၂၁ ရက်တာအစာရှောင်ခြင်းနမူနာ
ခွဲသည်၊ သွန်းလောင်းသည်။ ဤစကားလုံးတို့ကို အမျိုးသမီးတစ်ဦး၏အဖြစ်နှင့် နောက်ဆုံးသောညစာစားပွဲအဖြစ်နှစ်ခုလုံးတွင် တွေ့ရပါသည်။ ဤ ၂၁ ရက်တာအတွင်း ယေရှုကိုအောက်မေ့ဖို့ရန် မုန့်နှင့်စပျစ်ဝိုင်ကို သင်ရွေးဖို့ရာမဖြစ်နိုင်သော်လည်း ထိုအမျိုးသမီးလုပ်သကဲ့သို့လုပ်ပါ။ ယေရှုလုပ်သကဲ့သို့လုပ်ပါ။ သင့်အတွက် ကိုယ်တော်ပြုတော်မူခဲ့သည့်အရာကို အောက်မေ့သတိရလျက် ချိုးဖဲ့ခွဲသောအသက်တာ၊ သွန်းလောင်းသောအသက်တာဖြင့် အသက်ရှင်ပါ။ သင့်အသက်တာကို ခရစ်တော်အတွက် အသက်ရှင်သောအောက်မေ့သတိရဖွယ်ဖြစ်စေရန် မည်သို့ပြုနိုင်မည်နည်း။ သင့်အသက်တာတွင် ထိုဆီမွေးဘူးကဲ့သို့ချိုးဖဲ့ခွဲရန်နှင့် သွန်းလောင်းရန်လိုအပ်သောအပိုင်းများကို ဖော်ပြပေးတော်မူရန် ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.