၂၁ ရက်တာအစာရှောင်ခြင်းနမူနာ
ဤသတင်းစကားမှာ အစာရှောင်ကြသော်လည်း ဘုရားသခင်ကမတုံ့ပြန်သောကြောင့် မချင့်မရဲဖြစ်နေသောလူမျိုးတော်သို့ ဘုရားသခင်ထံမှ ရောက်လာသောသတင်းစကားဖြစ်သည်။ အစာရှောင်ခြင်းကို ကိုယ်လိုချင်သည့်အရာကို ဘုရားသခင်လုပ်ပေးစေရန် အစာငတ်ခံဆန္ဒပြခြင်းနှင့် အလွယ်တကူရောထွေးမြင်တတ်သည်။ သို့သော် ဤအခန်းကြီးတွင် ဘုရားသခင်အလိုရှိသောအရာကို ဖော်ပြထားသည်။ သင်ကြုံတွေ့ရသောဆာလောင်ခြင်း၊ မသက်မသာဖြစ်ခြင်းတို့ကို ဘုရားသခင်သည်အသုံးပြု၍ ဤလောကရှိ လမ်းမှားသောသူများ၊ ချို့တဲ့သောသူများအပေါ်ရှိသော သင်၏အမြင်ကို အမြဲတဆေပြောင်းလဲပေးရန် ဆုတောင်းပါ။ သင့်အထဲရှိ 'သင်' ဟူသောအရာအားလုံးကို ရှင်းထုတ်ပစ်၍ 'ကိုယ်တော်' ဟူသောအရာအားလုံးနှင့် ပြည့်စေရန် ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.