၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

ယနေ့ဖတ်စရာခေါင်းစဉ်မှာ 'ဘုရားသခင်၌ မကြောက်မရွံ့ ယုံကြည်ကိုးစားခြင်း' ဖြစ်သည်။ တစ်ခုတည်းသောအရာကို တောင်းလျှောက်ခြင်း အကြောင်းကို ပြောထားပါသည်။ ရှာဖွေတောင်းလျှောက်ချိန်တွင် ဘုရားသခင်ကိုယ်တော်တိုင်ထက် ဘုရားသခင်ထံမှတစ်စုံတစ်ခုကိုရရှိရန် ရှာဖွေတောင်းလျှောက်တတ်သည်။ ၎င်းမှာ ဘုရားသခင်၏မျက်နှာတော်ကို ရှာဖွေခြင်းမဟုတ်ဘဲ လက်တော်မှတစ်ခုခုကို ရယူရန်သာ ရှာဖွေခြင်းဖြစ်သည်။ ရှင်ဘုရင်၏လက်တော်ကိုနမ်းရန် ချဉ်းကပ်ခြင်းနှင့် မေတ္တာထားသောဖခင်ကို နမ်းရန်ချဉ်းကပ်ခြင်းတို့၏ကွာခြားမှုကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်သည့်နည်းတူ ဖခမည်းတော်လည်းဖြစ်သည်။ ကိုယ်တော်သည် သင်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး သင်၏ဆုတောင်းချက်များကို ပြည့်စုံစေနိုင်ပါသည်။ သို့သော် ကိုယ်တော်သည် သင်သိထားသည်ထက်ပို၍ နက်ရှိုင်းစွာ သင့်ကို ချစ်တော်မူသည်။ ကိုယ်တော်၏မျက်နှာတော်ကိုရှာဖွေသောအခါ ကိုယ်တော်နှင့်အလွန်တရာနီးကပ်သောအနေအထားသို့ရောက်ရှိသွားသည်။ ဘုရားသခင်၏မျက်နှာတော်ကို ရှာဖွေနိုင်ရန်နှင့် အရင်ထက် ကိုယ်တော်နှင့်သာ၍နီးစေရန် ယနေ့ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.