သျှင်လုကာ 8
8
အခန်း (၈)
ကိုယ်တော်ယေရှုကိုကူညီပီးရေ မမာ့တိ
1အချိန်သင့်ရုံလောက်ကြာရေခါ ကိုယ်တော်ယေရှုက သာဝက တစ်ဆယ့်နှစ်ပါးနန့်တတူ မြို့ရွာတိကို လားပြီးကေ ဘုရားသျှင်၏သာသနာတော်အကြောင်း မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်လီရေ။ 2ယေပြီးကေ အနာရောဂါတိနန့် မကောင်းဆိုးဝါးအပူးခံရစွာမှ ကောင်းလားရေမမာ့တစ်ချို့လည်း ကိုယ်တော်နန့်တတူ လိုက်လာကတ်ပါရေ။ ယင်းမမာ့တိထဲမာ မကောင်းဆိုးဝါးခနစ်ကောင် အပူးခံရစွာက ထွက်လားခရေ မာဂဒလရွာသူလို့ခေါ်ရေ မာရိ၊ 3ဘုရင်ခံဟေရုဒ်၏အိမ်မှုကိစ္စတိကို စီမံကွပ်ကဲသူ ခုဇ၏မယားယောဟန္နကစဗျာလ် ရှုရှန္နအပါအဝင် အရာမမာ့တိလည်း ပါဝင်ကတ်ပါရေ။ သူရို့က ကိုယ်ပိုင်ဥစ္စာပစ္စည်းတိနန့် ကိုယ်တော်ယေရှုနန့် တပည့်တော်တိကို ကူညီထောက်ပံ့ကတ်ပါရေ။
မျိုးကြဲသူ၏ပုံဥပမာ
(သျှင်မဿဲ ၁၃:၁-၉။ သျှင်မာကု ၄:၁-၉)
4မြို့ရွာအနှံ့မှ လူအများကြီးက ကိုယ်တော်ဘားကို စုလို့ရောက်လာကတ်တေခါ ကိုယ်တော်က ယင်းလူတိကို ဒေပုံဥပမာအား မိန့်တော်မူလီရေ။ 5ကိုယ်တော်က “တစ်နိန့်မာ လယ်သမားတစ်ယောက်က မျိုးကြဲဖို့ သူ့လယ်ကွင်းထဲကို လားပါရေ။ သူမျိုးကြဲလိုက်တေခါ တစ်ချို့မျိုးစိတိက လမ်းထက်မာ ကျလားလို့ လူတိနင်းလားစွာကိုခံရဗျာလ် ငှက်တိကောက်စားစွာကိုလည်း ခံရပါရေ။ 6တစ်ချို့မျိုးစိတိက မြီဆီလွှာနည်းရေ ကျောက်ခံမြီထက်မာ ကျလားဗျာလ် အပင်ပေါက်လာကေလည်း အစိုဓာတ်နည်းလို့ ညှိုးပနာခြောက်လားလီရေ။ 7တစ်ချို့မျိုးစိတိက ဆူးခြုံပင်တိကြားကို ကျလားပနာ ဆူးခြုံပင်တိနန့် တတူ အပင်ပေါက်လာရေအတွက်နန့် ဆူးခြုံပင်တိ ဖုံးဖိထားစွာကို ခံရလီရေ။ 8တစ်ချို့မျိုးစိတိက ကောင်းရေမြီဆီလွှာမာကျလားလို့ အပင်တိပေါက်လာဗျာလ် အသီးအနှံတိ အဆတစ်ရာလောက်ဖြစ်ထွန်းကတ်ပါရေ” လို့ မိန့်တော်မူလီရေ။
ယင်းပိုင် မိန့်တော်မူပြီးရေခါ ကိုယ်တော်က “နားဟိပနာ နာယူနိုင်ရေလူတိ၊ အာရုံစိုက်ပြီးကေ နားထောင်ကတ်ပါ” လို့ အသံအကျယ်ကြီးနန့် မိန့်တော်မူလီရေ။
ပုံဥပမာတိ၏ရည်ရွယ်ချက်
(သျှင်မဿဲ ၁၃:၁၀-၁၇။ သျှင်မာကု ၄:၁၀-၁၂)
