောစီဖို့ ဖြိုက်တေ။
22လူ့သားတော်ကို ယုံကြည်ကတ်ဟာကြောင့် အသင်ရို့က အရာလူတိရဲ့ မုန်းတီးဟာကိုခံရတဲ့အခါဖြိုက်ဖြိုက်၊
လူတိရဲ့ပစ်ပယ်ဟာကိုခံရပြီးကေ ကဲ့ရဲ့ပြောဆိုခံရခါဖြိုက်ဖြိုက်၊
မကောင်းဆိုးဝါးလို့အပြောခံရခါဖြိုက်ဖြိုက် အသင်ရို့ဟာ ဘုရားရှင်ရဲ့မျက်နှာသာပီးခြင်းကိုခံရလိမ့်မေ။
23ယင်းပိုင်မျိုးဖြိုက်ခကေ ဝမ်းသာအားရနဲ့ ကခုန်ကတ်ပါ။ အဇာဖြိုက်လို့ဆို‌ကေ ရွှေမြို့တော်မာ အသင်ရို့ရဖို့ ဆုလာဘ်ဟာ ကြီးမားဟာကြောင့်ဖြိုက်တေ။ အယင်ခါတုန်းကပင် ယင်းလူတိရဲ့အဖိုးအဖီးတိဟာ ပရောဖက်တိကို ယင်းပိုင်လုပ်ခကတ်ဟာကြောင့် ဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။
ဒုက္ခရောက်တဲ့လူတိ
24နောက်ထပ် ကိုယ်တော်က
“ယေတာလဲ သူဌေးတိ၊ အသင်ရို့ရဲ့ဘဝကို သက်သက်သာသာနဲ့
နီထိုင်ခရဟာဖြိုက်လို့ အသင်ရို့ဟာ ဒုက္ခရောက်ကတ်ဖို့သိမ်း။
25အဂုခါ ဝဝလင်လင် စားသောက်နီထိုင်ရတဲ့သင်ရို့ဟာ ဒုက္ခရောက်ကတ်ဖို့သိမ်း။
အဇာဖြိုက်လို့ဆိုကေ အသင်ရို့ဟာ ဆာလောင်ငတ်မွတ်ဟာကို ခံရဖို့ဟာကြောင့်ဖြိုက်တေ။
အဂုခါ ရယ်မောနီရေအသင်ရို့ဟာ ဒုက္ခရောက်ကတ်ဖို့သိမ်း။
အဇာဖြိုက်လို့ဆိုကေ အသင်ရို့ဟာ ဝမ်းနည်းပက်လက်နဲ့ ငိုကတ်ရဖို့ဖြိုက်တေ။
26လူတိက အသင်ရို့အကြောင်းကို ချီးမွမ်းပြောဆိုကတ်ကေလည်း အသင်ရို့ ဒုက္ခနဲ့ကြုံကတ်ရလိမ့်မယ်။
အဇာဖြိုက်လို့ဆိုကေ အသင်ရို့ရဲ့အဖိုးအဖီးတိကလည်း အယောင်ဆောင်ပရောဖက်တိကို ယင်းနည်းအတိုင်း ချီးမွမ်းပြောဆိုခကတ်လို့ ဖြိုက်တေ”
လို့မိန့်တော်မူရေ။
ရန်သူကိုမေတ္တာထားပါ
(ရှင်မဿဲ ၅:၃၈-၄၈၇:၁၂)
27ကိုယ်တော်က ဆက်လို့ “ယကေလဲ အဂု ကြားနာနီကတ်တေ အသင်ရို့ကို ငါပြောမေ။ အသင်ရို့တိရဲ့ရန်သူကို မေတ္တာထားကတ်ပါ။ ကိုယ့်ကို မုန်းနီတဲ့လူတိရဲ့ ကောင်းကျိုးတိကို လုပ်ပီးကတ်ပါ။ 28အသင့်ရို့ကို ကျိန်ဆဲရေလူတိကိုလည်း ဘုရားရှင်ကောင်းကျိုးမင်္ဂလာပီးဖို့အတွက် ဆုတောင်းပီးလိုက်ပါ။ အသင့်ရို့ကို