YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 27

27
မြွေလဝိသန်ကိုသတ်ဖြတ်ခြင်း
1ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ထွက်ပြေး​နေ​သော​မြွေကြီး​လဝိသန်#27:1 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။​၊ တွန့်လိမ်​နေ​သော​မြွေကြီး​လဝိသန်​ကို ခိုင်မာ​၍​အစွမ်းထက်​သော မိမိ​ဓား​ကြီး​ဖြင့်​အပြစ်ဒဏ်​ပေး​တော်မူ​မည်​။ ပင်လယ်​မြွေနဂါး​ကို​လည်း သတ်ဖြတ်​တော်မူ​မည်​။
ထာဝရဘုရား၏စပျစ်ဥယျာဉ်တော်
2ထို​နေ့ရက်​၌ သာယာ​သော​စပျစ်​ဥယျာဉ်​အကြောင်း​ကို သီဆို​ကြ​လော့​။ 3ငါ​ထာဝရဘုရား​သည် ထို​ဥယျာဉ်​ကို စောင့်ရှောက်​၏​။ မကြာခဏ ရေလောင်း​ပေး​၏​။ မည်သူ​မျှ မ​ဖျက်ဆီး​စေရန် နေ့ညမပြတ် စောင့်ရှောက်​၏​။ 4ငါ အမျက်​မ​ထွက်​ပါ​။ မည်သူ​သည် ငါ့​ကို ချုံပင်​၊ ဆူးပင်​များ​နှင့် တိုက်ပွဲ​ဝင်​စေ​မည်နည်း​။ ချီတက်​တိုက်ခိုက်​ပြီး အားလုံး​မီးရှို့​ပစ်​မည်​။ 5သို့မဟုတ် သူ​သည် ငါ့​ထံသို့ လာရောက်​ခိုလှုံ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။ 6နောင်တစ်ချိန်​မှာ ယာကုပ်​သည် အမြစ်တွယ်​လာ​လိမ့်မည်​။ အစ္စရေး​သည် ဖူးငုံ​ပွင့်လန်း​လာ​လိမ့်မည်​။ ကမ္ဘာမြေ​တစ်ပြင်လုံး​ကို အသီး​နှင့်​ပြည့်​စေ​လိမ့်မည်​။ 7သူ့​ကို​ရိုက်နှက်​သော​သူ​အား ကိုယ်တော်​ဒဏ်ခတ်​တော်မူ​သကဲ့သို့ သူ့​ကို​ဒဏ်ခတ်​တော်မူ​သလော​။ သူ့​ကို​သတ်​သော​သူ​တို့ အသတ်​ခံရ​သကဲ့သို့ သူ​အသတ်​ခံရ​သလော​။ 8ကိုယ်တော်​သည် ပြည်နှင်ဒဏ်ပေး​ခြင်း​ဖြင့် အတိုင်းအတာ​တစ်ခု​အထိ ဒဏ်ခတ်​တော်မူ​၏​။ အရှေ့​လေ​လာ​သော​နေ့ရက်​၌ ပြင်းထန်​သော​လေ#27:8 သို့မဟုတ် “ပြင်းထန်သောထွက်သက်လေ”။​ဖြင့် သူ့​ကို​တိုက်ထုတ်​တော်မူ​၏​။ 9ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။ 10ခိုင်ခံ့​သော​မြို့​သည် အထီးကျန်​၍ တောကန္တာရ​ကဲ့သို့ စွန့်ခွာ​သွား​ခြင်း​၊ စွန့်ပစ်​ထား​ခြင်း​ခံရ​သော​နေရာ​ဖြစ်​လိမ့်မည်​။ နွားသငယ်​သည် ထို​နေရာ​တွင် ကျက်စား​လိမ့်မည်​၊ လဲလျောင်း​လိမ့်မည်​။ ထို​နေရာ​ရှိ​အခက်အလက်​တို့​ကို အကုန်အစင်​စား​လိမ့်မည်​။ 11အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။ 12အို အစ္စရေး​အမျိုးသား​တို့​၊ ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ယူဖရေးတီး​မြစ်#27:12 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​လက်တက်​မှ အီဂျစ်​ပြည်​စမ်းချောင်း​တိုင်အောင် သင်​တို့​ကို တလင်းနယ်​၍ တစ်​ယောက်​ပြီး​တစ်​ယောက် ကောက်သိမ်း​တော်မူ​မည်​။ 13ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