YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 12

12
သူတော်ကောင်း​ယောင်ဆောင်ခြင်း​ကို သတိပေးခြင်း
1ထို​အချိန်​အတွင်း ထောင်ပေါင်း​များစွာသော​လူတို့​သည် စုဝေးလာကြ​၍ တစ်ဦး​အပေါ်​တစ်ဦး​ပင် နင်းမိကြ၏။ ယေရှု​သည် ဦးစွာ တပည့်တော်တို့​အား “သူတော်ကောင်း​ယောင်ဆောင်ခြင်း​ဟူသော​ဖာရိရှဲတို့#12:1 ဖာရိရှဲများ​မှာ ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ​ဖြစ်သည်။​၏​တဆေး​ကို သတိပြုကြလော့။ 2ဖုံးကွယ်ထား​သမျှ​သည် ဖော်ထုတ်​ခံရ​လိမ့်မည်။ လျှို့ဝှက်ထား​သမျှတို့​သည် ပေါ်လာ​လိမ့်မည်။ 3ထို့ကြောင့် အမှောင်​၌ သင်တို့​ပြော​သမျှတို့​ကို အလင်း​တွင် ကြားရ​လိမ့်မည်။ သင်တို့​အိမ်တွင်း​တံခါး​ပိတ်​၍ တီးတိုး​ပြောသမျှ​ကို လသာဆောင်​ပေါ်မှ ကြေညာကြ​လိမ့်မည်။
4မိတ်ဆွေတို့… သင်တို့​အား ငါ​ပြောမည်။ ကိုယ်ခန္ဓာ​ကိုသာ သတ်​၍ နောက်ထပ်​အဘယ်အရာ​ကိုမျှ​မသတ်နိုင်သော​သူတို့​ကို မကြောက်ကြနှင့်။ 5သို့သော်လည်း သင်တို့​ကြောက်ရမည့်​သူ​ကို ငါ​ပြောမည်။ ကိုယ်ခန္ဓာ​ကို သတ်​၍ ငရဲ​သို့​ပစ်ချနိုင်သော ဘုရားသခင်​ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့​ကြောက်ရွံ့ရမည်​သူ​မှာ ထို​အရှင်​ဖြစ်၏။
6စာကလေး​ငါးကောင်​ကို ကြေးဒင်္ဂါးလေး​နှစ်ပြား#12:6 မူရင်း​ဂရိကျမ်း​တွင် “အဿရိ​နှစ်ပြား” ဟု ဖော်ပြထားသည်။ ၎င်း​သည် “အဿရိ” ဟု ခေါ်သော “ရောမ​ကြေးဒင်္ဂါး” ကို​ဆိုလိုသည်။ ထို​အဿရိ​ခေါ် ကြေးဒင်္ဂါး​တစ်ပြား​သည် ဒေနာရိ ဆယ့်ခြောက်ပုံ​တစ်ပုံ၊ သို့မဟုတ် ပျမ်းမျှ​နာရီဝက်​လုပ်အားခ​ထက်​နည်းသည့် တန်ဖိုး​နှင့် ညီမျှသည်။​နှင့်သာ ဝယ်ရသည်​မဟုတ်လော။ သို့သော်လည်း ဘုရားသခင်​သည် ထို​စာကလေး​တစ်ကောင်​ကို​မျှ မေ့လျော့သည်​မဟုတ်။ 7ထိုမျှမက သင်တို့​၏​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကိုလည်း ရေတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့​သည် စာကလေး​များစွာ​ထက် ပို၍​အဖိုးတန်၏။
8သင်တို့​အား ငါ​ပြောမည်။ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​အား လူသား#12:8 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည်လည်း ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။ 9လူတို့​ရှေ့တွင် ငါ့​ကို ငြင်းပယ်သော​သူ​အား ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့​တွင် ငါ​သည် ငြင်းပယ်မည်။ 10လူသား​ကို နှုတ်​နှင့်​ပြစ်မှားသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​မခံရ။