ရက်စက်တေလူတိုင်းကိုလည်း ဆုတောင်းပီးလိုက်ပါ။ 29တစ်ယောက်ယောက်က အသင့်ပါးတစ်ဖက်ကို လာသတ်ကေ အရာပါးတစ်ဖက်ကိုပါ သတ်ဖို့ပီးလိုက်ပါ။ တစ်ယောက်ယောက်က အသင့်ရဲ့အင်္ကျီအပြင်ထပ်ကိုတောင်းကေ အထဲကအင်္ကျီကိုပါ ပီးလိုက်ပါ။ 30အသင့်ပါးက တစ်ခုခုလာတောင်းရေလူတိကို ပီးကမ်းပါ။ တစ်ယောက်ယောက်က အသင်ပိုင်ရေပစ္စည်းတိကို ယူလားခကေလည်း ယင်းလူပါးက ပြန်မတောင်းပါကေ့။ 31သူတပါးက ကိုယ့်ကိုဆက်ဆံစီချင်ရေပုံစံအတိုင်း အရာလူတိကိုလည်း ဆက်ဆံပီးလိုက်ပါ။
32အသင်ရို့ကို မေတ္တာထားတဲ့လူတိကိုရာ မေတ္တာထားနိုင်ကေ ဘုရားရှင်က အသင်ရို့ကိုပဇောင်ချီးမွမ်းနိုင်ဖို့ရောင်။ အပြစ်ဒုစရိုက်သမားတိတောင်မှ သူရို့ကို မေတ္တာထားတဲ့လူတိကို ပြန်လို့မေတ္တာထားနိုင်ကတ်တေ။ 33အသင်ရို့အပေါ်မှာ ကောင်းရေလူတိကိုရာ အသင်ရို့ဟာ ပြန်လို့ကောင်းပီးနိုင်ရေဆိုကေ ဘုရားရှင်က အသင်ရို့ကို ချီးမွမ်းဖို့လို့ မမျှော်လင့်ကေ့။ အပြစ်ဒုစရိုက်သမားတိအချင်းချင်းတောင် ယင်းပိုင်မျိုး လုပ်နိုင်ရေ။ 34အသင်ရို့ပြန်ရဖို့လို့ မျှော်လင့်တဲ့လူတိကိုရာ ချေးငှားကေ ဘုရားရှင်က အသင်ရို့ကို ချီးမွမ်းဖို့လား။ အပြစ်ဒုစရိုက်သမားတိတောင် ချေးငှားပီးရေပမာဏအတိုင်း ပြန်ရဖို့အတွက် သူရို့အချင်းချင်းချေးငှားကတ်တေ။ 35ယေတာလဲ အသင်ရို့ဟာ ရန်သူတိကို မေတ္တာထားပနာ သူရို့အတွက် ကောင်းကျိုးလုပ်ကတ်ပါ။ တစ်ခုကိုတောင် ပြန်ရဖို့လို့ မျှော်လင့်ချက်မထားဘဲ ချေးငှားပီးကတ်ပါ။ ယင်းပိုင်လုပ်ကေ အသင်ရို့ဟာ ကြီးတဲ့ဆုလာဘ်ကို ရဖို့ဖြိုက်ပြီးကေ အမြင့်မြတ်ဆုံးဘုရားရှင်ရဲ့သားသမီးတိ ဖြိုက်ကတ်လိမ့်မေ။ အဇာဖြိုက်လို့ဆိုကေ ဘုရားရှင်ဟာ ကျေးဇူးမသိရေလူတိနဲ့ ဆိုးယုတ်တေလူတိကိုတောင် သနားကြင်နာတော်မူဟာကြောင့် ဖြိုက်တေ။ 36အသင်ရို့ရဲ့ အဖဘုရားရှင်ဟာ မေတ္တာကရုဏာနဲ့ ပြည့်စုံပိုင်မျိုး အသင်ရို့လည်း မေတ္တာကရုဏာနဲ့ ပြည့်စုံအောင်နီကတ်ပါ” လို့မိန့်တော်မူရေ။
