သျှင်လုကာ 9
9
အခန်း (၉)
သာဝက တစ်ဆယ့်နှစ်ပါးကို စီလွှတ်ခြင်း
(သျှင်မဿဲ ၁၀:၅-၁၅။ သျှင်မာကု ၆:၇-၁၃)
1တစ်နိန့်မာ ကိုယ်တော်ယေရှုက သာဝက တစ်ဆယ့်နှစ်ပါးကို စုလို့ခေါ်လို့ပြီးကေ မကောင်းဆိုးဝါးတိကို နှင်ထုတ်နိုင်ဖို့နန့် အနာရောဂါတိကို ကောင်းစီနိုင်ရေ တန်ခိုးအာဏာတိကို ပီးအပ်လီရေ။ 2ယေပြီးကေ ကိုယ်တော်က လူတိကို ဘုရားသျှင်၏သာသနာတော်အကြောင်း ဟောပြောဖို့နန့် မကျိုင်းမာသူတိကို ကျိုင်းမာစီဖို့အတွက် သူရို့ကို နီရာအနှံ့အပြားသို့ စီလွှတ်လိုက်လီရေ။ 3ကိုယ်တော်က သူရို့ကို “သင်ရို့ ခရီးလားဖို့အတွက် တစ်ခုကိုလေ့ ယူမလားပါကေ့။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ၊ ဒင်္ဂါးနန့် အင်္ကျီအပိုတိကိုလည်း ယူမလားကတ်ပါကေ့။ 4ဇာမြို့ကိုမဆို သင်ရို့ဝင်ရေအခါ သင်ရို့ကို တစ်ယောက်ယောက်က သူ့အိမ်မာတည်းဖို့ကြိုဆိုဖိတ်ခေါ်ကေ ယင်းမြို့က မလားမချင်း ယင်းအိမ်မာရာ တည်းကတ်ပါ။ 5တကယ်လို့ မြို့တစ်မြို့မှလူတိက သင်ရို့ကို မကြိုဆိုမဖိတ်ခေါ်ကေ ယင်းမြို့မှထွက်လားရေခါ သူရို့ကို သတိပီးရေသဘောနန့် သင်ရို့၏ခြီထောက်က အမှုန့်တိကို ခါချပစ်ခပါ#9:5ဂျူးလူမျိုးတိအတွက် “ခြီမာကပ်နီရေ ယင်းအရပ်က ဖုန်မှုန့်ကို ခါချပစ်ပါ” ဆိုစွာက သူက ယင်းအရပ်ဟိ လူတိနန့် ပတ်သတ်မှုမဟိလို့ အဓိပ္ပါယ်ရပါရေ။ ဒေစာကြောင်းမာ ယင်းပိုင်လုပ်ရစွာက ယင်းမြို့က လူတိကို ဘုရားသျှင် အပြစ်ပီးကေ တပည့်တော်တိနန့် မဆိုင်ဆိုစွာကို ပြသစွာဖြစ်တေ။” လို့ မိန့်တော်မူပါရေ။ 6ယေပြီးကေ တပည့်တော်ရို့ကလည်း ယင်းနီရာ ထွက်လားဗျာလ် တစ်ပြီးတစ်ရွာလားပြီးကေ မင်္ဂလာသတင်းကောင်းတိကို ဟောပြောဗျာလ် နီရာတိုင်းမာလည်း ရောဂါသည်တိကိုလည်း ကျိုင်းမာစီလီရေ။
ဘုရင်ခံဟေရုဒ်၏သောက
(သျှင်မဿဲ ၁၄:၁-၁၂၊ ၆:၁၄-၂၉)
