ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုSample

ဒါက စိတ်ဝိညာဥ်အတွက် လေ့ကျင့်ခန်း (အလေ့အကျင့် နံပါတ်-၅)
ကာယလေ့ကျင့်ခန်းလုပ်တာ သိပ်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုရားသခင်ဖန်ဆင်းထားတဲ့ အံ့မခန်းဇီဝကိုယ်ခန္ဓာကြီးကို မျှတတဲ့ ကူညီထိန်းသိမ်းမှုတွေ လုပ်ဆောင်ပေးတဲ့အတွက် ကောင်းတဲ့ အလေ့အကျင့်ဖြစ်တယ်။ ကျွန်တော်လည်း အိပ်ထမတင်၊ လမ်းလျှောက်၊ ရေကူး စတဲ့ ပုံမှန်ကာယလေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ကြည့်တယ်။
ဘာ ကာယလေ့ကျင့်ခန်းတွေပဲ လုပ်နေလုပ်နေ၊ အဲဒီလေ့ကျင့်ခန်းတွေလိုပဲ အလွန်အရေးကြီးတဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုရှိတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို သိသာထင်ရှားစွာ ကျန်းမာခြင်းပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့ ... ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေကို ရေတွက်ခြင်းပဲ ဖြစ်တယ်။
ဆာလံ ၁၀၃း၂ မှာ “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။” လို့ ပြောဆိုတတ်ဖို့ သွန်သင်ထားတယ်။ နောက်ထပ် ဘာသာပြန်ကျမ်း တစ်ခုကဆိုရင် “ငါ၏ဖြစ်ခြင်းအားလုံးတို့ ဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်ပြုသော ကောင်းသောအမှုများကို အဘယ်သောအခါမျှ ကျွန်ုပ်မမေ့ပါစေနှင့်။”လို့ ဆိုထားပါတယ်။
ဘာဖြစ်လို့ ဒီလိုပြောထားတာလဲ? ဘုရားသခင်ပြုခဲ့တဲ့ အမှုတွေကို မမေ့လျော့ပဲ သူ့ကို ပုံမှန်ချီးမွမ်းနေနိုင်ခြင်းဟာ ကျွန်တော်တို့ကို ကျေးဇူးတင်တတ်တဲ့ သဘောနဲ့ အမြဲပြည့်စုံနေစေပြီး နှိမ့်ချခြင်း၊ ကျေးဇူးသိတတ်ခြင်းတွေ အမြဲရှိနေစေပါတယ်။ ဒီအရာတွေက ဘုရားနဲ့နီးစေတယ်။
ဒါကြောင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေကို ရေတွက်ခြင်း အလေ့အကျင့်က သင့်အတွက်သိပ်ကောင်းတယ်။ ဒါဟာ မနက်တိုင်း သင် လေ့ကျင့်ရမဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ ကောင်းပါတယ်။
အလေ့အကျင် နံပါတ်-၅ က “ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေကို နေ့စဥ်ရေတွက်ခြင်း” ဖြစ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့ စိတ်နှလုံးသားကိုပြုစုခြင်းဟာ ခါးသည်းခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကနေ ကာကွယ်ပေးလိမ့်မယ်။ ဘုရားသခင်ကို နေ့စဥ် ကျေးဇူးတင်ပါ။ ကျွန်တော်နဲ့ အခုပဲ အတူကျေးဇူးတင်ကြရအောင်။
“ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးမတင်ပဲ ဘယ်လိုလုပ် နေနိုင်ပါမလဲ? မနက်တိုင်း အသက်သစ်နဲ့ ပြည့်စုံစေတာ ကိုယ်တော်ပဲ။ ပြီးခဲ့တဲ့အချိန်၊ အခုလက်ရှိအချိန် နဲ့ နောက်လာမဲ့အချိန်တိုင်းမှာ ကိုယ်တော်ပြင်ဆင်ပေးတဲ့ မြင်ရတဲ့အရာ မမြင်ရတဲ့ရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ် ကိုယ်တော်။ ကိုယ်တော်ရဲ့ သစ္စာတော်အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ကို ကူညီမစဖို့ ကိုယ်တော် ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။ သိပ်ချစ်တယ် ယေရှုဘုရား။ ကိုယ်တော်ရဲ့ နာမတော်မြတ်၌၊ အာမင်”
ကျေးဇူးတင်ပါတယ်။
Eric Célérier
Scripture
About this Plan

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။
More
Related Plans

Provision

Acts 20 | Encouragement in Goodbyes

How to Find Jesus for Yourself

When God Is Silent: Finding Faith in the Waiting

The Spiritual Significance of KEYS in the Bible

Relentless Love: Reflections on the Book of Jonah

Time

Wisdom: A Weapon of War

Spiritual Training: The Discipline of Fasting and Solitude