9ယေပြီးကေ ကိုယ်တော်၏တပည့်တော်တိက ကိုယ်တော်အား ပုံဥပမာ၏အဓိပ္ပါယ်ကို မိန်းကတ်ပါရေ။ 10ယေခါ ကိုယ်တော်က “ဘုရားသျှင်က သင်ရို့ကို သာသနာတော်၏လျှို့ဝှက် နက်နဲရေ အကြောင်းတိကို နားလည်နိုင်ဖို့အခွင့်ကိုလည်း ပီးအပ်ထားပြီးသားဖြစ်ပါရေ။ ယေကေလည်း ငါက ပုံဥပမာတိကိုသုံးပနာ အခြားသူတိကို ဟောပြောသွန်သင်ရေအတွက်နန် ကျမ်းစာမာ ရီးထားရေအတိုင်း
‘ကြည့်ကေလည်း မမြင်၊
ကြားကေလည်း နားမလည်နိုင်ကတ်ပါ’ ဆိုရေကျမ်းချက်မာ ပြည့်စုံမှန်ကန်လီရေ” လို့
မိန့်တော်မူလီရေ။
မျိုးကြဲသူ ပုံဥပမာ၏အဓိပ္ပါယ်
(သျှင်မဿဲ ၁၃:၁၈-၂၇။ သျှင်မာကု ၄:၁၃-၂၀)
11ကိုယ်တော်က ဆက်ပြီးကေ “ဒေအရာက ပုံဥပမာ၏ဆိုလိုရင်းဖြစ်တေ။ မျိုးစိက ဘုရားသျှင်၏နှုတ်ကပါတ်တော်တိ ဖြစ်တေ။ 12လမ်းထက်မာကျလားရေမျိုးစိ၏အဓိပ္ပါယ်မာ ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူရကေလည်း ယုံကြည်ခြင်းမဟိစီဖို့နန့် ကယ်တင်ခြင်းမခံရအောင် မာရ်နတ်က လာဗျာလ် သူရို့နှလုံးသားထဲကနီ ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နှုတ်ယူခံရသူတိကို ဆိုလိုစွာ ဖြစ်ပါရေ။ 13ကျောက်ခံမြီထက်မာကျလားရေမျိုးစိ၏အဓိပ္ပါယ်မာ ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူရရေအခါ ဝမ်းသာအားရ လက်ခံသူတိကို ဆိုလိုစွာ ဖြစ်ပါရေ။ ယေကေလည်း သူရို့က အမြစ်မစွဲရေအပင်တိပိုင် အချိန်တနားသျှေရာ ယုံကြည်ဗျာလ် သူရို့အခက်အခဲနန့် ကြုံတွိ့လာရေခါ သူရို့ယုံကြည်မှုကို ချက်ချင်း ရပ်တန့်သူတိကို ဆိုလိုစွာ ဖြစ်ပါရေ။ 14ဆူးခြုံပင်တိကြားထဲမာကျလားရေမျိုးစိ၏အဓိပ္ပါယ်မာ ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူပြီးကေလည်း ဘဝ၏စိုးရိမ်ကြောင်းကြမူတိ၊ ချမ်းသာကြွယ်ဝမှုတိနန့် ကာမဂုဏ်ခံစားမှုတိက ဖုံးဖိထားခံရလို့ ဘုရားသျှင်၏နှုတ်ကပတ်တော်အတိုင်း မနီထိုင်သူတိကို ဆိုလိုစွာ ဖြစ်ပါရေ။ 15ယေကေလည်း ကောင်းရေမြီဆီလွှာမာ ကျလားရေမျိုးစိအဓိပ္ပါယ်မာ ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူပြီးရေခါ သူရို့၏ဖြောင့်မတ်ရေ စိတ်နှလုံးသားထဲမာ စွဲမြဲအောင်ထားဗျာလ် ဘုရားသျှင်၏အလိုတော်အတိုင်း နီထိုင်သူတိကို ဆိုလိုစွာ ဖြစ်ပါရေ” လို့ မိန့်တော်မူပါရေ။
တောင်းနန့်ဖုံးထားရေ မီးအိမ်
(သျှင်မာကု ၄:၂၁-၂၅)