7ဂါလိလဲပြည်ကို အုပ်ချုပ်ရေဘုရင်ခံဟေရုဒ်က ကိုယ်တော်ပြုလုပ်စွာတိကို ကြားရေအခါ သူကောင်းကောင်း စိတ်ယှုပ်လားလီရေ။ ဇာအတွက်နန့်ဆိုကေ လူတစ်ချို့က ရီနစ်မင်္ဂလာပီးရေ ဆရာယောဟန် အသက်ပြန်ရင်လာရေလို့ ပြောကတ်ဗျာလ်။ 8အရာလူတိကလည်း ပရောဖက်ဧလိယ ပြန်ပေါ်လာဗျာလ်လို့ ပြောရေပိုင် တစ်ချို့ကလည်း ရှိ့အယင်က ဟိခရေ ပရောဖက်တစ်ပါးပါး အသက်ပြန်ရင်လာဗျာလ်လို့ ပြောနီကတ်တေအတွက်နန့် ဖြစ်ပါရေ။ 9ယေတွက်နန့် ဟေရုဒ်က “ယောဟန်၏ဂေါင်းကို ငါ ပိုင်းခိုင်းပြီးဗျာလ်။ အဂု ဒေပိုင်သတင်းတိ ကြားနီရသူက ဇာသူလဲ” လို့ ဆိုပြီးကေ ကိုယ်တော်နန့် တွိ့ဖို့ ကြိုးစားနီလီရေ။
လူငါးထောင်ကို ကျွေးမွေးတော်မူခြင်း
(သျှင်မဿဲ ၁၄:၁၃-၂၁။ သျှင်မာကု ၆:၃၀-၄၄။ သျှင်ယောဟန် ၆:၁-၁၄)
10သာဝကတိက ပြန်လာရေအခါ သူရို့လုပ်ဆောင်ခစွာတိကို ကိုယ်တော့်အား လျှောက်တင်ကတ်လီရေ။ ယေပြီးကေ ကိုယ်တော်က သာဝကတိကိုခေါ်ပနာ ဗက်ဇဲဒမြို့ကို ကြွတော်မူပါရေ။ 11ယေကေလည်း လူအများကြီးက ယင်းပိုင်ကြွလာစွာကို ကြားရေခါ ကိုယ်တော် နောက်ကို လိုက်လားကတ်ပါရေ။ ကိုယ်တော်ကလည်း သူရို့ကိုကြိုဆိုပြီးကေ ဘုရားသျှင်၏သာသနာတော်အကြောင်းကို ဟောကြားဗျာလ် မကျိုင်းမာသူတိကိုလည်း ကျိုင်းမာစီတော်မူပါရေ။
12ညစာဖက်ရောက်လာရေအခါ သာဝကတစ်ဆယ့်နှစ်ပါးက ကိုယ်တော်ဘားကို လာပြီးကေ “ကိုယ်တော်၊ ဒေနီရာက လူသျှင်ကင်းရေနီရာဖြစ်လို့ ဒေလူအကျိုင်လိုက်ကို အနီးအပါးမာဟိရေ ကျေးရွာတိကို စီလွှတ်တော်မူပါ။ သူရို့မာ တည်းဖို့နန့်စားစရာတိ လိုအပ်ပါရေ” လို့ လျှောက်ကတ်လီရေ။
13ကိုယ်တော်က “သင်ရို့ကိုယ်တိုင် သူရို့ကို စားစရာတစ်ခုခု ပီးလိုက်ပါ” လို့ မိန့်တော်မူလီရေ။
သူရို့ကလည်း “ကျွန်တော်ရို့မာ ပေါင်မုန့်အငယ်သျှေ ငါးလုံးနန့် ငါးနှစ်ကောင်ရာဟိပါရေ။ ကျွန်တော်ရို့က ဒေလူအားလုံးအတွက် စားစရာတိ ကျွန်တော်ရို့ လားဝယ်ရဖို့လား” လို့ လျှောက်ထားလီရေ။ 14ယင်းနီရာမာ ယောက်ကျားအရွီအတွက် ငါးထောင်လောက်ဟိပါရေ#9:14တစ်ချို့ကျမ်းတိမာ ယင်းနီရာမာ မမာ့တိ၊ အသျှေတိကို ထည့်လို့မရွီဘဲ ယောက်ကျားအရွီအတွက်တောင် ငါးထောင်လောက်ဟိပါရေလို့ ဖော်ပြကတ်ပါရေ။ ။
