၂၁ ရက်တာအစာရှောင်ခြင်းနမူနာ
အစာဆက်ရှောင်ရန် သို့တည်းမဟုတ် ပုံမှန်အစာရှောင်သည့်အလေ့အထသစ်များကို စတင်ရန် စိတ်ကူးနေပါသလား။ ဤအခန်းတွင် အစာရှောင်သည့်အလေ့အထကို ဆက်၍ထိန်းသိမ်းသင့်မသင့် စိတ်ဒွိဟဖြစ်နေသည့်လူတို့ကို ဇာခရိအားဖြင့် ဘုရားသခင်အဖြေပေးခဲ့ပါသည်။ မောရှေခေတ်ကတည်းကပင် ဘုရားသခင်သည် အစာရှောင်ချိန်၊ ပွဲတော်ဆင်နွှဲချိန်တို့ကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ နှစ်ခုလုံးက ကိုယ်တော်၏လူမျိုးတော်ကို အထံတော်ပါးသို့ချဉ်းကပ်စေရန် စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်ထံတော်ပါးသို့ နေ့တိုင်းချဉ်းကပ်ခြင်းက သင့်ပန်းတိုင်ဖြစ်လျှင် အစာရှောင်ချိန်၊ စားပွဲဆင်နွှဲချိန် နှစ်ချိန်လုံးသည် ဘုရားသခင်အဖို့ သန့်ရှင်းပါသည်။ သင်၏အစာရှောင်ခြင်းအတွေ့အကြုံနှင့်ပတ်သက်၍ သင့်အား ဘုရားသခင်မည်သို့ပြောဆိုနေသည်ကို သိရှိနိုင်ရန် အချိန်ယူပါ။ အစာရှောင်ခြင်းကြောင့် သင့်စိတ်နှလုံးပျော့ပျောင်းသွားပုံ၊ တစ်ပါးသူတို့ကို ယခင်နှင့်မတူ၊ ခြားနားသောဆက်ဆံရေးမျိုးဖြင့်ပေါင်းသင်းဆက်ဆံလိုစိတ်စိုးမိုးလာပုံတို့ကို ဆင်ခြင်နိုင်ဖို့ ကူညီမစရန် ဘုရားသခင်ထံဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.