11လူတို့​သည် သင်တို့​ကို ဝတ်ပြုဆောင်များ​သို့​လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များ​ထံသို့​လည်းကောင်း ခေါ်ဆောင်သွား​သောအခါ သင်တို့​သည် မိမိကိုယ်ကိုယ် မည်သို့​ခုခံပြောဆိုရမည်​ကို မစိုးရိမ်ကြနှင့်။ 12သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​ပြောသင့်သည့်​အရာများ​ကို ထို​အချိန်​၌ပင် သွန်သင်တော်မူ​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏။
မိုက်မဲသော သူဌေးကြီး​ပုံဥပမာ
13ထို​အချိန်​တွင် လူစု​ထဲမှ လူ​တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​အစ်ကို​အား မိသားစု​နှင့်​ဆိုင်သော အမွေ​ကို ခွဲပေး​ရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်လေ၏။
14ယေရှု​က ထို​သူ​အား “မိတ်ဆွေ#12:14 မူရင်း​ဂရိကျမ်း​တွင် “အချင်းလူ” ဟု ပါရှိသည်။… မည်သူ​သည် ငါ့​ကို တရားသူကြီး​အဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူ​အဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။ 15ထို့နောက် သူတို့​အား “သတိပြုလော့။ အမျိုးမျိုးသော လောဘ​တို့​ကို သတိ​နှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး​၏​အသက်​သည် စည်းစိမ်​ကြွယ်ဝချမ်းသာမှု​ပေါ်တွင် မူတည်သည်​မဟုတ်” ဟု မိန့်တော်မူ၏။
16တစ်ဖန် ကိုယ်တော်​သည် ဥပမာ​တစ်ခု​ဖြင့် မိန့်တော်မူသည်​မှာ “သူဌေး​တစ်ဦး​တွင် အသီးအနှံ​များစွာ ဖြစ်ထွန်းသော​လယ်​တစ်ခု​ရှိ၏။ 17သူ​က ‘ငါ​၏​ကောက်ပဲသီးနှံများ​ကို သိုလှောင်​ရန် နေရာ​မရှိတော့ပြီ။ ထို့ကြောင့် မည်သို့ ပြုလုပ်​ရမည်နည်း’ ဟူ၍ တစ်ကိုယ်တည်း တွေးတောလေ၏။ 18ထို့နောက် သူ​က ‘ငါ​၏​စပါးကျီများ​ကို ဖျက်ပြီး​လျှင် ပို၍ ကြီးသော​စပါးကျီများ​ကို ဆောက်​၍ ရှိသမျှ​စပါး​နှင့် ကောက်ပဲသီးနှံတို့​ကို သိုလှောင်ထားမည်။ 19ငါ့​ကိုယ်​ငါ​လည်း “အို မိတ်ဆွေ… သင့်​ထံ​၌ နှစ်ပေါင်းများ​စွာ​ဇိမ်ခံ​ရန် ပစ္စည်းဥစ္စာများ အလျှံပယ်​ရှိပြီ​ဖြစ်၍ အပန်းဖြေ​လျက် စားသောက်​လျက် ပျော်မြူးပါလော့” ဟူ၍​ပြောမည်’ ဟု ဆိုလေ၏။
20သို့ရာတွင် ဘုရားသခင်​က ‘အို လူမိုက်… ယနေ့ည​ပင် သင်​သည် သေရ​လိမ့်မည်။#12:20 မူရင်း​ဂရိကျမ်း​တွင် “သင့်​အသက်​ကို သင့်​ထံမှ ရုပ်သိမ်း​လိမ့်မည်” ဟု ဖော်ပြထားသည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်ထား​သမျှသော စည်းစိမ်ဥစ္စာများ​သည် မည်သူ့​အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။
21ထိုကဲ့သို့​ပင် မိမိ​အတွက် စည်းစိမ်​ဥစ္စာများ​ကို စုသိမ်းထား​သော်လည်း ဘုရားသခင်​ရှေ့တွင် ဆင်းရဲသော​သူ​သည် ထို​သူဌေး​နှင့်​တူ၏” ဟု မိန့်တော်မူ၏။