ယေခါ ကိုယ်တော်က တပည့်တော်တိကို “လူတစ်အုပ်စုကို အယောက်ငါးဆယ်စီခွဲလို့ သူရို့ကို ထိုင်ခိုင်းလိုက်ပါ” လို့ မိန့်တော်မူလီရေ။ 15တပည့်တော်တိကလည်း ကိုယ်တော်မိန့်တော်မူရေအတိုင်း လူတိကို ထိုင်ခိုင်းရေအခါ လူတိကလည်း ထိုင်ကတ်ပါရေ။ 16ယေပြီးကေ ကိုယ်တော်က မုန့်ငါးလုံးနန့် ငါးနှစ်ကောင်ကို ယူပနာ အာကာကို မျှော်ကြည့်ဗျာလ်#9:16အာကာကိုမျှော်ကြည့်ဆိုစွာက ရွှီမြို့တော်ကို မျှော်ကြည့်စွာဖြစ်ပါရေ။ ဘုရားသျှင်၏ကျေးဇူးတော်ကို ချီးမွမ်းပူဇော်ပြီးကေ ကိုယ်တော်က ပေါင်မုန့်နန့်ငါးတိကို ဖဲ့လို့ တပည့်တော်တိကတစ်ဆင့် လူတိကို ဝီပီးစီပါရေ။ 17လူအားလုံးရို့ကလည်း ဝအောင် စားရရေအပြင် အကျန်တိကို တပည့်တော်တိက လိုက်လို့ သိမ်းရေအခါ ခြင်းတောင်း တစ်ဆယ့်နှစ်တောင်း အပြည့်ရလီရေ။
ပေတရု၏ဝန်ခံခြင်း
(သျှင်မဿဲ ၁၆:၁၃-၂၀။ သျှင်မာကု ၈:၂၇-၃၀)
18တနိန့်မာ ကိုယ်တော်ယေရှုလုံးချင်းတည်း ဆုတောင်းနီစိုင် ကိုယ်တော်၏တပည့်တော်တိက ကိုယ်တော်နဲ့အတူဟိနီလီရေ။ ယေခါ ကိုယ်တော်က သူရို့ကို “လူတိက ငါ့ကို ဇာသူလို့ ပြောနီကတ်လဲ” လို့ မိန်းလီရေ။
19သူရို့ကလည်း “တစ်ချို့က ကိုယ်တော်ကို ရီနစ်မင်္ဂလာပီးရေ ဆရာယောဟန်ဖြစ်တေလို့ ပြောကတ်ပါရေ။ တစ်ချို့က ပရောဖက်ဧလိယဖြစ်တေလို့လည်း ပြောကတ်ပါရေ။ တစ်ချို့ကလည်း ရှိ့အယင်ကဟိခရေပရောဖက်တိထဲက တစ်ပါး အသက်ပြန်ရင်လာဗျာလ်လို့လည်း ပြောနီကတ်ပါရေ” လို့ လျှောက်တင်ကတ်ပါရေ။
20ယေခါ ကိုယ်တော်က “သင်ရို့ကလည်း ငါ့ကို ဇာသူလို့ ပြောကတ်ဖို့လဲ” လို့ မိန်းလီရေ။
ပေတရုက “ကိုယ်တော်က ဘုရားသျှင်စီလွှတ်လိုက်တေမေရှိယ ဖြစ်ပါရေ” လို့ ပြန်လို့ လျှောက်ထားလီရေ။
21ကိုယ်တော်ကလည်း ဒေအကြောင်းကို တစ်ယောက်ကိုလေ့ မပြောဖို့ နောင်းနောင်းနင်းနင်း အမိန့်ပီးလီရေ။
အသီခံရဖို့အကြောင်းကို ကြိုတင်လို့မိန့်ကြားခြင်း
(သျှင်မဿဲ ၁၆:၂၀-၂၈။ သျှင်မာကု ၈:၃၀-၉:၁)
22ယေပြီးကေ ကိုယ်တော်က တပည့်တော်တိကို “လူ့သားတော်က ဒုက္ခဝေဒနာအများကြီးကို ခံစားရပနာ ဂျူးလူမျိုးဂေါင်းဆောင်တိ၊ ဂျူးပုရောဟိတ်အကြီးအကဲနန့် ကျမ်းတတ်ဆရာတိ၏လက်မခံစွာကို ခံရလိမ့်မေ။ သူရို့ အသီသတ်စွာခံရပြီးကေ သုံးရက်မြောက်တေနိန့်မာ အသက်ပြန်ရင်ပါလိမ့်မေ” လို့ မိန့်တော်မူလီရေ။
မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်းပါ