အရာလူတိကို မစီရင်ပါကေ့
(ရှင်မဿဲ ၇:၁-၅)
37ကိုယ်တော်က ဆက်ပြီးကေ “အရာလူတိကို စီရင်ဟာတိမလုပ်ကတ်ပါကေ့။ ယပိုင်ဆိုကေမှ ဘုရားရှင်ရဲ့ စီရင်ဟာကို အသင်ရို့ခံရဖို့မဟုတ်။ အရာလူတိကို ပြစ်တင်ဝေဖန်ဟာတိ မလုပ်ကတ်ပါကေ့၊ ယပိုင်ဆိုမှရာ အသင်ရို့လည်း ဘုရားရှင်ရဲ့ အပြစ်တင်ဟာကို ခံရဖို့မဟုတ်။ အရာလူတိကို ခွင့်လွှတ်ပီးကတ်ပါ၊ ယင်းပိုင်ဆိုကေမှ ဘုရားရှင်ကလည်း အသင်ရို့ကို ခွင့်လွှတ်ပီးလိမ့်မယ်။ 38အရာလူတိကို ပီးကမ်းပါ။ ယင်းပိုင်ဆို‌ကေ အသင်ရို့လည်း ပီးကမ်းခံရလိမ့်မယ်။ အသင်ရို့အိတ်ထဲကို ဖိပနာ လှုပ်ပြီးကေ လျှံကျအောင်ထည့်ပီးကတ်လိမ့်မေ။ အသင်ရို့ အရာလူကိုပီးကမ်းတဲ့ ပမာဏအတိုင်း ဘုရားရှင်က အသင်ရို့ကို တူညီတဲ့ပမာဏအတိုင်း ပြန်ပီးလိမ့်မယ်” လို့မိန့်တော်မူခရေ။
39ယပြီးကေ ကိုယ်တော်ဟာ ယင်းလူတိကို ပုံဥပမာတစ်ခုကို မိန့်တော်မူဟာက “မျက်စိမမြင်ရေလူတစ်ယောက်က အရာမျက်စိမမြင်ရေလူတစ်ယောက်ကို အရှေ့ကနီ လမ်းပြပီးနိုင်ဖို့လား။ ယင်းနှစ်ယောက်စလုံး ချောက်ထဲကို ပြုတ်ကျလားနိုင်ရေ မဟုတ်လား။ 40ဆရာထက်ပိုလို့သာရေ တပည့်လို့မဟိ။ ယေတာလဲသို့ အပြည့်အဝသင်ယူတတ်မြောက်တဲ့တပည့်တိုင်း သူ့ဆရာပိုင်မျိုး ဖြိုက်လာလိမ့်မယ်။ 41အသင်ရို့ဟာ အသင်ရို့မိတ်ဆွေရဲ့မျက်လုံးထဲက အလွန်တရာငယ်ရေဖုန်မှုန့်ကိုကျ မြင်ပြီးကေ အသင်ရို့မျက်လုံးထဲက သစ်တုံးလောက်ဟိတဲ့ အမှိုက်စကိုကျကေ အဇာဖြိုက်လို့သတိမထားမိကတ်ရောင်။ 42အသင်ရို့ဟာ အသင်ရို့မျက်လုံးထဲက သစ်တုံးလောက်ဟိရေ အမှိုက်စကိုမမြင်ဘဲ၊ အသင်ရို့ရဲ့မိတ်ဆွေကို ‘အဆွေ၊ အသင့်မျက်စိထဲက ဖုန်မှုန့်ကိုထုတ်ပီးမေ’ လို့ပဇောင်ပိုင်ပြောနိုင်ဖို့ရောင်။ သူတော်ကောင်းယောင်ဆောင်ရေလူတိ၊ အသင်ရို့မျက်လုံးထဲက သစ်တုံးလောက်ဟိရေ အမှိုက်စကို အယင်ဖယ်လိုက်ကတ်ပါ။ ယင်းပိုင်ဆိုကေမှ အသင်ရို့မိတ်ဆွေရဲ့မျက်လုံးထဲက ဖုန်မှုန့်ကို ဖယ်ပီးဖို့အတွက် အသင်ရို့ ရှင်းရှင်းလင်းလင်းမြင်ကတ်လိမ့်မယ်” ဆိုပနာဖြိုက်တေ။
