YouVersion လိုဂို
ရှာရန် အိုင်ကွန်

Matthew 5

5
1ကိုယ်တော်ယေရှုသည် လူထုပရိတ်သတ်ကို မြင်သောအခါ တောင်ပေါ်သို့တက်သွားပြီး ထိုင်နေတော်မူလေသည်။ 2ကိုယ်တော်၏တပည့်တော်သာဝကတို့သည် ကိုယ်တော့် အနီး တစ်ဝိုက်တွင် စုဝေးလာကြသောအခါ အောက်ပါအတိုင်း သွန်သင်ဟောပြောတော် မူလေသည်။ 3"နိဗ္ဗာန်ရွှေမြို့တော် အရှင်သခင်ဖြစ်တော်မူတဲ့ ဘုရားရှင်ကိုလိုလားတောင့်တသူတွေဟာ ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မယ်။ 4ပူဆွေးသောကရောက်နေသူတွေလည်း ဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာခံစားရလိမ့်မယ်။သူတို့ကို ဘုရားရှင် နှစ်သိမ့်ပေးတော်မူပါလိမ့်မယ်။ 5စိတ်နှလုံးသိမ်မွေ့ပြီး မိမိကိုယ်ကိုနှိမ့်ချသူတွေကို ဘုရားရှင် ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။ဘုရားရှင်ဟာ သူတို့ကို လောကတစ်ခုလုံး အမွေပေး ပါလိမ့်မယ်။ 6သမ္မာတရားတော်ကို ဆာလောင်ငတ်မွတ်သူအပေါင်းတို့ကို ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။ထိုသူတို့ကို သမ္မာတရားတော်နဲ့ပြည့်ဝစေပါလိမ့်မယ်။ 7သနားဂရုဏာစိတ်ရှိသူများကို ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။ ဘုရားရှင်သည်ထိုသူတို့ကို သနားတော်မူပါလိမ့်မယ်။ 8စိတ််နှလုံးသားဖြူစင်သူတို့ကို ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။သူတို့ဟာ ဘုရားရှင်ကို ဖူးမြင်ရပါလိမ့်မယ်။ 9ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သူတွေကို ဘုရားရှင် ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။ထိုသူတို့ကို ဘုရားရှင်ရဲ့ သားသမီးလို့ အခေါ်ခံရပါလိမ့်မယ်။ 10သမ္မာတရားတော်အတွက်ကြောင့် ညှဉ်းပမ်းနှိပ်စက်ခံရသူ တို့ကို ဘုရားရှင် ကောင်းချီးမင်္ဂလာပေးပါလိမ့်မယ်။နိဗ္ဗာန်ရွှေမြို့တော် ဟာလည်း သူတို့ရဲ့ နိုင်ငံတော်ဖြစ်လာပါလိမ့်မယ်။ 11ငါ့ကြောင့် ကဲ့ရဲ့ ညှဉ်းဆဲခြင်း၊ ပြစ်တင် စွပ်စွဲခြင်းခံရ သူတွေကို ဘုရားရှင် ကောင်းချီးမင်္ဂလာ ပေးပါလိမ့်မယ်။ 12အထူးပျော်ရွှင် ဝမ်းမြောက်ကြပါ။ နိဗ္ဗာန်ရွှေမြို့တော်မှာ ဘုရားရှင် ဟာ မင်းတို့ကို ဆုထူးဆုမြတ်တွေ ပေးပါလိမ့်မယ်။ လူတွေဟာ ရှေး ပရောဖက်တွေကိုလည်း ဒီလိုဘဲ ညှင်းဆဲခဲ့ကြတယ်။ 13မင်းတို့ဟာ ဒီလောကအတွက် ဆားနဲ့တူတယ်။ ဒါပေမယ့် ဆားအရသာ ပျက်သွားရင် အဲဒီဆားကိုထပ်သုံးလို့ရတဲ့ နည်းလမ်းမရှိတော့ဘူး။ လူတွေရဲ့ခြေနင်းဖတ်ဖြစ်အောင်လွှင့်ပစ်ရုံကလွှဲပြီးဘာမှသုံးလို့မရတော့ဘူး။ 14မင်းတို့ဟာ ဒီကမ္ဘာလူသားတွေအတွက် အလင်းရောင် နဲ့တူတယ်။ညှဉ့်အချိန်မှာတောင်ကုန်းပေါ်မှာတည်ထားတဲ့မြို့က အလင်းရောင်ကိုဘယ်သူမှဖုံးအုပ်ထားလို့မရနိုင်ဘူး။ 15ဘယ်သူမဆို ဆီမီးထွန်းထားတဲ့မီးအိမ်ကိုခြင်းတောင်းနဲ့အုပ်ထားမှာမဟုတ်ဘူး။ထိုမီးအိမ်ရဲ့ အလင်းရောင်ကိုတစ်အိမ်လုံးထွန်းလင်းစေဖို့ မီးခုံပေါ်မှာသာတင်ထားတတ်ကြတယ်။ 16မင်းတို့ရဲ့ကုသိုလ်ကောင်းမှုတွေကိုမြင်ပြီး နိဗ္ဗာန်ရွှေမြို့တော်က အဖဘုရားရှင်ကို ချီးမွမ်း ကြစေဖို့ မင်းတို့ရဲ့ဘဝအသက်တာကို လူအများရှေ့မှာအလင်းရောင်ကဲ့သို့ ထွန်းလင်းစေပါ။ 17ပရောဖက်တွေရဲ့ပညတ်ကျမ်းတွေကိုဖျက်ဆီးပစ်ဖို့ ကိုယ်တော်ကြွလာခဲ့တယ်လို့ မထင်ကြပါနဲ့ ။ ထိုကျမ်းချက်တွေ ပြည့်စုံဖို့အတွက်သာ ကြွလာခဲ့ခြင်းဖြစ်တယ်။ 18.ငါ အမှန်ပြောရရင် ကောင်းကင်နဲ့မြေကြီး ပျောက်ကွယ်သွားနိုင်ပေမယ့် အားလုံးသောပညတ်ကျမ်းတရား တွေ မပြည့်စုံသေးခင်မှာ အသေးငယ်ဆုံးကျမ်းပိုဒ် တစ်ပိုဒ် တောင်မဟုတ်ဘဲ ၊ အက္ခရာတစ်လုံး မှတောင်ပျောက်ပျက်မှာ မဟုတ်ဘူး။ 19ပညတ်တရားတော်မှ အသေးငယ်ဆုံးပညတ်တရားကို ဖောက်ဖျက်၍သူတစ်ပါးကိုလည်း ဖောက်ဖျက်ရန်တိုက်တွန်းဟောပြောသူသည် နိဗ္ဗာန်ရွှေမြို့တော်၌ အသိမ်ငယ်ဆုံးနှင့် အရေးမပါသောသူဖြစ်လိမ့်မည်။ သို့သော်ဤ ပညတ်တရားများကို လိုက်နာကျင့်သုံး၍ သူတစ်ပါးတို့ကိုလည်း လိုက်နာကျင့်သုံးရန် ဟောပြောသွန်သင်သူသည် နိဗ္ဗာန်ရွှေမြို့တော်၌ ဂုဏ်သိက္ခာကြီးမြင့်ပြီး အရေးပါသောသူဖြစ်လိမ့်မည်။ 20.