23ယေပြီးကေ ကိုယ်တော်က လူထုပရိတ်သတ်တိကို “ငါ့တပည်ဖြစ်ချင်သူ ဇာသူမဆို ကိုယ့်ကိုယ်ကျိုးကို စွန့်ပြီးကေ ကိုယ့်လက်ဝါးကပ်တိုင်ကို ကိုယ်ထမ်းပနာ#9:23ကိုယ့်လက်ဝါးကပ်တိုင်ကို ကိုယ်ထမ်းပါ၏အဓိပ္ပါယ်မာ ကိုယ်တော်ယေရှုခေတ်မာ လက်ဝါးကပ်တိုင်မာ သံမှိုခတ်ပနာ အသတ်ခံရသူက အသတ်ခံရဖို့နီရာရောက်အောင်ထိ လက်ဝါးကပ်တိုင်ကို ထမ်းဗျာလ်လားရပါရေ။ ယင်းနီရာမာ ကိုယ်တော်ယေရှုက သူ့နောက်လိုက်ဖြစ်ချင်သူကို ဒုက္ခဆင်းရဲနန့်သီဖို့အတွက် အဆင်သင့်ဖြစ်နီရဖို့လို့ ပြောစွာ ဖြစ်တေ။ နိန့်စိုင် ရက်စိုင် ငါ့နောက်ကိုလိုက်နိုင်ရမေ။ 24ဇာတွက်နန့်ဆိုကေ ဇာသူမဆို ငါတွက်နန့် ကိုယ့်အသက်ကို ကယ်တင်ချင်သူတိက ယင်းအသက်ကို ဆုံးယှုံးရလိမ့်မေ။ ဇာသူမဆို ငါ့အတွက်နန့် ကိုယ့်အသက်ကို စွန့်သူတိက ထာဝရအသက်ကို ရဟိလိမ့်မေ။ 25လူတစ်ယောက်က ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရကေလည်း ထာဝရအသက်ကို ဆုံးယှုံးလားကေ ဇာအကျိုးဟိဖို့လဲ။ 26ဇာသူမဆို ငါနန့် ငါ့တရားစကားတိကို ငြင်းပစ်ကေ လူ့သားတော်ကလည်း သူ၏ကိုယ်ရောင်ကိုယ်ဝါ၊ အဖဘုရား၏ကိုယ်ရောင်ကိုယ်ဝါနန့် မြင့်မြတ်တေသမ္မာဒေဝနတ်တိ၏ကိုယ်ရောင်ကိုယ်ဝါနန့် ဒေကမ္ဘာမြီကို ပြန်ကြွလာရေအခါမာလည်း သင်ရို့က ငါ့နောက်လိုက်တိ မဟုတ်လို့ ငြင်းစွာကိုခံရလိမ့်မေ ဖြစ်တေ။
27သင်ရို့ကို ငါ အမှန်ပြောရကေ ဒေနီရာမာ ရပ်နီရေလူတစ်ချို့က ဘုရားသျှင်၏သာသနာတော်ကို မမြင်တွိ့ရဘဲ သီရလိမ့်မေ မဟုတ်” လို့ မိန့်တော်မူလီရေ။
အဆင်းသဏ္ဍာန်ပြောင်းလဲခြင်း
(သျှင်မဿဲ ၁၇:၁-၈။ သျှင်မာကု ၉:၂-၈)
28ယင်းပိုင် မိန့်တော်မူပြီးကေ သျှစ်ရက်လောက်အကြာမာ ကိုယ်တော်က ပေတရု၊ ယောဟန်နန့် ယာကုပ်ရို့ကိုခေါ်လို့ တောင်ထက်ကို ဆုတောင်းဖို့ ကြွတော်မူလီရေ။ 29ကိုယ်တော်ဆုတောင်းနီစိုင် သူ၏ရုပ်အဆင်းက ထူးခြားလာဗျာလ် သူ၏ဝတ်ရုံကလည်း လျှပ်စီးပိုင် ကောင်းကောင်းဆဆွတ်ဖြူအောင် တောက်ပြောင်လားလီရေ။ 30ယေပြီးကေ ပရောဖက်မောရှေနန့် ပရောဖက် ဧလိယရို့က ဗြုန်းစားကြီး ပေါ်လာပြီးကေ ကိုယ်တော်နန့်စကားပြောကတ်ပါရေ။ 