16ကိုယ်တော်က ဆက်ပြီးကေ “မီးအိမ်ကို ထွန်းပြီးကေ တောင်းနန့်ဖုံးထားသူ ယေမှမဟုတ် ခုတင်အောက်မာ သိမ်းထားသူ မဟိပါ။ ယေကေလည်း အိမ်ထဲကိုဝင်လာသူတိအတွက် အလင်းရောင်ရစီဖို့ မီးအိမ်ကို မီးတိုင်ထက်မာ ချိတ်ထားလိဟိပါရေ။ 17ဇာတွက်နန့်ဆိုကေ ရှာလို့မရအောင် ဝှက်ထားလို့ရရေ အရာမဟိ။ တစ်ယောက်လေ့မသိအောင် လျှို့ဝှက်ထားနိုင်ရေအရာလည်းမဟိပါ။ 18ယေတွက်နန့် အာရုံစိုက်လို နားထောင်ကတ်ပါ။ ဇာတွက်နန့်ဆိုကေ ငါ၏ဟောပြောသွန်သင်မှုတိကို နာလည်ချင်သူတိကို ဘုရားသျှင်က နားလည်းနိုင်စွမ်းပိုလို့ ပီးလိမ့်မေ။ ယေကေလည်း နားမလည်ချင်သူတိကို ဘုရားသျှင်က သူရို့နားလည်ထားရေ အရာကိုတောင်မှ သိမ်းယူလားလိမ့်မေ” လို့ မိန့်တော်မူလီရေ။
တော်စပ်မှုအစစ်အမှန်
(သျှင်မဿဲ ၁၂:၄၆-၅၀။ သျှင်မာကု ၃:၃၁-၃၅)
19ကိုယ်တော်၏မယ်တော်နန့်ညီတော်တိက ကိုယ်တော်နန့် တွိ့ဖို့လာကတ်ပါရေ။ ယေကေလည်း လူပရိတ်သတ်များရေအတွက်နန့် ကိုယ်တော်ဘားကို မရောက်နိုင် ဖြစ်နီကတ်ပါရေ။ 20ယေခါ လူတစ်ယောက်က ကိုယ်တော်ကို “ကိုယ်တော်၏မယ်တော်နန့်ညီတော်တိက ကိုယ်တော်ကို တွိ့ချင်လို့ အပြင်မာ ရပ်ဗျာလ် စောင့်နီကတ်ပါရေ” လို့ လျှောက်တင်လီရေ။
21ယေခါ ကိုယ်တော်က လူတိကို “ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူဗျာလ် လိုက်နာရေလူတိက ငါ၏မယ်တော်နန့် ညီအစ်ကိုတော်တိ ဖြစ်ကတ်ပါရေ” လို့ မိန့်တော်မူလီရေ။
လှိုင်းနန့်လီတိက ကိုယ်တော့်ကိုနာခံခြင်း
(သျှင်မဿဲ ၈:၂၃-၂၇။ သျှင်မာကု ၄:၃၅-၄၁)
22တနိန့်မာ ကိုယ်တော်က သူ၏တပည့်တော်တိကို “ငါရို့ ရီအိုင်တစ်ဖက်ကမ်းကို ကူးကတ်ဖို့” လို့ မိန့်တော်မူလီရေ။ ယေပြီးကေ သူရို့က လောင်းထက်ကို တက်ဗျာလ် စလို့ ထွက်ကတ်လီရေ။ 23ယင်းပိုင် သူရို့ ဖြတ်ကူးနီစိုင်မာ ကိုယ်တော်က အိပ်မွန်းကျနီလီရေ။ ယေပြီးကေ ဗြုန်းဒိုင်းကြီး ရီအိုင်မာ လီမုန်တိုင်းတိုက်လာလို့ လောင်းမြုပ်ဖို့ပိုင်ဖြစ်လို့ သူရို့အန္တရာယ်နန့်ကြုံကတ်ရ လီရေ။
24ယေခါ တပည့်တော်ရို့က ကိုယ်တော်ဘားကိုလားဗျာလ် ကိုယ်တော်ကို နိုးလိုက်ပြီးကေ “ဆရာ၊ ဆရာ၊ ကျွန်တော်ရို့ သီရပါဖို့ဗျာလ်” လို့ လျှောက်တင်ကတ်ပါရေ။
