ကမ္ဘာဦးကျမ်း 10
10
လူမျိုးတို့၏စာရင်း
1နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။ 2ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။ 3ဂေါမာ၏သားများမှာ အာရှကေနတ်၊ ရိဖတ်၊ တောဂါမ တို့ဖြစ်ကြ၏။ 4ယာဝန်၏သားများမှာ ဧလိရှာ၊ တာရှု၊ ခိတ္တိမ်၊ ဒေါဒနိမ် တို့ဖြစ်ကြ၏။ 5ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
6ဟာမ၏သားများမှာ ကုရှ၊ မိဇရိမ်#10:6 သို့မဟုတ် “အီဂျစ်”။၊ ဖုတ၊ ခါနာန် တို့ဖြစ်ကြ၏။
7ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
8ကုရှသည် သားနိမ်ရောဒကိုလည်းရ၏။ နိမ်ရောဒသည် ကမ္ဘာမြေကြီးပေါ်မှာ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။ 9သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။ 10သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။ 11သူသည် ထိုပြည်မှ အဆီးရီးယားပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊ 12နိနေဝေမြို့နှင့် ကာလမြို့ကြား၌ ကြီးမားသောမြို့ဖြစ်သည့် ရေသင်မြို့ကိုလည်းကောင်း တည်လေ၏။
13မိဇရိမ်သည် လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊ 14ပါသရုသိမ်လူမျိုးနှင့် ဖိလိတ္တိလူမျိုးဆင်းသက်လာရာ ကာသလုဟိမ်လူမျိုး၊ ကတ္တောရိမ်လူမျိုးတို့၏ဖခင်ဖြစ်၏။
15ခါနာန်မှ မွေးဖွားလာသူများမှာ သားဦး ဆီဒုန်၊ ထို့နောက် ဟေသ၊ 16ထို့ပြင် ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ 17ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊ 18အာဝဒိလူမျိုး၊ ဇေမရိလူမျိုးနှင့် ဟာမသိလူမျိုး တို့ဖြစ်ကြ၏။ ထို့နောက် ခါနာန်လူမျိုး၏မျိုးနွယ်စုများ ကွဲထွက်ပြန့်ပွားကြ၏။ 19ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
20ဤသူတို့သည် မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့နယ်မြေ၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြသော ဟာမ၏သားများဖြစ်ကြ၏။
21ရှေမသည်လည်း သားများကိုရ၏။ သူသည် ယာဖက်၏အစ်ကိုဖြစ်ပြီး ဧဗာအမျိုးသားအပေါင်းတို့၏ဖခင်ဖြစ်၏။ 22ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ တို့ဖြစ်ကြ၏။
23အာရံ၏သားများမှာ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှ တို့ဖြစ်ကြ၏။
24အာဖာဇဒ်သည် သားရှာလကိုရ၏။ ရှာလသည် သားဧဗာကိုရ၏။ 25ဧဗာသည် သားနှစ်ယောက်ရ၏။ သားတစ်ယောက်၏အမည်မှာ ဖာလက်#10:25 “ပိုင်းခြားခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဖြစ်၏။ အကြောင်းမူကား သူ့ခေတ်ကာလ၌ မြေကြီးသည် ပိုင်းခြားခြင်းခံရ၏။ သူ့ညီ၏အမည်မှာ ယုတ္တန် ဖြစ်၏။
26ယုတ္တန်သည် သား အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
27ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊
28ဩဗလ၊ အဘိမေလ၊ ရှေဘ၊
29ဩဖိရ၊ ဟဝိလ၊ ယောဗပ် တို့ကိုရ၏။ ဤသူအပေါင်းတို့သည် ယုတ္တန်၏သားများဖြစ်ကြ၏။ 30သူတို့နေထိုင်ရာအရပ်မှာ မေရှမြို့မှသည် သေဖာမြို့တစ်လျှောက်၊ အရှေ့ဘက်တောင်ပေါ်ဒေသအထိဖြစ်၏။
31ဤသူတို့သည် မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့နယ်မြေ၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြသော ရှေမ၏သားများဖြစ်ကြ၏။
32ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။
موجودہ انتخاب:
ကမ္ဘာဦးကျမ်း 10: MSBU
سرخی
شئیر
کاپی
کیا آپ جاہتے ہیں کہ آپ کی سرکیاں آپ کی devices پر محفوظ ہوں؟ Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative