ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

နားထောင်တတ်တဲ့ပုံစံကို ပြန်သင်ယူပါ (အလေ့အကျင့် နံပါတ်-၂)
မနက်တိုင်း ပထမဆုံး သင်ရရှိတဲ့ notification (သတိပေးချက်) ကဘာလဲ?ဘုရားသခင့် ဝိညာဥ်တော်ရဲ့ ချိုသာတဲ့ အသံလား? ဒါမှမဟုတ်ရင် Message မက်စေ့ချ်ဝင်နေကြောင်းသိစေဖို့ သင့်ဖုန်းရဲ့ တုန်ခါသံလား? မက်စိန်ဂျာလား၊ အလုပ်က အီးမေးလ် ဝင်တာလား?
“နေ့စဥ်နိမိတ်လက္ခဏာ” ဆိုတဲ့နေ့စဥ်ခွန်အားဆောင်းပါးကို ဖတ်လေ့ရှိသူတစ်ယောက်က ကျွန်တော့်ကို စာရေးပို့တဲ့အရာတစ်ခုဟာ ကျွန်တော့်အာရုံကိုဖမ်းယူလိုက်ခဲ့တယ် - “ငါ့ရဲ့ အကြီးမားဆုံး စိတ်ပျက်စရာကြီးဟာ ဘုရားသခင်နဲ့ အချိန်ယူဖို့ စည်းကမ်းမကြပ်မတ်နိုင်တာ မဟုတ်ဘူး။ အသက်တာနွေးရုံသာဖြစ်နေပြီး ယေရှုဘုရားကိုချစ်တဲ့ ရှေးဦးမေတ္တာကို အခိုးခံလိုက်တာပါပဲ။” လို့ရေးပို့ခဲ့တယ်။
ဒီအရာဟာ အရောက်တိုင်းမှာ ဖြစ်နိုင်တယ် ...ဘုရားသခင်နဲ့ အချိန်မယူခင် ဒလဟောစီးလာတဲ့ နေ့စဥ်လုပ်ရမဲ့အရာတွေရဲ့ တိုက်စားသွားတာကို ခံလိုက်ရတာပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဆက်ဖြစ်နေဦးမယ်ဆိုရင် အပေါ်ကစာပေးပို့သူပြောတဲ့ “ရှေးဦးမေတ္တာ ပျောက်ပြယ်သွားခြင်း” ဆိုတာမျိုးဖြစ်လာပါလိမ့်မယ်။
ဆက်ဆံရေး တိုးတက်စေချင်ရင်၊ အဲဒီဆက်ဆံရေးကို ဂရုစိုက်ရတယ်၊ “ဆက်ဆံရေးမြေ” ကိုပြုစုပျိုးထောင်ရတယ် - အိမ်ထောင်ပြုခြင်းမှာလည်း ဒီပုံစံအတိုင်း - အခြားဆက်ဆံရေးတွေမှာလည်း ဒီပုံစံအတိုင်း လုပ်ဆောင်ရပါတယ်။ နေ့တိုင်း ပြုစုရတယ်၊ ဦးစားပေးရတယ်။ ဒါကြောင့် သင့်ရဲ့ အာရုံကို ပထမဆုံးရရှိမဲ့ သတိပေးတဲ့ notification က ဘုရားသခင်ဆီက ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။
ပရောဖက်ဟေရှာယ က “ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။ (ဟေရှာယ ၁၀း၄)”လို့ပြောခဲ့တယ်။
ဘုရားသခင်က သင်နဲ့အချိန်ယူဖို့ နေ့စဥ် မနက်တိုင်းစောင့်နေတယ်။ ဒီအချိန်ဟာ ဖခင်ကနေ သူ့ရဲ့သားသမီးဖြစ်တဲ့ သင့်ကို အထူးအခွင့်ရေးပေးတဲ့အချိန်ဖြစ်တယ်။
ဥပမာ - ယေရှုဘုရားနဲ့ သူ့ရဲ့နှုတ်ကပတ်တော်ကို အာရုံစိုက်လာစေမဲ့ Bible App လိုမျိုး app တစ်ခုကို download ဆွဲထားလိုက်ပါလား။ ဒါဆိုရင် နေ့ရဲ့ ပထမဆုံး ၁၀မိနစ်ကို ကောင်းကင်အဖအတွက် ဆက်ကပ်လာနိုင်လိမ့်မယ်။
ဒါဆိုအခု၊ အလေ့အကျင့် နံပါတ်-၂ ကတော့ “နေ့ရဲ့ ပထမဆုံး (၁၀)မိနစ်ကို ဘုရားသခင်အားဆက်ကပ်ခြင်း” ဖြစ်ပါတယ်။
တစ်ရက်ပြီးတစ်ရက် ဘုရားသခင်နဲ့အတူ တိုးတက်လုပ်ဆောင်သွားရင်း (၁၀)မိနစ်ကနေ (၁၅)မိနစ်၊ (၂၀)မိနစ် တွေအထိ ဆက်ကပ်လာနိုင်လိမ့်မယ်။ အချိန်နည်းနည်းနဲ့ အစပြုခြင်းဟာ လုံးဝအချိန်မပေးတာထက် ပိုကောင်းပါတယ်။ သန့်ရှင်းသောဝိညာဥ်တော်ဘုရားဟာ သင့်ကို လုပ်ဆောင်နိုင်ရန် ခွန်အားပေးပါလိမ့်မယ်။ ဇွဲမလျော့ပဲ ဆက်လက်ကြိုးစားလုပ်ဆောင်သွားရင်း ဝိညာဥ်တော်ဘုရားက သွန်သင်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီကျမ်းပိုဒ်လေးက ပြောထားတာကို ဆင်ခြင်စေခြင်တယ် “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။ (ယော ၁၄း၂၆)”
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

Rest in the Storm

Made New: A 15–Day Devotional on Colossians 3 With Jada Edwards

Understanding the Original Context of the Lord’s Prayer

Stories Jesus Told Pt.1

Who Does God Use?

Protocols, Postures and Power of Thanksgiving

Why Not You: Believing What God Believes About You

Pump It Up! Live Elated, Not Deflated Through Disappointing Days

GOD, ME & MY TEENS!