31သူရို့က ကိုယ်ရောင်ကိုယ်ဝါတိ တောက်ပဗျာလ် မကြာခင် ကိုယ်တော်က ဂျေရုဆလင်မြို့မာ အသီခံရပနာ ဘုရားသျှင်၏အကြံစိုင်ကို ပြည့်စုံမှန်ကန်စီဖို့အကြောင်း ကိုယ်တော်ယေရှုနန့်တတူ ပြောနီကတ်လီရေ။ 32ယင်းအချိန်မာ ပေတရုနန့် အရာတပည့်တော် နှစ်ယောက်က အိပ်မွန်းကျနီခပါရေ။ ယေကေလည်း သူရို့နိုးလာရေအခါ ကိုယ်တော်ယေရှုဘားက ကိုယ်ရောင်ကိုယ်ဝါတိထွက်နီစွာကို မြင်တွိ့ရလီရေ။ သူရို့က ကိုယ်တော်နန့်တတူ ရပ်နီရေပရောဖက်နှစ်ပါးကိုလည်း မြင်လိုက်ရလီရေ။ 33ယေပြီးကေ ပရောဖက်မောရှေ နန့်ဧလိယရို့ ကိုယ်တော်ယေရှုဘားက ထွက်လို့လားရေအချိန်မာ ပေတရုက ကိုယ်တော်ကို “ဆရာ၊ ကျွန်တော်ရို့ ဒေနီရာမာဟိနီစွာရေ ကောင်းကောင်း ကောင်းပါရေ။ ကျွန်တော်ရို့ ဆရာအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်နန့် မောရှေအတွက် တဲတစ်ဆောင် တဲသုံးဆောင်ကို ဆောက်ပီးပါမေ” လို့ လျှောက်တင်လီရေ။ ယေကေလည်း ကိုယ့်စွာကိုကိုယ် ဇာပြောလိုက်မှန်းမသိပါ။
34ပေတရု ယင်းပိုင်လျှောက်လိုက်ရေခါ မိုးတိမ်တိုက်တစ်ခုပေါ်လာဗျာလ် သူရို့ကို ဖုံးလိုက်လီရေ။ သူရို့က မိုးရိပ်အောက်ကို ရောက်လားရေအခါ ကြောက်လန့် လားကတ်လီရေ။ 35ယေခါ မိုးတိမ်တိုက်က “ဒေသူက ငါ ရွီးချယ်ထားရေ ငါ၏သားဖြစ်တေ။ သူ့စကားကို နားထောင်ကတ်ပါ” ဆိုရေ အသံတစ်ခု ထွက်လာလီရေ။ 36ယင်းအသံထွက်လာပြီးရေခါ သူရို့က ကိုယ်တော်ယေရှု တစ်ပါးတည်းကိုရာ တွိ့ကတ်ရပါရေ။ သူရို့က သူရို့တွိ့မြင်ခရေ အကြောင်းတိကို ယင်းနိန့် ရက်တိမာ#9:36 ယင်းနိန့်ရက်ဆိုစွာက ကိုယ်တော်ယေရှုသီရာမှအသက်ပြန်ရင်ရေအချိန်ထိကို ဆိုလိုစွာ ဖြစ်ပါရေ။ တစ်ယောက်ကိုလေ့ မပြောဘဲ တတိန်းသျှေ ငြိမ်နီကတ်လီရေ။
မကောင်းဆိုးဝါးကို နှင်ထုတ်ခြင်း
(သျှင်မဿဲ ၁၇:၁၄-၁၈။ သျှင်မာကု ၉:၁၄-၂၇)
