၂၁ ရက်တာအစာရှောင်ခြင်းနမူနာ
ဤအချိန်မှာ သင့်ကိုယ်ခန္ဓာကို အသက်ရှင်သောယဇ်အဖြစ် ဘုရားသခင်ထံမည်သို့ပူဇော်နိုင်မည်ကို စူးစမ်းရှာဖွေရန် ကောင်းမွန်သောအချိန်ဖြစ်သည်။ ဤကျမ်းပိုဒ်တို့သည် ထိုစိန်ခေါ်မှုနှင့်အစပြုထားပြီး ယင်းအတွက် နည်းလမ်းများစွာကို ဖော်ပြပေးထားပါသည်။ နည်းလမ်းသစ်များဖြင့် မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ရန် အစာရှောင်ခြင်းက သင့်ကို မည်သို့အထာက်အကူပြုသနည်း။ ဤဆက်ကပ်ပူဇော်နှင့်ဝတ်ပြုကိုးကွယ်ခြင်းအချိန်အတောအတွင်း ကိုယ်တော်၏အလိုတော်ကို ဆက်လက်ဖော်ပြပါရန် ယနေ့ ဘုရားသခင်ထံဆုတောင်း၍တောင်းခံပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.