ကိုယ်တော်က ထလာဗျာလ် လီပြင်းမုန်တိုင်းနန့် လှိုင်းလုံးကြီးတိတန့်လားအောင် အမိန့်ပီးလိုက်ရေခါ ချက်ချင်းပင် ယင်းလီနန့် လှိုင်းတိလည်း တန့်ဗျာလ် ငြိမ်ကျလားလီပါရေ။ 25ယေပြီးကေ ကိုယ်တော်က တပည့်တော်တိကို “သင်ရို့၏ယုံကြည်ချက်က ဇာမာလဲ” လို့ မိန်းတော်မူလိုက်ပါရေ။
ယေကေလည်း သူရို့က အံ့ဩတုန်လှုပ်ဗျာလ် “ဒေလူက ဇာသူလဲ။ လှိုင်းနန့် လီတိကို အမိန့်ပီးလိုက်ရေအခါ လှိုင်းနန့် လီတိကတောင် သူ့အမိန့်ကို နာခံပါရေကာ” လို့ အချင်းချင်း ပြောနီကတ်လီရေ။
ကိုယ်တော်ယေရှု မကောင်းဆိုးဝါးတိကို နှင်ထုတ်ခြင်း
(သျှင်မဿဲ ၈:၂၈-၃၄။ သျှင်မာကု ၅:၁-၂၀)
26ယေပြီးကေ ကိုယ်တော်နန့် သူ၏တပည့်တော်ရို့က ဂါလိလဲပြည် တစ်ဖက်ကမ်းဟိ ဂါရစမြို့ကို ဆက်ဗျာလ်ရွက်လွှင့်လို့လားကတ်ပါရေ။ 27ယင်းနီရာကို ရောက်ရေခါ ကိုယ်တော်က လောင်းထက်ကဆင်းလီရေ။ ယေပြီးကေ ယင်းမြို့က မကောင်းဆိုးဝါးပူးကပ်နီရေ လူတစ်ယောက်က ကိုယ်တော်ကို လာလို့တွိ့လီရေ။ သူ့မာ မကောင်းဆိုးဝါးအပူးခံရစွာဖြစ်လို့ သူက အိမ်မာလည်းမနီ၊ အဝတ်တိလည်းမဝတ်ဘဲ သင်္ချိုင်းဂူတိကြားမာ နီထိုင်စွာ ကြာနီဗျာလ်ဖြစ်ပါရေ။ 28ယင်းလူက ကိုယ်တော်ယေရှုကို မြင်ရေအခါ ကိုယ်တော်၏ခြီရင်းမာ ဒူးထောက်လိုက်ပြီးကေ အသံအကျယ်ကြီးနန့် “အမြင့်မြတ်ဆုံးဘုရားသျှင်၏သားတော်ယေရှု၊ ကျွန်တော့်ကို ဇာလုပ်ချင်ပါလဲ၊ ကျွန်တော့်ကို မညှည်းဆဲဖို့ ကိုယ်တော်ကိုတောင်းပန်ပါရေ” လို့ လျှောက်တင်လီရေ။ 29ယင်းပိုင်လျှောက်ထားစွာရေ ကိုယ်တော်က မကောင်းဆိုးဝါးကို ယင်းသူ့ဘားက ထွက်လားဖို့ အမိန့်ပီးလိုက်ရေအတွက်နန့် ဖြစ်ပါရေ။ မကောင်းဆိုးဝါးက ယင်းသူ့ကို ရက်ပြတ် ဝင်ပူးလီရေ။ ယေတွက်နန့် လူတိက ယင်းသူ၏ခြီလက်တိကို သံကြိုးတိနန့် ချိုင်လို့ဖမ်းဗျာလ် စောင့်ကြည့်ထားကေလည်း သူက သံကြိုးတိကို ပိုင်းပနာ လူသျှင်ကင်းရေနီရာကို မကောင်းဆိုးဝါးက ခေါ်လားစွာကို ခံရလီရေ။
30ကိုယ်တော်ယေရှုက သူ့ကို “သင်၏နာမေ ဇာခေါ်လဲ” လို့ မိန်းရေခါ