37အရာတနိန့်မာ ကိုယ်တော်ယေရှုက တပည့်တော်သုံးယောက်ရို့နန့်အတူ တောင်ထက်က ဆင်းလာရေအခါ လူထုပရိတ်သတ်အများကြီးက ကိုယ်တော်ကို တွိ့ဖို့လာကတ်လီရေ။ 38ယေပြီးကေ လူထုပရိတ်သတ်ထဲက လူတစ်ယောက်က ကိုယ်တော်ကို “ဆရာ၊ ကျွန်တော်၏သားကို ကြည့်ပီးဖို့ တောင်းပန်ပါရေ။ ဇာတွက်နန့်ဆိုကေ သူက ကျွန်တော်၏တစ်ယောက်တည်းသား ဖြစ်ပါရေ။ 39သူက မကောင်းဆိုးဝါးပူးနီရေအတွက်နန့် ဗြုန်းကနဲ လန့်ဖြန့်ဗျာလ်အော်ပနာ တစ်ကိုယ်လုံးတုန်လှုပ်ပြီးကေ ပါးစပ်ထဲက အမြုပ်တိလည်း ထွက်လာအောင်လုပ်တတ်ပါရေ။ ယင်းမကောင်းဆိုးဝါးက သူ့ကို ကောင်းကောင်းရိ့လားစီပနာ သူ့ဘားကလည်း တစ်ခါလေ့ ထွက်လားစွာမဟိပါ။ 40ကျွန်တော်ကလည်း ကိုယ်တော်၏တပည့်တော်တိကို ဒေမကောင်းဆိုးဝါးကို နှင်ထုတ်ပီးဖို့ တောင်းပန်ကေလည်း သူရို့က မလုပ်နိုင်ကတ်ပါ” လို့ အော်ပနာလျှောက်ထားပါရေ။
41ယေခါ ကိုယ်တော်ယေရှုက လူထုပရိတ်သတ်ရို့ကို “အို ယုံကြည်မှုမဟိ၊ အပြစ်ဒုစရိုက်တိနန့်ပြည့်နီရေလူတိ၊ ငါက သင်ရို့နန့်တတူ ဇာလောက်ကြာအောင်နီပြီးကေ သင်ရို့ကိုသီးခံနီရဖို့သိလဲ။ ယေတွက်နန့် ကိုယ်တော်ယေရှုက သင်၏သားကို ဒေနီရာကို ခေါ်လာပါ” လို့ မိန့်တော်မူလီရေ။
42ယင်းကလွေသျှေ လာနီစိုင်မာ မကောင်းဆိုးဝါးက သူ့ကို မြီထက်ကို လှဲချလိုက်ဗျာလ် တစ်ခန္ဓာလုံးကို တုန်လားစီပါရေ။ ယေကေလည်း ကိုယ်တော်ယေရှုက မကောင်းဆိုးဝါးကို ကလွေသျှေဘားက ထွက်လားဖို့ အမိန့်ပီးတော်မူပါရေ။ သူက အသျှေကို ကျိုင်းမာစီပြီးမှ သူ့အဖဘားကို ပြန်လို့ အပ်လိုက်ပါရေ။
ကိုယ်တော်ယေရှုက အသီခံဖို့အကြောင်းကို ဒုတိယအကြိမ် ကြိုတင်လို့မိန့်ကြားခြင်း
(သျှင်မဿဲ ၁၇:၂၂-၂၃။ သျှင်မာကု ၉:၃၀-၃၂)
43လူအများရို့ကလည်း ဘုရားသျှင်၏တန်ခိုးတော်ကို မြင်ရလို့ အံ့ဩကတ်လီရေ။
ကိုယ်တော်ပြုလုပ်ခစွာတိအားလုံးကို လူအများရို့ အံ့ဩနီကတ်စိုင် ကိုယ်တော်က တပည့်တော်တိကို 44“သင်ရို့ ငါပြောစွာတိကို အရီးစိုက်လို့ နားထောင်ကတ်ပါ။ လူ့သားတော်ကို လူတိလက်သို့ အပ်စွာခံရဖို့ဗျာလ်” လို့ မိန့်တော်မူပါရေ။ 45ယေကေလည်း တပည့်တိက ကိုယ်တော်ပြောရေ စကား၏အဓိပ္ပါယ်ကို သဘောမပေါက်နိုင်ကတ်ပါ။ ဇာတွက်နန့်ဆိုကေ ယင်းစကား၏လိုရင်းကို သူရို့နားမလည်အောင် ဝှက်ထားခံရရေအတွက်နန့်ဖြစ်တေ။ သူရို့က နားမလည်ကတ်ကေလည်း ကိုယ်တော်ကို မိန်းဖို့ ကြောက်နီကတ်လီရေ။
ဇာသူအကြီးမြတ်ဆုံးလဲ
(သျှင်မဿဲ ၁၈:၁-၅။ သျှင်မာကု ၉:၃၃-၃၇)
