ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

ရူပါရုံထားပါ...👀 (အလေ့အကျင့် နံပါတ်-၁)
နှစ်ရဲ့ ပထမဆုံးနေ့ဟာ ပထမဆုံး ကျောင်းတက်တဲ့နေ့နဲ့ နည်းနည်းတူပါတယ်။ ဆရာက လုပ်ခိုင်းတာမှန်သမျှကို အားတတ်သယောလုပ်ဖို့ အားလုံးက အဆင်သင့်ဖြစ်နေကြတယ်။ ဝိညာဥ်ရေးရာရော အခြားကဏ္ဍတွေမှာရော ဆုံးဖြတ်ချက် အသစ်တွေချကြတယ်။ ခရစ္စမတ်သစ်ပင်အောက်မှာ ရက်ပိုင်းကမှရခဲ့တဲ့ လက်ဆောင်တွေတန်းစီချထားတဲ့ ပုံနဲ့တောင်တူနေပါတယ်။ ဥပမာ တစ်ပတ် သုံးကြိမ်လေ့ကျင့်ခန်းလုပ်မယ်၊ အစားအစာကို အဟာရမျှမျှတတစားမယ်၊ စွဲလန်းတာတွေကို ဖြတ်ပစ်မယ်၊ မကောင်းတဲ့စိတ်သဘောတွေ ပြောင်းလဲပစ်မယ် စသသည်ဖြင့် ဆုံးဖြတ်ချက်ချကြပါတယ်။
“ဒါပေမဲ့”... ဟုတ်ပါတယ် ဒါပေမဲ့ဆိုတာရှိတာတယ်။ ဆုံးဖြတ်ချက်တွေချတာကောင်းပါတယ် ဒါပေမဲ့ ဇွဲရှိရှိလုပ်ဆောင်သွားနိုင်တာ ပိုကောင်းကြောင်း ထောက်ပြလိုပါတယ်။ 😊 ဒါကြောင့် အလေ့အကျင့်ဖြစ်သွားတာဟာ ဆုံးဖြတ်ချက်တွေချရေးတာထက် အလွန်အစွမ်းထက်လှပါတယ်။ ကျွန်တော်တို့အသက်တာကို ဘယ်လိုရှင်သန်နေကြသလဲဆိုတာကို အကဲဖြတ်ပေးနိုင်တဲ့ နေ့စဥ်ဇယားလေးတွေ ရေးဆွဲထားတဲ့ပုံစံကို တီထွင်ထားတာတွေလည်း ရှိပါတယ်။
ဒါကြောင့် အလေ့အကျင့်ကောင်းတွေကို ဆောက်တည်နိုင်တာက ဆုံးဖြတ်ချက်ကောင်းတွေ အထမြောက်စေဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်တွေ့အနေနဲ့“နေ့စဥ်နိမိတ်လက္ခဏာ” ဆိုတဲ့နေ့စဥ်ခွန်အားဆောင်းပါးကို ရေရှည်နေ့စဥ် ရေးသားမယ်ဆိုတဲ့ ကောင်းတဲ့အလေ့အကျင့်ကို လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အရေးကြီးတဲ့ မြှုပ်နှံမှုတစ်ခုဖြစ်တယ်။ အခုဆိုရင် နေ့စဥ်ခွန်အားဆောင်းပါးတွေကို နေ့တိုင်းအီးမေးလ်ပို့နိုင်တာ ရက်ပေါင်း ၇၇၆ ရက်ရှိနေပြီ။ ကျွန်တော့အဖွဲ့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေလည်းရခဲ့လို့ပေါ့ (အရောက်တိုင်းကို နှလုံးသားထဲက ကျေးဇူးတင်ပါတယ်)။
ကျွန်တော့ကိုအားတက်စေတဲ့အရာကတော့ ဖတ်ရှုသူတွေရဲ့အသက်တာတွေမှ ကောင်းတဲ့အသီးတွေ သီးလာတာတွေ့ရလို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သက်သေခံချက်တွေကို ကျွန်တော် ဖတ်ရတဲ့အခါမှာ ဆက်လက်လုပ်ဆောင်သွားဖို့ ခွန်အားတွေဖြစ်လာတယ်။ 💪 ဒါကြောင့်ကျွန်တော်ဟာ သင်စိတ်ဝင်စားမဲ့ အရာတွေကို ဗွီဒီယိုတွေ စာအုပ်တွေရှာဖွေဖတ်ရှုပြီး စာတွေရေးတယ်။ လုပ်ဆောင်ရခြင်းရဲ့ အချုပ်ကတော့ လူတွေအသက်တာပြောင်လဲခြင်း နဲ့ အသက်ရှင်ပုံပြောင်းလဲခြင်းတွေ ရရှိဖို့ ကျွန်တော် ရူပါရုံကိုထားရှိထားလို့ပါ။ ဟဗက္ကုတ် ၂း၂ မှာရေးထားတဲ့ “ထာဝရဘုရားကလည်း၊ ဖတ်သောသူသည် ပြေးလျက် ဖတ်နိုင်အောင်၊ ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။” ဆိုတဲ့အတိုင်းဖြစ်ဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် အလေ့အကျင့် နံပါတ်-၁ ဖြစ်တဲ့ “ရူပါရုံကို မျက်မှောက်ပြုခြင်း” ကို တည်ဆောက်ရမယ်။
လုပ်ဆောင်မဲ့ ဆုံးဖြတ်ချက်တွေကို ရေးချပြီးရင် ပုံမှန်ပြန်ဖတ်ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ ခရီးအတူနှင်နေသူတွေပါ။ မိတ်ဆွေ အောင်မြင်တဲ့ ခရစ်ယာန်အသက်တာရရှိဖို့ ကျွန်တော် လေးလေးနက်နက် ဆန္ဒရှိပါတယ်။
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

God Selected You

Hustle and Pray: Work Hard. Stay Surrendered. Let God Lead.

A Legacy of Faithful Motherhood

The Bible in Six Acts: The Jesus Bible Study Series

Two-Year Chronological Bible Reading Plan (First Year-February)

Sukkah: Living in Joy

God's Child

Father’s Love: 30 Days of Discovering God as Father

Why Read the Bible? 30 Reasons Jesus Did