ငွေကြေး​နှင့်​စည်းစိမ်ဥစ္စာ​အကြောင်း​ကို သွန်သင်တော်မူခြင်း
22ထို့နောက် တပည့်တော်တို့​အား “ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။ 23အသက်​သည် အစာ​ထက်​မြတ်၏။ ကိုယ်ခန္ဓာ​သည် အဝတ်​ထက်​မြတ်၏။ 24ကျီးကန်းများ​ကို ကြည့်ရှု​ဆင်ခြင်ကြလော့။ သူတို့​သည် မျိုးစေ့​ကို မကြဲ။ သီးနှံ​ကိုလည်း မရိတ်သိမ်းကြ။ သူတို့​သည် စပါးကျီ​မရှိ။ သိုလှောင်စရာ နေရာ​လည်း​မရှိ။ သို့သော် ဘုရားသခင်​သည် သူတို့​ကို ကျွေးမွေးတော်မူ၏။ သင်တို့​သည် ထို​ငှက်များ​ထက် များစွာ​အဖိုးတန်သည်​မဟုတ်လော။ 25မည်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​၏​အသက်​ကို အနည်းငယ်​ရှည်စေနိုင်သနည်း။ 26သင်တို့​သည် ထို​သေးငယ်သော​အမှု​ကို​ပင် မတတ်နိုင်​လျှင် အဘယ်ကြောင့် အခြားသော​အရာများ​အတွက် စိုးရိမ်ကြ​သနည်း။
27နှင်းပန်းပင်များ​မည်သို့​ကြီးထွားသည်​ကို ကြည့်ရှု​ဆင်ခြင်ကြလော့။ ထို​အပင်​တို့​သည် ပင်ပန်းစွာ​အလုပ်​မလုပ်။ ချည်​လည်း မငင်။ သို့သော် ဘုန်းကြီးသော​ရှောလမုန်မင်းကြီး​ပင်လျှင် ထို​နှင်းပန်းပင်​တစ်ပင်​ကဲ့သို့ မဝတ်ဆင်ခဲ့ရ​ဟု သင်တို့​အား ငါ​ပြောဆို၏။ 28ယုံကြည်ခြင်း​အားနည်းသော​သူတို့… ယနေ့​ရှင်သန်​၍ မနက်ဖြန်​မီးဖို​ထဲသို့ ပစ်ချခံရသည့် တောပန်းပင်​ကို ဘုရားသခင်​သည် ထို​မျှ​ဆင်မြန်းတော်မူ​လျှင် သင်တို့​ကိုသာ​၍ ဆင်မြန်းတော်မူမည်​မဟုတ်လော။
29မည်သည့်​အရာ​ကို စားရ​မည်နည်း မည်သည့်​အရာ​ကို သောက်ရ​မည်နည်း​ဟူ၍ မတွေးတောကြနှင့်။ ထို​အရာများ​အတွက် စိုးရိမ်ပူပန်ခြင်း​မရှိကြနှင့်။ 30ဘုရားသခင်​ကို မကိုးကွယ်သော​လောကီ​လူသားများ​အားလုံး​သည် ထို​အရာများ​ကို ကြိုးစား​ရှာဖွေတတ်ကြ၏။ သို့ရာတွင် သင်တို့​၏​ကောင်းကင်ဘုံရှင်​အဖ​သည် ထို​အရာများ​ကို သင်တို့​လိုအပ်ကြောင်း သိမြင်တော်မူ၏။ 31ဘုရားသခင်​၏​နိုင်ငံတော်​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။
32အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။
33သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။ 34အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ဘဏ္ဍာ​ရှိသော​နေရာ​သို့ သင်တို့​စိတ်နှလုံး ရောက်တတ်​သောကြောင့်​ဖြစ်၏။
ဘုရားသခင်​၏​ကြွလာခြင်း​အတွက် အဆင်သင့်​ဖြစ်စေခြင်း
35ခါးပတ်​ကို ပတ်​လျက် ဆီမီးခွက်​ကိုလည်း အသင့်​ထွန်းညှိထားလော့။ 36မိမိ​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ ပြန်လာ​၍ တံခါးခေါက်​လျှင် ချက်ချင်း​ဖွင့်ပေး​နိုင်ရန် အသင့်​စောင့်နေသော အစေခံ​ကဲ့သို့ ဖြစ်ကြလော့။ 37ထိုသို့ သခင်​၏​အိမ်​အပြန်​ကို အသင့်​စောင့်နေကြသော​အစေခံ​တို့​သည် မင်္ဂလာ​ရှိကြ၏။ ငါ​အမှန်​ဆိုရ​လျှင် ထို​သခင်​သည် အစေခံများ​အား ထိုင်စေ​၍ ခါးစည်း​ကို ဝတ်​လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေး​လိမ့်မည်။ 38သခင်​သည် သန်းခေါင်ယံ​အချိန်​၌​ဖြစ်စေ၊ မိုးမလင်းမီ​အချိန်#12:38 မူရင်း​ဂရိကျမ်း​တွင် “နှစ်ချက်တီး၊ သို့မဟုတ် သုံးချက်တီး” ဟု ပါရှိသည်။​၌​ဖြစ်စေ ပြန်လာ​သောအခါ အသင့်​စောင့်နေကြသော​အစေခံ​တို့​သည် မင်္ဂလာ​ရှိကြ၏။
39အိမ်ရှင်​သည် သူခိုး​လာမည့်​အချိန်​ကို သိ​လျှင် သူ​၏​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြုမည်​မဟုတ်ကြောင်း သိမှတ်ကြလော့။ 40သင်တို့​လည်း အသင့်​ရှိစေကြလော့။ လူသား​သည် မမျှော်လင့်သော​အချိန်​တွင် ကြွလာမည်” ဟု မိန့်တော်မူ၏။
41ပေတရု​ကလည်း “သခင်… ဤ​ဥပမာ​သည် ကျွန်ုပ်တို့​အတွက် မိန့်တော်မူသလော။ ဤ​လူ​အားလုံး​အတွက် မိန့်တော်မူသလော” ဟု မေးလျှောက်လေ၏။
42ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။ 43သခင်​သည် ပြန်လာ​သောအခါ ထိုသို့ အလုပ်​လုပ်နေသော အစေခံ​ကို တွေ့မြင်​လျှင် ထို​အစေခံ​သည် မင်္ဂလာရှိ၏ 44သင်တို့​အား ငါ​အမှန်​ဆို၏။ သခင်​သည် ထို​အစေခံ​အား စည်းစိမ်ဥစ္စာ​ရှိသမျှ​ကို စီမံကွပ်ကဲ​ရန် ခန့်အပ်​လိမ့်မည်။ 45သို့သော် ထို​အစေခံ​က ‘ငါ​၏​သခင်​သည် အိမ်ပြန်​နောက်ကျ​လိမ့်မည်’ ဟု စိတ်​တွင်​ထင်မှတ်​၍ အခြားသော​အစေခံ​ယောက်ျား၊ အစေခံ​မိန်းမတို့​အား ရိုက်နှက်​ကာ သောက်စားမူးယစ်​လျက်​နေလျှင် 46သူ​၏​သခင်​သည် သူ​မမျှော်လင့်သော​အချိန်​နှင့် သူ​မသိသော​နေ့ရက်​တွင် ရောက်လာ​လိမ့်မည်။ ထိုအခါ သူ့​အား ပြင်းထန်​စွာ ပြစ်ဒဏ်ပေး#12:46 မူရင်း​ဂရိကျမ်း​တွင် “အပိုင်း​ပိုင်းဖြတ်၏” ဟု ဖော်ပြထားသည်။​၍ သစ္စာဖောက်သူတို့​နှင့်အတူ နေရာချထား​လိမ့်မည်။
47မိမိ​သခင်​၏​အလို​ကို သိ​လျက် သခင်​အလို​ရှိသော​အရာ​ကို အသင့်​မပြင်ဆင်သော အစေခံ​သည် ရိုက်နှက်ခြင်း​ကို ပြင်းစွာ​ခံရ​လိမ့်မည်။ 48သို့သော် မိမိ​သခင်​၏​အလို​ကို မသိဘဲ ရိုက်နှက်ခြင်း​ဒဏ်​နှင့်​ခံထိုက်သော​အမှု​ကို ကျူးလွန်မိသော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်ခြင်း​ခံရ​လိမ့်မည်။ များစွာ​ရရှိထားသော​သူ​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံခံရသော သူ​ထံမှ ပို​၍ တောင်း​လိမ့်မည်။