46ယေပြီးကေ တပည့်တော်တိက သူရို့ထဲမာ ဇာသူက အကြီးမြတ်ဆုံး ဖြစ်ဖို့လဲလို့ ငြင်းနီကတ်ပါရေ။ 47ကိုယ်တော်ယေရှုက သူရို့ တွေးနီစွာကို သိရေအတွက်နန့် အသျှေတစ်ယောက်ကို သူ့အနားမာ ရပ်နီစီပါရေ။ 48ယေပြီးကေ ကိုယ်တော်က တပည့်တော်တိကို “တစ်ယောက်ယောက်က ငါ့အတွက်နန့် ဒေအသျှေပိုင်လူကို လက်ခံသူ ဇာသူမဆို ငါ့ကို လက်ခံသူပင် ဖြစ်တေ။ ဇာသူမဆို ငါ့ကို လက်ခံသူက ငါ့ကို စီလွှတ်တော်မူရေအသျှင်ကို လက်ခံသူပင် ဖြစ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့ထဲမာ ကိုယ့်ကိုယ်ကို အနှိမ့်ချဆုံးသူက အကြီးမြတ်ဆုံးသူပင် ဖြစ်ပါရေ” လို့ မိန့်တော်မူလီရေ။
သင်ရို့ကို မဆန့်ကျင်ရေလူ
(သျှင်မာကု ၉:၃၈-၄၀)
49ယေပြီးကေ ယောဟန်က “ဆရာ၊ ဆရာ၏နာမတော်နန့် မကောင်းဆိုးဝါးတိကို နှင်ထုတ်နီသူတစ်ယောက်ကို ကျွန်တော်ရို့ တွိ့ခပါရေ။ ကျွန်တော်ရို့ သူ့ကို ဟန့်ဖို့ ကြိုးစားခပါရေ။ ဇာတွက်နန့်ဆိုကေ ယင်းသူက ကျွန်တော်ရို့အထဲကလူ မဟုတ်တေအတွက်နန့်ဖြစ်တေ” လို့ လျှောက်တင်လီရေ။
50ယေကေလည်း ကိုယ်တော်ယေရှုက “သူ့ကို မဟန့်ပါကေ့။ ဇာတွက်နန့်ဆိုကေ သင်ရို့ကို လန့်ဆန်မလုပ်သူက သင်ရို့ဖက်က ဖြစ်တေ” လို့ မိန့်တော်မူပါရေ။
ရှမာရိရွာသားတိ ကိုယ်တော်ကို လက်မခံခြင်း
51ယေပြီးကေ ကိုယ်တော်က ရွှီမြို့တော်သို့ ပြန်လားရဖို့ အချိန်နီးလာဗျာလ်ဖြစ်လို့ ဂျေရုဆလင်မြို့ကို ကြွဖို့ စိတ်ပိုင်းဖြတ်လိုက်လီရေ။ 52ကိုယ်တော်က စီတမန်တစ်ချို့ကို သူရှိ့ကအယင်ကြိုလို့ ရှမာရိပြည်ဟိ ရွာတစ်ရွာကို စီလွှက်ပြီးကေ သူနန့် အရာလူတိအတွက်ပါ အရာအားလုံး အလိုက်သင့် ပြင်ဆင်ခိုင်းလီရေ။ 53ယေကေလည်း ကိုယ်တော်က ဂျေရုဆလင်မြို့ကို တိုက်ရိုက်လားနီစွာဖြစ်လို့ ယင်းရွာမာနီရေလူတိက ကိုယ်တော်ကို မကြိုဆိုကတ်ပါ။ 54ယာကုပ်နန့် ယောဟန်ရို့က ယင်းအဖြစ်အပျက်ကို ကြာရေခါ “အသျှင်၊ ကျွန်တော်ရို့ အာကာက မီးတိကျစီပြီးကေ သူရို့ကို ပျက်စီးလားအောင် ဘုရားသျှင်ဘားက လျှောက်လိုက်ရဖို့လား”#9:54တစ်ချို့ ဂရိကျမ်းစာများမာ ဒေစာပိုဒ်အဆုံးမာ “ပရောဖက်ဟေရှာယ ပြုလုပ်ခရေအတိုင်း” လို့ ဆိုရေ စာသားပါဟိပါရေ။ လို့ လျှောက်တင်ကတ်ပါရေ။ 55ကိုယ်တော်က သူရို့ဖက်ကို လှည့်လိုက်ပနာ ဆုံးမလိုက်တေ#9:55တစ်ချို့ ဂရိကျမ်းစာတိမာ ယင်းစာပိုဒ်ရှိ့မာ “လူ့သားတော်က လူတိအသက်ကို ဖျက်ဆီးဖို့ကြွလာစွာမဟုတ်ဘဲ ကယ်တင်ဖို့ ကြွလာစွာ ဖြစ်တေ” လို့ ဆိုရေ စာသားပါဟိပါရေ။။ 56ယေပြီးကေ ကိုယ်တော်နန့် တပည့်တော်တိက အရာရွာတစ်ရွာကို ထွက်လားကတ်လီရေ။
ကိုယ်တော်ယေရှု၏တပည့်ဖြစ်ချင်သူတိ
(သျှင်မဿဲ ၈:၁၉-၂၂)
57ကိုယ်တော်နန့် တပည့်တော်ရို့ လားရေလမ်းခရီးမာ လူတစ်ယောက်က ကိုယ်တော်ကို “ကိုယ်တော်ကြွလားရေနီရာတိုင်းကို ကျွန်တော်မျိုးလိုက်ပါဖို့” လို့ လျှောက်တင်လီရေ။
58ယေခါ ကိုယ်တော်ယေရှုက “မြီခွီးမာ တွင်းဟိရေ၊ ငှက်တိမာလည်း အသိုက်ဟိရေ။ ယေကေလည်း လူ့သားတော်မာဂါး ဂေါင်းချဖို့ နီရာမဟိ” လို့ မိန့်တော်မူပါရေ။
59ယေပြီးကေ ကိုယ်တော်က အရာလူတစ်ယောက်ကို “ငါ့နောက်ကိုလိုက်ပါ” လို့ မိန့်တော်မူလီရေ။
ယေခါ ယင်းလူက “အသျှင်၊ ကျွန်တော့်ကို အယင်ဆုံးအိမ်ကို လားခွင့်ပြုပါ။ ကျွန်တော်အဖ သီပြီးခါမှ သူ့ကိုသင်္ဂြိုဟ်ပြီးကေ ကျွန်တော်လာပနာ ကိုယ်တော့်နောက်ကို လိုက်ပါမေ” လို့ လျှောက်တင်လီရေ။
60ကိုယ်တော်က သူ့ကို “စိတ်ဝိညာဉ်သီနီရေလူတိက သူရို့ထဲမှ ခန္ဓာကိုယ်သီနီရေလူတိကို သင်္ဂြိုဟ်ကတ်ပါစီ။ ယေကေလည်း သင်က ဘုရားသျှင်၏သာသနာတော်အကြောင်းကို လူအများကြီးကို လားဗျာလ် ဟောပြောပီးရဖို့” လို့ မိန့်တော်မူလီရေ။
61အရာတစ်ယောက်ကလည်း “အသျှင်၊ ကျွန်တော်က အသျှင်နောက်ကို လိုက်ပါဖို့။ ယေကေလည်း အိမ်ကိုအယင်လားပြီးကေ ကျွန်တော်မိသားစုကို နှုတ်ဆက်ခွင့်ပြုပါ” လို့ လျှောက်တင်လီရေ။
62ကိုယ်တော်ယေရှုက “ထွန်တုံးကိုကိုင်လို့ နောက်ကို လှည့်ကြည့်နီသူက ဘုရားသျှင်၏သာသနာတော်အတွက် အသုံးမဝင်ပါ” လို့ မိန့်တော်မူလီရေ။
လက္ရွိေရြးခ်ယ္ထားမွု
သျှင်လုကာ 9: RKINR
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Sittwe (မြောက်ပိုင်း ရခိုင်) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.