ယင်းလူက “လေဂေါင်#8:30 မကောင်းဆိုးဝါးအများကြီး ပူးနီရေအတွက်နန့် လေဂေါင် (Legion) လို့ ခေါ်စွာဖြစ်တေ။ လေဂေါင်ဆိုစွာက ရောမစစ်တပ်မာဟိရေ ကောင်းကောင်းများရေ စစ်သားအရွီအတွက်ကို ပြောစွာ ဖြစ်တေ။ လေဂေါင်တပ်စုတစ်စုမာ စစ်သားလေးထောင်နန့် ခြောက်ထောင်ကြားမာ ဟိပါရေ။ ဖြစ်ပါရေ” လို့ ပြန်လို့ လျှောက်တင်ပါရေ။ ဇာတွက်နန့်ဆိုကေ သူ့အထဲမာ မကောင်းဆိုးဝါးအများကြီး ပူးနီရေအတွက်နန့် ဖြစ်ပါရေ။ 31ယင်းမကောင်းဆိုးဝါးတိက သူရို့ကို မကောင်းဆိုးဝါးတိကိုအပြစ်ပီးရေ တွင်းအနက်ကြီးထဲကို မပို့ဖို့ ကိုယ်တော်ကို တောင်းပန်ကတ်လီရေ။
32ယင်းအချိန်မာ ဝက်အကျိုင်တစ်ကျိုင်က တောင်ကုန်းထက်မာ အစာစားလို့ဟိနီပါရေ။ ယေတွက်နန့် ယင်းမကောင်းဆိုးဝါးတိကလည်း ယင်းဝက်တိအထဲကိုပူးခွင့်ပြုဖို့ ကိုယ်တော်ကို တောင်းပန်ရေခါ ကိုယ်တော်ကလည်း သူရို့ကို ခွင့်ပြုလိုက်ပါရေ။ 33ယေတွက်နန့် မကောင်းဆိုးဝါးတိက ယင်းလူဘားက ထွက်ဗျာလ် ဝက်တိဘားကို ဝင်ပူးလီရေ။ ယင်းဝက်တစ်ကျိုင်းလုံးက စောက်နီရေကမ်းနားက ရီအိုင်ထဲကို ဗြီးဆင်းလားဗျလ် ရီနစ်လားကတ်လီရေ။
34ယေနန့် ဝက်ကျောင်းသားတိက ဒေအဖြစ်ပျက်တိကို မြင်ရေခါ ဗြီးလားကတ်ပြီးကေ ယင်းသတင်းကို သူရို့၏မြို့နန့် သူရို့မြို့ပတ်ပတ်လည်မာ ဟိရေရွာတိပါမကျန် လိုက်လို့ ပြောပြကတ်လီရေ။ 35လူတိကလည်း ယင်းအဖြစ်အပျက်တိကို ကြည့်ဖို့ မြို့ထဲကလာကတ်ပါရေ။ သူရို့က ကိုယ်တော်ယေရှုဘားကို ရောက်တေအခါ မကောင်းဆိုးဝါး ထွက်လားခရေလူက အဝတ်အစားတိဝတ်ပနာ ကိုယ်တော်ယေရှု၏ခြီရင်းမာ နဂိုအကောင်းအတိုင်း ထိုင်နီစွာကို မြင်တွိ့ရလို့ သူရို့က ကိုယ်တော်ယေရှုကို ကောင်းကောင်းကြောက်လန့် လားကတ်လီရေ။ 36ယင်းအဖြစ်ပျက်တိကို လက်တွိ့မြင်လိုက်ရသူတိက မကောင်းဆိုးဝါး အပူးခံရစွာကနီ ယင်းသူ ဇာပိုင်လွတ်လားစွာကို ပြောပြကတ်ပါရေ။ 37ယေခါ ဂါရစမြို့အနီးဟိဒေသတိက လာရေလူတိုင်းက ကကောင်းကြောက်လန့်လားကတ်လို့ ကိုယ်တော့်ကို သူရို့ဘားကထွက်လားဖို့ တောင်းပန်ကတ်ပါရေ။ ယေနန့် ကိုယ်တော်ကလည်း တပည့်တော်တိနန့်တတူ လောင်းထက်ကို တက်ပနာ ယင်းအရပ်က ထွက်လားလီပါရေ။
38ကိုယ်တော်နန့်တပည့်တော်တိ ထွက်မလားခင် မကောင်းဆိုးဝါးအပူးခံရစွာမှ လွတ်လားသူက ကိုယ်တော်နန့်တတူ လိုက်ခွင့်ပြုဖို့ တောင်းပန်လီရေ။ ယေကေလည်း ကိုယ်တော်က 39“သင့်အိမ်ကိုလားဗျာလ် သင့်ဘားမာ ဘုရားသျှင် လုပ်ပီးခရေအရာအားလုံးကို လူတိုင်းကို ပြောပြလိုက်ပါ” လို့ မိန့်တော်မူပနာ သူကို ပြန်လားခိုင်းလီရေ။ ယေတွက်နန့် သူကလည်း ပြန်လားပြီးကေ သူဘားမာ ကိုယ်တော်ယေရှုပြုလုပ်ခရေအရာတိကို မြို့လုံးကျွတ်လားဗျာလ် လိုက်လို့ပြောလီရေ။
ယာဣရု၏သမီးနန့် ကိုယ်တော်၏ကိုယ်ရုံကိုတို့လိုက်တေမမာ့
(သျှင်မဿဲ ၉:၁၈-၂၆။ သျှင်မာကု ၅:၂၁-၄၃)
40ယေပြီးကေ ကိုယ်တော်ယေရှုက အိုင်၏တစ်ဖက်ကမ်းကို ပြန်လို့ကြွလားရေအခါ ကိုယ်တော်ကို စောင့်မျှော်နီကတ်တေ လူထုပရိတ်သတ်ရို့က ကြိုဆိုကတ်ပါရေ။ 41ယေပြီးကေ ယာဣရုလို့ခေါ်ရေ ဓမ္မာရုံတာဝန်ခံတစ်ယောက် ရောက်ဟိလာပါရေ။ ယင်းသူက ကိုယ်တော်ယေရှု၏ခြီရင်းမာ ဒူးထောက်ဗျာလ် ကိုယ်တော်ကို သူ့အိမ်ကို ကြွလာဖို့ တောင်းပန်လီရေ။
42ဇာအတွက်နန့်ဆိုကေ သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ယောက်တည်းသမီးက သီဖို့ပိုင်မျောနီလို့ ဖြစ်ပါရေ။ ယင်းအိမ်ကို ကိုယ်တော်ကြွလာရေအခါ လူထုပရိတ်သတ်အများကြီးကလည်း ကိုယ်တော့်ကို ဝိုင်းအုံဗျာလ် တိုးလို့လာကတ်ပါရေ။ 43ထိုလူထုပရိတ်သတ်အထဲမာ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အမျိုးသမီးသွီးသွန်ရောဂါစွဲနီရေ မမာ့တစ်ယောက်လည်း ဟိနီပါရေ။#8:43 မောရှေ ပညတ်ကျမ်းမာ သွီးသွန်ရောဂါဖြစ်နီသူတိကို မသန့်ယှင်းလို့ ယူဆရေအတွက်နန့် တစ်ယောက်ကိုလေ့ တိုက်လို့မရ၊ ဇာအရာကိုလေ့ မတို့ရရ။ သူမက ဟိသမျှဒင်္ဂါး အကုန်ခံပနာ ဆီးဆရာအများကြီးနန့် ကုသခကေလည်း#8:43 တစ်ချို့ကျမ်းတိမာ ဒေနောက်ဆုံးစာကြောင်း မပါဝင်ပါ။ တစ်ယောက်လည်း သူမရောဂါကို ကောင်းအောင် မကုနိုင်ကတ်ပါ။ 44သူမက ကိုယ်တော်၏နောက်ကနီ အနားသျှေကိုကပ်ဗျာလ် ကိုယ်တော်၏ကိုယ်ရုံစကို လက်နန့်တို့လိုက်စွာနန့် ဒိဌလက်ငင်း သူမ၏သွီးသွန်ရောဂါ ကောင်းလားလီရေ။
45ယေခါ ကိုယ်တော်ယေရှုက “ငါ့ကို ဇာသူ တို့လိုက်လဲ” လို့ မိန်းလီရေ။
လူတိကလည်း သူရို့မတို့ပါလို့ငြင်းရေခါ ပေတရုက “ဆရာ၊ လူအကျိုင်လိုက်က ကိုယ်တော်၏အနားတဝိုက်မာ တိုးနီကတ်ပါရေ” လို့ လျှောက်တင်လိုက်ပါရေ။
46ယေကေလည်း ကိုယ်တော်ယေရှုက “ငါ့ကို တစ်ယောက်ယောက်က တို့လိုက်တေ။ ဇာတွက်နန့်ဆိုကေ ငါ့ဘားက တန်ခိုးထွက်လားခစွာကို ငါသိလိုက်တေ” ဆိုပနာ ပြန်လို့ မိန့်တော်မူပါရေ။