သင်တို့သည် ဖာရိရှဲတို့ထက်သာလွန်၍ဖြောင့်မတ်မှန်ကန်သောသူဖြစ်ရမည်။ သို့မဟုတ်ပါက နိဗ္ဗာန်ရွှေမြို့တော်သို့ ဘယ်သောအခါမှ ဝင်ရောက်ရလိမ့်မည်မဟုတ်ဟု သင်တို့အားငါထပ်၍မိန့်တော်မူ၏။ 21ရှေ့ဘိုးဘွားတွေက “လူ့အသက်ကို မသတ်ရ၊ ထိုလူသတ်သမားသည်တရားစီရင်ခြင်းခံရမည်” ဟုပြောကြားခဲ့တာကိုမင်းတို့ကြားဖူးကြပါလိမ့်မယ်။ 22.ဒါပေမယ့် ငါ ၊မင်းတို့ကိုပြောချင်တာကတော့ မင်းတို့ဟာ မင်းတို့ရဲ့ ညီအစ်ကိုတွေအပေါ် ဒေါသထွက်မိရင် မင်းတို့ကိုဘုရားရှင်ကိုယ်တိုင် တရားစီရင်ပါလိမ့်မယ်။ဘယ်သူမဆို ညီအစ်ကို အချင်းချင်း "တန်ဖိုးမရှိသူ၊ဦးနှောက်မရှိသူ"ဟုဆဲရေးတိုင်းထွာပါက တရားရုံးတော် မှာ တရားစီရင်ခြင်းခံရလိမ့်မယ်။ဘယ်သူမဆို တစ်ပါးသူတို့ကို "အရူး"ဟုမထီမဲ့မြင်ကဲ့ရဲ့ပါကငရဲ ကျလိမ့်မယ်။ 23ဒါကြောင့် မင်းတို့ လှူဖွယ်ပစ္စည်းတွေကို ပလ္လင်ပေါ်မှာတင်ပြီး ဘုရားရှင်ကို လှူဒါန်းဆက်ကပ်တော့မယ်ဆိုရင် မင်းရဲ့ညီအစ်ကိုတွေက မင်းကိုမကျေနပ်မှုရှိခဲ့ရင် သတိရလျှင်ချက်ချင်း 24.လှူဖွယ်ပစ္စည်းတွေကိုထားခဲ့ပြီး သူနဲ့ပြန်လည်သင့်မြတ်အောင် ဦးစွာဆောင်ရွက်ပြီးမှသာ ဘုရားရှင်ကို လှူဖွယ်ပစ္စည်း တွေကို ဆက်ကပ်လှူဒါန်းပါ။ 25တစ်စုံတစ်ယောက်က မင်းကို စွပ်စွဲပြီး တရားစွဲခံရရင် သူနဲ့ တရားရုံးသွားတဲ့လမ်းမှာပင်မြန်မြန်သင့်မြတ်အောင်လုပ်ပါ။ ဒီလိုမလုပ်ခဲ့ရင် မင်းကို တရားသူကြီးကတဆင့်ထောင်မှူးလက်ထဲကို အပ်လိမ့်မယ်။မင်းကိုလည်း ထောင်သွင်းအကျဉ်းချထားလိမ့်မယ်။ 26မင်းတို့ကိုငါအမှန်ပြောရရင် အကြွး မဆပ်မချင်း မင်းလည်းထောင်ထဲကထွက်ရမှာမဟုတ်ဘူး။ 27သူတစ်ပါးရဲ့သားမယား ကို မပြစ်မှားရဆိုတဲ့ ပညတ်တရားကို မင်းတို့ကြားဖူးကြလိမ့်မယ်။ 28ဒါပေမယ့် သူတစ်ပါးမယား ကို လိုချင်တပ်မက်တဲ့မျက်စိနဲ့ကြည့်မိရင်တောင် သူရဲ့ စိတ်နှလုံးထဲက ထိုမိန်းမကို ပြစ်မှားမိတာပဲဖြစ်တယ်။ 29မင်းရဲ့ ညာဖက် မျက်လုံးနဲ့ ပြစ်မှားမိရင် အဲဒီမျက်လုံးကို ဖောက်ထုတ်ပြီး လွှင့်ပစ်လိုက်ပါ။ ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံ နဲ့ငရဲကို လားရတာထက် ကိုယ်အင်္ဂါချို့တဲ့သွားတာကမှ ပိုပြီးကောင်းသေးတယ်။ 30မင်းရဲ့ ညာလက်နဲ့ အပြစ်ကျူးလွန်မိရင် အဲဒီလက်ကို ဖြတ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ မင်းရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးငရဲလားရတာထက် ကိုယ်အင်္ဂါချို့ယွင်းသွားတာကမှ ပိုပြီးကောင်းသေးတယ်။ 31မောရှေကျမ်းမှာ"မိမိ၏ဇနီးမယားကို ကွာရှင်းလိုပါက ကွာရှင်းစာပေးရမည်" ဟုမိန့်ဆိုထားတယ်။ 32ဒါပေမယ့် ငါ မင်းတို့ကိုပြောပြရမှာကတော့ သူ့မှာအိမ်ထောင်ရေးဖောက်ပြန်မှု တစ်စုံတစ်ရာမရှိဘဲ ကွာရှင်းလိုက်လို့ သူမကလည်းနောက်တစ်ဦးနဲ့လက်ထပ်လိုက်ရင် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်စေတယ်။ကွာရှင်းထားတဲ့သူမကို လက်ထပ်လိုက်သူလည်း သူတစ်ပါးရဲ့ အိမ်ရာကို ပြစ်မှားရာရောက်တယ်။ 33မောရှေရဲ့ပညတ်တရားတော်ထဲမှာ ‘ကတိမတည်နိုင်လျှင် ဘုရားရှင်၏ နာမတော်ကိုသုံး၍ ကတိသစ္စာမပြုရ’ ဟုဆိုတာကို မင်းတို့ကြားဖူးကြပါလိမ့်မယ်။ 34ဒါပေမယ့် ငါပြောလိုတာကတော့ ဘာနဲ့မှ မကျိန်ဆိုပါနဲ့ ၊ နိဗ္ဗာန်ရွှေမြို့တော်ဟာ ဘုရားရှင်ရဲ့ မွန်မြတ်တဲ့ပလ္လင်တော်ဖြစ်တဲ့အတွက်နိဗ္ဗာန်ရွှေမြို့တော်နဲ့တိုင်တည်ပြီးကျိန်ဆိုခြင်းမပြုရ။ 35.ကမ္ဘာမြေကြီးဟာလည်း ဘုရားရှင်ရဲ့ ခြေတော်ချတဲ့နေရာဖြစ်တဲ့အတွက် ကမ္ဘာမြေကြီးကိုလည်း တိုင်တည်ပြီး ကျိန်ဆိုခြင်းမပြုရ။ ယေရုရှလင်မြို့တော်ဟာလည်း မြင့်မြတ်တဲ့ ဘုရင်မင်းမြတ်ရဲ့ မင်းနေပြည်တော်ဖြစ်တဲ့အတွက် တိုင်တည်ပြီးကျိန်ဆိုခြင်း မပြုရ။ 36မင်းတို့ရဲ့ ဆံခြည်တစ်မျှင်ကိုမျှ ဖြူအောင်(ဒါမှမဟုတ်) မဲအောင်လုပ်လို့မရတဲ့ အတွက်ကြောင့် မင်းတို့ရဲ့ ဦးခေါင်းကိုတိုင်တည်ပြီး ကျိန်ဆိုခြင်းမပြုရ။ 37မင်းတို့ကတိသစ္စာပြုတဲ့အခါတိုင်း ‘ဟုတ်ရင်ဟုတ်တယ်။မဟုတ်ရင် မဟုတ်ဘူး"လို့သာ သစ္စာပြုကြပါ။ ဒီထက်ပိုတဲ့စကားဟာ မာရ်နတ်ထံကလာတဲ့ စကားတွေသာဖြစ်တယ်။ 38မော‌ရှေကျမ်းမှာ ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း’ လို့ပညတ်ထားတာကို မင်းတို့ကြားဖူးကြပါလိမ့်မယ်။ 39ဒါပေမယ့် မင်းအပေါ် တစ်စုံတစ်ရာ အပြစ်လုပ်မိသူကို လက်စားမချေမပါနဲ့၊ တစ်စုံတစ်ယောက်က မင်းရဲ့ညာဘက်ပါးကိုရိုက်ရင် မင်းရဲ့ဘယ်ဖက်ပါးကိုပါ ရိုက်ခွင့်ပေးလိုက်ပါ၊ လို့ငါပြောပါရစေ။ 40ဘယ်သူမဆို မင်းရဲ့ ကုတ်အင်္ကျီကိုလိုချင်လို့ တရားစွဲရင် မင်းရဲ အပါ်ဝတ်ရုံကိုပါ ကြည်ဖြူစွာစွန့်ကြဲလိုက်ပါ။ 41.ဘယ်သူမဆို မင်းကို အတင်း အဓမ္မ ဝန်ထုပ်ဝန်ပိုး တွေထမ်းခိုင်းပြီးတစ်မိုင်ခရီးကိုသွားခိုင်းရင် နှစ်မိုင်ခရီးလောက်ထမ်းပေးလိုက်ပါ။ 42.တောင်းခံလာတဲ့သူတွေကို ပေးကမ်းစွန့်ကြဲလိုက်ပါ။ ချေးငှားလိုသူတွေကိုလည်း ချေးပေးလိုက်ပါ။ 43‘မင်းတို့ရဲ့ အိမ်နီးချင်းတွေကို မေတ္တာထားပါ။ မင်းတို့ရဲ့ ရန်သူတွေကို မုန်းပါ’ ဆိုတဲ့ မောရှေရဲ့ပညတ်တရားကို မင်းတို့ကြားဖူးကြပါလိမ့်မယ်။ 44ဒါပေမယ့် ငါ ပြောလိုတာကတော့ မင်းတို့ရဲ့ရန်သူတွေကိုပါ မေတ္တာထားပါ။မင်းတို့ကိုနှိပ်စက်ညှဉ်းပမ်းသူတို့ကိုလည်း မေတ္တာပို့သကြပါ။ 45ဒါမှသာ မင်းတို့ဟာ နိဗ္ဗာန်ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရှင်ရဲ့ သားသမီးဖြစ်လာလိမ့်မယ်။ အဖဘုရားဟာ လူဆိုးနဲ့ လူကောင်းနှစ်မျိုးစလုံးအား နေရောင်ခြည်သက်ရောက်စေတော်မူ ပြီး သူတော်ကောင်းနဲ့ သူယုတ်မာတို့အားလုံးအတွက်လည်း မိုးကိုရွာသွန်းစေတော်မူတယ်။ 46မင်းတို့အပေါ်ကောင်းတဲ့သူတွေကိုသာ မေတ္တာထားမယ်ဆိုရင် ဘုရားရှင်ရဲ့ဆုတော်လာဘ်တော်တွေကို ရမှာမဟုတ်ဘူး၊ အခွန်ကောက်သူတွေလည်း ဒီလို မေတ္တာမျိုးကိုထားနိုင်ကြတယ်မဟုတ်လား။ 47မင်းတို့ညီအစ်ကိုအချင်းချင်းသင့်မြတ်ကြမယ်ဆိုရင် တစ်ခြားသူတွေထက် မထူးခြားနိုင်ဘူး၊ 48.ထိုကြောင့် နိဗ္ဗာန်ရွှေမြို့တော်တွင် ရှိတော်မူသော အဖဘုရားရှင် သည်ကောင်းခြင်းများနဲ့ပြည့်စုံတော်မူသကဲ့သို့မင်းတို့လည်ကောင်းခြင်းများနဲ့ပြည့်စုံကြပါ’

လက်ရှိရွေးချယ်ထားမှု

Matthew 5: TPV-RV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