YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 35

35
1ဧလိဟု​က ဆက်၍ 2“​သင်​က ‘​ဘုရားသခင်​ထက် ငါ​ဖြောင့်မတ်​သည်​’​ဟု ဆို​သည်​မှာ မှန်ကန်​သည်​ဟု သင်​ထင်​သလော​။ 3‘​ငါ​အပြစ်​မ​ပြု​လျှင် ကိုယ်တော့်​အဖို့ မည်သို့​အကျိုးရှိ​မည်နည်း​။ ငါ့​အဖို့​လည်း မည်သို့​အကျိုးရှိ​မည်နည်း​’​ဟု သင်​ဆို​၏​။ 4သင်​နှင့် သင့်​မိတ်ဆွေ​တို့​၏​စကား​များ​ကို အကျွန်ုပ်​ချေပ​လို​ပါ​၏​။ 5မိုးကောင်းကင်​ကို မော့ကြည့်​၍ သိမြင်​ပါ​လော့​။ သင့်​ထက်​မြင့်​သော​မိုးတိမ်​ကို စူးစမ်းကြည့်​ပါ​လော့​။ 6သင်​အပြစ်ပြု​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ထိခိုက်​စေ​နိုင်​မည်နည်း​။ သင်​အပြစ်​များစွာ​ကျူးလွန်​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ 7သင်​ဖြောင့်မတ်​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ပြု​ပေး​နိုင်​မည်နည်း​။ သင့်​လက်​မှ ကိုယ်တော် မည်သည့်​အရာ​ကို ရရှိ​နိုင်​မည်နည်း​။ 8သင်​ဆိုးယုတ်​လျှင် သင်​ကဲ့သို့သော​လူ​ကို ထိခိုက်​နိုင်​၏​။ သင်​ဖြောင့်မတ်​လျှင် လူသား​ကို အကျိုးပြု​နိုင်​၏​။ 9လူ​တို့​သည် အပြင်းအထန်​ညှဉ်းပန်းနှိပ်စက်​ခံရ​သောကြောင့် အော်ဟစ်​ငိုယို​တတ်​ကြ​၏​။ အားကြီး​သူ​တို့ နှိပ်စက်​သောကြောင့် အကူအညီ​အော်ဟစ်​တောင်းခံ​တတ်​ကြ​၏​။ 10သို့သော် ‘​ငါ့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၊ ညအချိန်​သီချင်းဆို​ရ​သော​အခွင့်​ကို ပေး​တော်မူ​သော​အရှင်​၊ 11မြေ​တိရစ္ဆာန်​တို့​ထက် ငါ​တို့​ကို ပို၍​သွန်သင်​ပေး​သော​အရှင်​၊ မိုးကောင်းကင်​ငှက်​တို့​ထက် ငါ​တို့​ကို​ပညာရှိ​စေ​သော​အရှင်​ကား အဘယ်မှာ​နည်း’​ဟု မေးမြန်း​သူ​တစ်ယောက်​မျှ​မ​ရှိ​။ 12မာနထောင်လွှား​၍​ဆိုးညစ်​ကြ​သောကြောင့် သူ​တို့​အော်ဟစ်​သော်လည်း ကိုယ်တော်​နားညောင်း​တော်မူ​မည်​မ​ဟုတ်​။ 13အကယ်စင်စစ် အချည်းနှီး​သော​စကား​ကို ဘုရားသခင် နားထောင်​တော်မူ​မည်​မ​ဟုတ်​။ အနန္တတန်ခိုးရှင် အာရုံစိုက်​တော်မူ​မည်​မ​ဟုတ်​။ 14‘​ကိုယ်တော့်​ကို မ​မြင်​ရ​’​ဟု သင်​မည်သို့​ပင်​ဆို​စေ​ကာ​မူ သင့်​အမှု​သည် ရှေ့​တော်​သို့​ရောက်​နှင့်​နေ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​သာ စောင့်မျှော်​လျက်​နေ​ပါ​တော့​။ 15ကိုယ်တော်​က အမျက်ထွက်​၍ ဒဏ်ခတ်​တော်မူ​သည်​မ​ဟုတ်​။ လွန်ခဲ့​သော​အပြစ်​များ​ကို​လည်း မှတ်​တော်မူ​သည်​မ​ဟုတ်​သောကြောင့် 16ယောဘ​သည် နှုတ်​ကို အချည်းနှီး​ဖွင့်​လေ​ပြီ​။ အသိတရားမဲ့​သော​စကား​များစွာ​ကို ပြော​မိ​လေ​ပြီ​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