အပင်နှင့်အသီး
(ရှင်မဿဲ ၇:၁၆-၂၀၁၂:၃၃-၃၅)
43နောက်ထပ် ကိုယ်တော်က “ကောင်းရေအပင်ဟာ မကောင်းရေအသီးကို မသီးနိုင်ပိုင်မျိုး မကောင်းတဲ့ အပင်ဟာလည်း ကောင်းတဲ့ အသီးကို သီးနိုင်ဖို့မဟုတ်။ 44အသီးကို ကြည့်ပနာ အပင်ရဲ့အကြောင်းကိုသိနိုင်ရေ။ ဆူးပင်ကနီ သဖန်းသီးကို ခူးလို့မရနိုင်ပိုင်မျိုး ခြုံပုတ်ကနီ စပျိုက်သီးကို ခူးလို့ မရနိုင်။ 45ယင်းနည်းအတိုင်း ကောင်းရေလူတိဟာ သူရို့စိတ်နှလုံးထဲမာ ကောင်းတဲ့အရာတိဟိလို့ ကောင်းရေအရာတိကိုရာ လုပ်တတ်ကတ်တေ။ မကောင်းရေလူတိဟာ သူရို့စိတ်နှလုံးထဲမာ မကောင်းတဲ့အရာတိဟိလို့ မကောင်းရေအရာကိုရာ လုပ်တတ်ကတ်တေ။ ယင်းကြောင့် သူရို့ပြောတဲ့စကားတိဟာ သူရို့ရဲ့စိတ်နှလုံးထဲမာဟိတဲ့အရာတိကို ဖော်ပြနီရေ” လို့မိန့်တော်မူရေ။
အိမ်ဆောက်တဲ့လူနှစ်ယောက်
(ရှင်မဿဲ ၇:၂၄-၂၇)
46ကိုယ်တော်က ဆက်ပြီးကေ “အသင်ရို့ဟာ ငါ့စကားကို နားမထောင်ဘဲ အဇာဖြိုက်လို့ ငါ့ကို ‘အရှင်၊ အရှင်’ လို့ခေါ်နီကတ်ရောင်။ 47ငါ့ပါးကိုလာပြီးကေ ငါ့စကားတိကို နားထောင်ပနာ လိုက်နာကတ်တေလူတိုင်းဟာ ပဇောင်လူနဲ့တူရေဆိုဟာကို အသင်ရို့ကို ငါပြောပြမယ်။ 48ယင်းလူဟာ မြီကိုတွင်းအနက်ကြီးတူးပနာ ကျောက်တိနဲ့အုတ်မြစ်ချပြီးကေ အိမ်ဆောက်ရေလူနဲ့တူရေ။ ရီကြီးလာလို့ ယင်းအိမ်ကို လှိုင်းတိတိုက်ကေလည်း ယင်းအိမ်ဟာ ခိုင်ခိုင်မာမာ ဆောက်ထားဟာကြောင့် မလှုပ်မပုတ်ဘဲ တောင့်ခံနိုင်ရေ။ 49ယေတာလဲသို့ ငါ့ရဲ့တရားတော်တိကို ကြားနာပနာ မလိုက်နာရေလူတိုင်းဟာ အုတ်မြစ်မချဘဲ မြီကြီးထက်မာ အိမ်ဆောက်တဲ့လူနဲ့တူရေ။ ရီကြီးလာလို့ ယင်းအိမ်ကို လှိုင်းတိတိုက်ကေလည်း ယင်းအိမ်ဟာ ချက်ချင်း ပြိုကျပနာ အားလုံးပျက်စီးလားလိမ့်မေ” လို့မိန့်တော်မူရေ။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 6: RKI

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល