၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

အစာရှောင်ခြင်း၏ဒုတိယအပတ်သို့ သင်ဝင်ရောက်လာပါပြီ။ ဤဆာလံသည် သင်၏စိတ်နှလုံးနှင့်တကွ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ဖြင့် ဘုရားသခင်၏မျက်မှောက်တော်သို့ တိုးဝင်ခြင်းအကြောင်းကိုဖော်ပြထားသည်။ သင်ရင်ဆိုင်နေရသော ရုပ်ပိုင်းဆိုင်ရာအခက်အခဲများအပေါ် သင့်အာရုံရောက်နေခဲ့လျှင်လည်းကောင်း၊ ဆုတောင်းခြင်းတွင် သင်၏ဝန်ထုပ်ဝန်ပိုးများကို ဘုရားသခင်ထံသာ ပုံအပ်နေခဲ့လျှင်လည်းကောင်း ဤနေ့ကို သခင်ဘုရား၌ဝမ်းမြောက်လျက် ကုန်ဆုံးစေပါ။ ယနေ့ သင့်ကိုဝမ်းမြောက်စေသောအရာတို့ကို ရေးထားပါ။ ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းကို ကိုယ်တော်ထံ သီဆိုပါ။ သင်သည် အရေးတကြီးတက်လှမ်းနိုင်ဖို့ ဘုရားသခင်သည် သင့်ကိုလှုံဆော်ပေးရန်နှင့် ဘုရားသခင့်တံခါးတို့၏ဟိုတစ်ဘက်တွင် သင့်အတွက် ကိုယ်တော်ပြင်ဆင်ထားသည့်အရာကို သင်မြင်နိုင်ရန် ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.