47ယင်းမမာ့က ယင်းအဖြစ်အပျက်ကိုမြင်ရေခါ မပြောဘဲမနီနိုင်ဗျာလ် တုန်လှုပ်ပနာ ကိုယ်တော့်ရှိ့မာ ဒူးထောက်ပြီးကေ သူမ ကိုယ်တော်ကို တို့လိုက်တေအကြောင်းနန့် သူမ၏ရောဂါတိ ချက်ချင်း ဇာပိုင်ကောင်းလားရေ အကြောင်းရင်းကို လူအများရှိ့မာ ပြောပြလီရေ။ 48ယေခါ ကိုယ်တော်က ယင်းမမာ့ကို “သမီး၊ သင်၏ယုံကြည်မှုက သင့်ရောဂါကို ကောင်းလားစီစွာဖြစ်တေ။ စိတ်အီးအီးချမ်းချမ်း လားပါဖိ” လို့ မိန့်တော်မူပါရေ။
49ကိုယ်တော် ယင်းပိုင်ပြောနီစိုင် ယာဣရု၏အိမ်က လူတစ်ယောက်ရောက်လာပြီးကေ ယာဣရုကို “သင့် သမီးသီလားခပါဗျာလ်၊ ဆရာကို ဆက်ဗျာလ် အနှောက်အယှက် မပီးပါကေ့ဖိ” လို့ လာလို့ပြောလီရေ။
50ကိုယ်တော်ယေရှု ယင်းစကားကို ကြားရေအခါ ယာဣရုကို “မကြောင်းကြပါကေ့။ ယုံကြည်မှုရာ ထားဟိပါ။ သူမ ပြန်လို့ ကောင်းလာပါလိမ့်မေ” လို့ မိန့်တော်မူပါရေ။
51ယေပြီးကေ ကိုယ်တော်က ယာဣရု၏အိမ်ထဲကို ရောက်ရေအခါ သူနန့်တတူ ပေတရု၊ ယောဟန်၊ ယာကုပ်နန့် ကလွေမယ်သျှေ၏မိဖတိက လွဲလို့ တစ်ယောက်ကိုလေ့အိမ်ထဲကို ဝင်ခွင့်မပီးပါ။ 52ယင်းနီရာဟိ လူတိုင်းကလည်း ယင်းကလွေမယ်သျှေအတွက် ယူကျိုးမရဝမ်းနည်းပက်လက် ငိုနီကတ်ပါရေ။ ယေကေလည်း ကိုယ်တော်က “မငိုကတ်ကေ့။ ဒေအသျှေက မသီပါ။ အိပ်မွန်းကျနီစွာရာ ဖြစ်တေ” လို့ မိန့်တော်မူလီရေ။
53လူအများရို့က ယင်းကလွေမယ်သျှေ သီလားဗျာလ်ဆိုစွာကို သိပြီးသားဖြစ်လို့ ကိုယ်တော်ကို သရော်တော်တော်နန့် ရယ်ကတ်ပါရေ။ 54ကိုယ်တော်က ကလွေမယ်သျှေလက်ကို ကိုင်လိုက်ဗျာလ် “ကလွေမယ်သျှေ၊ ထဖိ” လို့ အသံအကျယ်ကြီးနန့် မိန့်တော်မူပါရေ။ 55ကလွေမယ်သျှေက အသက်ဝင်လာပြီးကေ ချက်ချင်း ထလို့ ထိုင်လိုက်ပါရေ။ ယေပြီးကေ ကိုယ်တော်က ကလွေမယ်သျှေကို အစာတစ်ခုခုကျွေးဖို့ မိဖတိကို မိန့်တော်မူလီရေ။ 56သူမ၏မိဖတိကလည်း ကောင်းကောင်းအံ့ဩလားလီပါရေ။ ယေကေလည်း ကိုယ်တော်က ဒေအဖြစ်ပျက်တိကို တစ်ယောက်ကိုလေ့ မပြောဖို့ မိန့်မှာခလီရေ။
လက္ရွိေရြးခ်ယ္ထားမွု
သျှင်လုကာ 8: RKINR
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Sittwe (မြောက်ပိုင်း ရခိုင်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.