YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂၁ ရက်တာအစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 2

အစာရှောင်နေစဉ်အတွင်း ယဇ်ပလ္လင်တည်၍ ဘုရားသခင်ကိုဂုဏ်ပြုသည့်ယဇ်ကို ၎င်းအပေါ်တင်လှူပူဇော်ပါ။ ထိုသို့ပြုနိုင်ရန် သင်၏အဆင်ပြေမှုနှင့် သက်သောင့်သက်သာရှိမှုတို့ကို သင်ရင်းရမည့်အပြင် ပြင်းပြသောစိတ်စွမ်းအားနှင့် ကတိကဝတ်ပြုခြင်းတို့ရှိဖို့လည်း လိုအပ်ပါသည်။ အစာရှောင်နေစဉ်အတွင်း သင်ဘာကို တင်လှူပူဇော်မည်နည်း။ တစ်စုံတစ်ရာရင်းရသည့် တင်လှူပူဇော်ခြင်းဖြစ်ရန် အသေအချာလုပ်ပါ။ ပြုထားသောကတိကဝတ်ကို စာနှင့်ရေးထားပြီး သင့်ကတိကဝတ်ကို တာဝန်ခံနိုင်သော သူငယ်ချင်းနှင့် မျှဝေပါ။ ဘုရားသခင်သည် သင့်အား မည်သည့်အရာတင်လှူပူဇော်စေလိုသည်ကို ပြသပေးတော်မူရန် ကိုယ်တော်ထံဆုတောင်းပါ။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.