၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

သင်၏စိတ်နှလုံးကိုသာ ဆုတ်ဖြဲပါ။ ငိုကြွေးလျက် ဝမ်းနည်းပူဆွေးလျက် စိတ်နှလုံးကို ကျယ်စွာဆုတ်ဖြဲလျက် ဖွင့်ထားကာ သင့်အသက်တာဥယျာဉ်တစ်ခွင်လုံးအနှံ့ ဘုရားသခင်အတူရှိနေခြင်း၊ တန်ခိုးတော်လွှမ်းမိုးခြင်းတို့ရှိစေ၍ နောက်ဆုံးတိုင်အောင် ကြိုးစားလုပ်ဆောင်ပါ။ ကိုယ်တော်၏ထာဝရမေတ္တာ၊ ကရုဏာ၊ အကြင်နာတော်မူခြင်းရှေ့မှောက်၌ သင့်စိတ်နှလုံးဟင်းလင်းဖွင့်ထားသည်ကို ဘုရားသခင်အား ယနေ့ လျှောက်ဆိုပါ။ ကိုယ်တော်၏ ရှေ့သို့ချီလျက်နေသောဗိုလ်ခြေ၌ပါဝင်နိုင်ဖို့ ရဲစွမ်းသတ္တိပေးတော်မူရန် တောင်းခံပါ။ အိပ်မက်များ၊ ရူပါရုံများ မြင်နိုင်ဖို့ မျက်စိဖွင့်ပေးတော်မူပါရန် တောင်းခံပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.