ထို့ပြင် နေ၊ လ၊ ကြယ်တို့၌ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မည်။ မြေကြီးပေါ်တွင်လည်း လူမျိုးတို့သည် ပင်လယ်လှိုင်းတံပိုးမြည်သံကြောင့် သောကရောက်၍ တုန်လှုပ်ချောက်ချားကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင်ကျရောက်လာမည့် ဘေးများကို လူတို့သည် ကြိုမြင်လျက် ကြောက်ရွံ့၍ သတိလစ်မေ့မြောကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။