၂၁ ရက်တာအစာရှောင်ခြင်းနမူနာ
ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဤစကားတော်ကို သင်နားလည်နိုင်ပါက တောင်ပေါ်ဒေသနာတော် သို့မဟုတ် မင်္ဂလာရှိသူများဟု ခေါ်ဆိုသော ဤကျမ်းပိုဒ်ကို အချိန်ယူဆင်ခြင်ပါ။ သင်ခံစားရသောကောင်းချီးမင်္ဂလာများကို ယနေ့ မှတ်သားရေတွက်ပါ။ တစ်နေ့တာ မှတ်တမ်းစာစောင်ထား၍ စိတ်ထဲတွင်ဘုရားသခင်ဖော်ပြသောကောင်းချီးများကို ချရေးထားပါ။ အခက်အခဲများနှင့် စုံစမ်းခြင်းတို့ကဖြစ်ပေါ်စေခဲ့သော ကောင်းချီးမင်္ဂလာများအတွက်ပါ ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.