ကွဲပြားစေတော်မူခြင်း
49ဤ​ကမ္ဘာ​မြေကြီး​သို့ မီး​ကျ​စေရန် ငါ​လာ၏။ ယခု မီး​လောင်ကျွမ်းပြီးသား​ဖြစ်​ရန်​ပင် ငါ​အလိုရှိလှ၏။ 50ငါ​ခံရမည့် နှစ်ခြင်းမင်္ဂလာ​တစ်ပါး​ရှိ၏။ ထို​နှစ်ခြင်းမင်္ဂလာ​ကို မခံမီ​အထိ ငါ​သည် အလွန်​စိတ်ဖိစီးလှ၏။ 51ဤ​လောက​သို့ ငြိမ်းချမ်းခြင်း​ကို ယူဆောင်လာ​ရန် ငါ​လာသည်​ဟု သင်တို့​ထင်ကြသလော။ မဟုတ်ပါ။ သင်တို့​အား ငါ​ပြောမည်။ ငါ​သည် ကွဲပြား​စေရန်​လာ၏။ 52ယခု​မှစ၍ ငါးဦး​ရှိသော​အိမ်ထောင်​တစ်စု​တွင် သုံးဦး​သည် နှစ်ဦး​ကို​လည်းကောင်း၊ နှစ်ဦး​သည် သုံးဦး​ကို​လည်းကောင်း ဆန့်ကျင်​၍ ကွဲပြားကြ​လိမ့်မည်။
53ထို​အိမ်ထောင်​တွင် ဖခင်​သည် သား​ကို​လည်းကောင်း၊
သား​သည် ဖခင်​ကို​လည်းကောင်း၊
မိခင်​သည် သမီး​ကို​လည်းကောင်း၊
သမီး​သည် မိခင်​ကို​လည်းကောင်း၊
ယောက္ခမ​သည် ချွေးမ​ကို​လည်းကောင်း၊
ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း
အချင်းချင်း​ဆန့်ကျင်ကြ​လိမ့်မည်”
ဟု မိန့်တော်မူ၏။
54ယေရှု​က ပရိသတ်တို့​အား “အနောက်ဘက်​တွင် မိုးတိမ်​တက်လာသည်​ကို သင်တို့​မြင်​သောအခါ ‘မိုးရွာတော့မည်’ ဟု ချက်ချင်း ပြောဆိုတတ်ကြ၏။ သင်တို့ ပြောဆိုသည့်​အတိုင်း​လည်း မိုးရွာတတ်၏။ 55တောင်လေ​တိုက်လာ​သောအခါ သင်တို့​က ‘ပူအိုက်​တော့မည်’ ဟု ပြောဆိုတတ်ကြ၏။ သင်တို့​ပြောဆိုသည့်​အတိုင်း​လည်း ပူအိုက်တတ်၏။ 56သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် ကောင်းကင်​နှင့် မြေကြီး​ကို ကြည့်​၍ မိုးလေဝသ​အခြေအနေ​ကို ပိုင်းခြား​သိမြင်နိုင်ကြ၏။ သို့သော်လည်း ယခု​ကာလ​ကို အဘယ်ကြောင့် မပိုင်းခြားနိုင်ကြသနည်း။
57သင်တို့​သည် မှန်ကန်သော​အရာ​ကို အဘယ်ကြောင့် ကိုယ်တိုင်​မဆုံးဖြတ်နိုင်ကြ​သနည်း။ 58သင်​သည် တရားလို​နှင့်အတူ တရားသူကြီး​ထံသို့ သွား​သောအခါ လမ်း​၌​အမှု​ကျေအေး​စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်​လျှင် သူ​သည် သင့်​ကို တရားသူကြီး​ရှေ့​သို့ ဆွဲခေါ်သွား​လိမ့်မည်။ ထိုမှ​တစ်ဖန် တရားသူကြီး​သည်လည်း အရာရှိ​ထံသို့ အပ်​ကာ ထို​အရာရှိ​သည် သင့်​ကို ထောင်ချ​လိမ့်မည်။ 59ထိုသို့​ဖြစ်လျှင် သင်​ဆပ်ရမည့်​ငွေ#12:59 မူရင်း​ဂရိကျမ်း​တွင် “လက်(ပ်)တို့စ်” ဟူသော စကားလုံး​မှ လာပြီး ရှေးခေတ်​ဂရိလူမျိုးများ သုံးသည့် အသေးငယ်ဆုံး​ကြေးဒင်္ဂါးပြား​ကို ဆိုလိုသည်။​ကို အကုန်အစင်​မဆပ်​သရွေ့ ထောင်​မှ လုံးဝ​လွတ်နိုင်မည်​မဟုတ်” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 12: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